ထိုင်၀မ် ဒေသန္တရရွေးကောက်ပွဲတွေမှာ ဒီပီပီပါတီ ရှုံးနိမ့်မှုကြောင့် သမ္မတဆိုင်အင်း၀မ် ပါတီအကြီးအကဲကနေနူတ်ထွက်

တိုင်ပေ၊ နို၀င်ဘာ-၂၇-၂၀၂၂
မျိုးဆက်(VOM)

ထိုင်၀မ်ဒေသန္တရ ရွေးကောက်ပွဲတွေမှာ ထိုင်၀မ်ဒီမိုကရက်တိုးတက်ရေးပါတီပါတီ (ဒီပီပီ)ရှုံးနိမ့်မှုကြောင့် သမ္မတဆိုင်အင်း၀မ်ဟာ ပါတီအကြီးအကဲအဖြစ်ကနေ နို၀င်ဘာ ၂၆ ရက်မှာ ချက်ချင်းနှုတ်ထွက်သွားပါတယ်။

အတိုက်အခံ ကူမင်တန်ပါတီဟာ မြို့တော်တိုင်ပေအပါအ၀င် အဓိကမဲဆန္ဒနယ်တွေမှာ အနိုင်ရရှိခဲ့ပါတယ်။ ထိုင်၀မ်ဟာ အမေရိကန်နဲ့ တရုတ်တို့အကြား အကဲဆတ်တဲ့ ပထဝီနိုငံရေး အချက်အခြာဖြစ်တာကြောင့် ထိုင်၀မ်ရွေးကောက်ပွဲတွေအပေါ် ကမ္ဘာက အာရုံစိုက်ခဲ့ကြပါတယ်။

ရွေကောက်ပွဲရလဒ် မျှော်လင့်သလိုဖြစ်မလာတဲ့ အပေါ် တာ၀န်ယူ တာ၀န်ခံမှုအဖြစ် ပါတီအကြီးအကဲအဖြစ်ကနေ ချက်ချင်းနှုတ်ထွက်ကြောင်း သမ္မတဆိုင်အင်း၀မ်က နို၀င်ဘာ ၂၆ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါပေမယ့် သူဟာ သမ္မတတာ၀န်ကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

ဒေသဆိုင်ရာ ကောင်စီ၀င်တွေနဲ့ မြို့တော်၀န်တွေကို ရွေးချယ်တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ရာဇ၀တ်မှုတိုက်ဖျက်ရေး၊ အိမ်ရာနဲ့ လူမှုဖူလုံရေးကိစ္စတွေလို ပြည်တွင်းရေးတွေသာ အဓိကလွှမ်းမိုးခဲ့ပြီး ရွေးကောက်ခံရသူတွေအနေနဲ့ တရုတ်နဲ့ပတ်သက်တဲ့ ထိုင်၀မ်ရဲ့မူဝါဒအပေါ် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါဘူး။

ထိုင်၀မ်မှာ အဓိကနိုင်ငံရေးပါတီနှစ်ခုရှိပြီး တရုတ်နဲ့ပတ်သက်ပြီး ချဉ်းကပ်ပုံကွဲပြားခြားနားပါတယ်။

ကူမင်တန်ပါတီဟာ တရုတ်လိုလားတဲ့ပါတီအဖြစ် ရှုမြင်ခံထားရပါတယ်။ အဲဒီပါတီဟာ တရုတ်နဲ့ စီးပွားရေးဆက်ဆံမှုကို ထောက်ခံအားပေးပြီး ပေါင်းစည်းရေးကို လိုလားဟန်ရှိသော်လည်း တရုတ်လိုလားတဲ့ ပါတီမဟုတ်ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW