မော်ကျွန်းမှာ KTV နဲ့ မာဆတ် ဗုံးခွဲခံရတာနဲ့ ပတ်သက်လို့ လယ်သမားတွေအပါအဝင် လူ ၂၀ ဝန်းကျင် ဖမ်းခံရ

နိုဝင်ဘာ၂၆ -၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ မော်လမြိုင်ကျွန်းမြိုနယ် စော်ကဲချောင်းတံတားအနီး တာဝန်ရှိတဲ့သူတွေ ပူးပေါင်းဖွင့်ထားတဲ့ ငွေဇင်ယော် KTV နဲ့ မာဆတ် ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဒေသခံ လယ်သမားတွေ အပါအဝင်လူ အယောက် ၂၀ ဝန်းကျင်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

”KTV နဲ့ မာဆတ်ကို ရေယာဉ်အသင်း ဥက္ကဌရယ်၊ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးဝင်းဆွေနဲ့ ၁၁ အုပ်ချုပ်ရေးမှူး ဦးကျော်မောင်တို့ ပေါင်းပြီး ဖွင့်ထားတာ ၊ ၂၁ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခံရတာ ၊ ၂၂ ရက်ကနေ မနေ့က အထိ လူအယောက် ၂၀ လောက် အဖမ်းခံရတယ် ၊ သံသယနဲ့ ဖမ်းတာပါ ၊ လယ်သမားတွေပါတယ်၊ သူတို့ လက်ညိုးထိုးတဲ့သူ အကုန်ဖမ်းတာ ၊ လူတွေတော့ မသေသွားဘူး ၊ ထိခိုက်ပျက်စီးတာတွေတော့ရှိတယ်” လို့ ဒေသခံတယောက်ကပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တဦးက” KTV နဲ့ မာဆတ်က မော်လမြိုင်ကျွန်းမြို့နဲ့ မလှမ်း မကမ်းမှာဖွင့်ထားတာ ၊ စော်ကဲချောင်းကျေးရွာအုပ်စု စော်ကဲချောင်းတံတားအနီးမှာပါ ၊ ၂၁ ရက်နေ့က အကြမ်း ဖက်သမားတွေက ဖောက်ခွဲတိုက်ခိုက်တာခံရတာ ၊ သံသယနဲ့ ဖမ်းဆီး စစ်ဆေးနေတဲ့သူတွေရှိတယ် ၊ အပြစ်မလုပ်ထားရင် ပြစ်မှုမကျူးလွန်ရင် ဘာမှ မဖြစ်ပါဘူး ။”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်ကလည်း မော်လမြိုင်ကျွန်း
မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ခင်မောင်ကြည် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံ လူ အယောက် ၂၀ ထက်မနည်း အဖမ်းခံထားရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင်ကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW