ရခိုင်ပြည် သာယာငြိမ်းချမ်းရေး အမှန်တကယ်ရှေးရှုကြပြီလား

နိုဝင်ဘာ ၂၇-၂၀၂၂ SW (VOM) လက်ရှိ နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်တဲ့ကာလမှာ နိုင်ငံတဝန်းပြည်သူတွေဟာ စိုးရိမ်ကြောင့်ကြမှုများစွာနဲ့ ရှင်သန်နေကြရတာနည်းတူ ရခိုင်ပြည်သူတွေဟာလည်း နေ့စဉ်နဲ့အမျှ မိမိတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရချိန် တဖက်မှာလည်း တပ်နဲ့ အေအေကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်လိုက်ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်နဲ့ အေအေတို့ကြား တကျော့ပြန် စစ်ရေးပဋိပက္ခရပ်တွေ နှစ်ဖက်ဆွေးနွေးပြီး အပစ်ရပ်လိုက်တယ်လို့ နှစ်ဖက်လုံးက အတည်ပြုပြောဆိုကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး မြေပြင်မှာ နှစ်ဖက်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိတော့ဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “ကျနော်ပြောနိုင်တာကတော့ အေအေနဲ့ ညှိနှိုင်းဆွေးနွေးမှုများရှိပါတယ်။ လွန်ခဲ့တဲ့ လေးရက်လောက်ကစပြီး မြေပြင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ ဘယ်သူတွေနဲ့ ဆွေးနွေးလဲဆိုတာလည်း ပြောလို့မရပါဘူး။ သဘောတော့တူပြီးသား အဲ့ဒါလည်း တရားဝင်ကျနော်ပြောလို့ မရဘူး”လို့ ​ပြောပါတယ်။ အဲဒီလို…

Read More

မုံရွာမှာ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ့ရှိမှု လပေါင်း ၂၀ အတွင်း တစ်ရာကျော်ရှိ

နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မြို့ပေါ်မှာရှိတဲ့ လူနေရပ်ကွက် ၃၁ ရပ်ကွက်ထဲမှာ အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသွားရတဲ့ ပိုင်ရှင်မဲ့ လူသေ ရုပ်အလောင်း တစ်ရာကျော်ကို ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်အတွင်းမှာ မုံရွာမြို့ခံ လူမှုကူညီရေးအသင်းအဖွဲ့တွေက မြေမြုပ်သဂြိုလ်ပေးခဲ့ရတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၂၀၂၁ မတ်လကနေ ဒီနှစ် နိုဝင်ဘာ ၂၇ အထိ ပိုင်ရှင်မဲ့ ရုပ်အလောင်း တစ်ရာကျော်ကို မြေမြုပ်သဂြိုလ်ပေးခဲ့ရတယ် ၊ သေဆုံးသူတွေဟာ မိုင်းစထိမှန်ဒဏ်ရာ ၊ ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၊ ဓားဒဏ်ရာကြောင့် ထိုးသွင်း ပြတ်ရှ ဒဏ်ရာတွေ အများစုပါဝင်တယ် ၊ အဲ့ဒီထဲမှာ အရိုးကျနေပြီဖြစ်တဲ့…

Read More

တရုတ်မှာ ကိုဗစ်ကန့်သတ်ချက်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေ

ပေကျင်း၊ နို၀င်ဘာ-၂၇-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံ ရှင်ကျန်းဒေသ အမ်ချီမြို့ရှိ လော့ခ်ဒေါင်းချထားတဲ့ တိုက်ခန်းတွဲတခုမှာ လူ ၁၀ ဦးသေဆုံးစေခဲ့တဲ့ မီးလောင်မှုဖြစ်ပွားပြီးနောက် ကိုဗစ်-၁၉ ကန့်သတ်ချက်တွေအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာပါတယ်။ မီးလောင်မှုဖြစ်ပွားခြင်းအတွက် လူနေအဆောက်အအုံတွေကို လော့ခ်ဒေါင်းချထားတဲ့ အပေါ် လူအများအပြားက ပြစ်တင်ပြောဆိုနေကြပြီး တရုတ်အာဏာပိုင်တွေကတော့ ဒါကြောင့်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ အမ်ချီမြို့အာဏာပိုင်တွေက မီးလောင်မှုနဲ့ပတ်သက်ပြီး နို၀င်ဘာ ၂၆ ရက်နှောင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ တောင်းပန်စာတခုထုတ်ပြန်ခဲ့ပေမယ့် ကန့်သတ်ချက်တွေကို မလိုက်နာရင် အရေးယူမယ်လို့ ဆိုပါတယ်။ ကိုဗစ်ကန့်သတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်မှုအဖြစ် ရှန်ဟိုင်းမှာလည်း လူထောင်ပေါင်းများစွာဟာ နို၀င်ဘာ ၂၆ ရက်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး သမ္မတရှီကျင်းပင် ရာထူးနှုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ မြို့တော်ပေကျင်းမှာလည်း ကိုဗစ်ကန့်သတ်ချက်တွေအပေါ် နို၀င်ဘာ ၂၆ ရက်မှာ ဆန္ဒပြမှု အချို့ရှိဖြစ်ပွားခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ သမ္မတကို တိုက်ရိုက်ဝေဖန်မှုအတွက် ပြင်းထန်တဲ့ပစ်ဒဏ်တွေ ချမှတ်နိုင်တဲ့…

Read More

ပုလောမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဓားပြတိုက်ခံရ

နိုဝင်ဘာ ၂၇ ၊ ၂၀၂၂ SP( VOM) တနင်္သာရီတိုင်း ၊ ပုလောမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သီရိလမ်းမှာနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်ဟာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံနဲ့ ပိုက်ဆံ သိန်း ၃၀ ကျော် ပါသွားတယ်လို့ ပုလောမြို့ခံ ထွေ/အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဖြစ်စဥ်က နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဖြစ်တယ် ၊ ဓားပြတိုက်ခံရတဲ့ အုပ်ချုပ်ရေးမှူး နေအိမ်ကို မိုင်း တစ်လုံးနဲ့ ဖောက်ခွဲခံရပြီး ၊ မိုင်း ၂ လုံးထောင်ထားခဲ့တယ် ၊ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပုလောရဲစခန်းက မနေ့ နိုဝင်ဘာ ၂၆ ရက်မှာ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ် “လို့ ပုလော ထွေ/အုပ် အသိုင်းအဝိုင်းက ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး…

Read More

ထိုင်၀မ် ဒေသန္တရရွေးကောက်ပွဲတွေမှာ ဒီပီပီပါတီ ရှုံးနိမ့်မှုကြောင့် သမ္မတဆိုင်အင်း၀မ် ပါတီအကြီးအကဲကနေနူတ်ထွက်

တိုင်ပေ၊ နို၀င်ဘာ-၂၇-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်ဒေသန္တရ ရွေးကောက်ပွဲတွေမှာ ထိုင်၀မ်ဒီမိုကရက်တိုးတက်ရေးပါတီပါတီ (ဒီပီပီ)ရှုံးနိမ့်မှုကြောင့် သမ္မတဆိုင်အင်း၀မ်ဟာ ပါတီအကြီးအကဲအဖြစ်ကနေ နို၀င်ဘာ ၂၆ ရက်မှာ ချက်ချင်းနှုတ်ထွက်သွားပါတယ်။ အတိုက်အခံ ကူမင်တန်ပါတီဟာ မြို့တော်တိုင်ပေအပါအ၀င် အဓိကမဲဆန္ဒနယ်တွေမှာ အနိုင်ရရှိခဲ့ပါတယ်။ ထိုင်၀မ်ဟာ အမေရိကန်နဲ့ တရုတ်တို့အကြား အကဲဆတ်တဲ့ ပထဝီနိုငံရေး အချက်အခြာဖြစ်တာကြောင့် ထိုင်၀မ်ရွေးကောက်ပွဲတွေအပေါ် ကမ္ဘာက အာရုံစိုက်ခဲ့ကြပါတယ်။ ရွေကောက်ပွဲရလဒ် မျှော်လင့်သလိုဖြစ်မလာတဲ့ အပေါ် တာ၀န်ယူ တာ၀န်ခံမှုအဖြစ် ပါတီအကြီးအကဲအဖြစ်ကနေ ချက်ချင်းနှုတ်ထွက်ကြောင်း သမ္မတဆိုင်အင်း၀မ်က နို၀င်ဘာ ၂၆ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့် သူဟာ သမ္မတတာ၀န်ကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ဒေသဆိုင်ရာ ကောင်စီ၀င်တွေနဲ့ မြို့တော်၀န်တွေကို ရွေးချယ်တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ရာဇ၀တ်မှုတိုက်ဖျက်ရေး၊ အိမ်ရာနဲ့ လူမှုဖူလုံရေးကိစ္စတွေလို ပြည်တွင်းရေးတွေသာ အဓိကလွှမ်းမိုးခဲ့ပြီး ရွေးကောက်ခံရသူတွေအနေနဲ့ တရုတ်နဲ့ပတ်သက်တဲ့ ထိုင်၀မ်ရဲ့မူဝါဒအပေါ် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါဘူး။ ထိုင်၀မ်မှာ…

Read More

ပခုက္ကူမှာ ဆိုင်ကယ်၂ ယောက် မစီးရ အမိန့်ထုတ်ပြီးနောက် ပစ်ခတ်ခံရသူ ၃ ဦးနဲ့ ဖမ်းခံရသူ ၅၀ ကျော်ရှိ

နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း ၊ နိုဝင်ဘာ ၂၅ ရက်က ဆိုင်ကယ် ၂ ယောက်ပိုး မစီးရဆိုတာနဲ့ ဆိုင်ကယ် စီးနင်းသွားလာရမယ့် အချိန် သတ်မှတ် ကန့်သတ် အမိန့်ထုတ်ပြန်ပြီးနောက် မနေ့ နိုင်ဝင်ဘာ ၂၆ က ပစ်ခတ်တာနဲ့ ဖမ်းဆီးတာတွေ စတင်ပြုလုပ်လာတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်း ၆ နာရီလောက်က သာသနာ့ဗိမာန်ဘက်မှာ ရေခဲချောင်းရောင်းတဲ့ လူတဦး သတ်မှတ်ချိန် မဟုတ်ဘဲ ဆိုင်ကယ်စီးလာလို့ အပစ်ခံရတယ် ၊ အဲ့ဒီနောက် အမှတ် ၁၊ ရွှေချောင်းအဝိုင်းနားမှာ ၂ ယောက်ပိုးစီးလာတာတဲ့ အမျိုးသမီး ၂ ဦး ပစ်ခံရပြန်တယ် ၊ သူတို့ ၃…

Read More

ပို့ကုန်ရငွေ ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ်ရဲ့ ရော်ဘာအရောင်းအဝယ်အားလုံးနီးပါး ရပ်တန့်နေ

နိုဝင်ဘာ ၂၇ – ၂၀၂၂ SN (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ပို့ကုန်ရငွေနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ်ရဲ့ ရော်ဘာအရောင်းအဝယ် အားလုံးနီးပါး ရပ်တန့်နေတယ်လို့ ရော်ဘာလုပ်ငန်းရှင်များထံက သိရပါတယ်။ ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်တင်ပို့ခြင်းကရရှိတဲ့ ပို့ကုန်ရငွေပမာဏအနက်မှ ၆၅ ရာခိုင်နှုန်းကို အလုပ်လုပ်ရက် ၁ ရက်တာအတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမှာဖြစ်‌ပြီး ကျန်ရှိတဲ့ ၃၅ ရာခိုင်နှုန်းကို ၎င်းတို့ကိုယ်တိုင် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်တဲ့ တခြားသူများထံ ရောင်းချခြင်းနဲ့ AD လိုင်စင်ရဘဏ်များထံ ရောင်းချနိုင်တယ်လို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီညွှန်ကြားချက် ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကုန်သည်တွေဘက်က ရော်ဘာဝယ်ယူမှု မရှိကြတော့တဲ့အတွက် မွန်ပြည်နယ်ရဲ့ ရော်ဘာအရောင်းအဝယ် အခြေအနေမှာ လုံးဝနီးပါး ရပ်တန့်သွားတယ်လို့ ရော်ဘာ ကုန်သည်တဦးက ပြောပါတယ်။ “ဒါကတော့ ဖြစ်မှာပဲလေ။…

Read More
VOM News

FREE
VIEW