ပုလောမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဓားပြတိုက်ခံရ

နိုဝင်ဘာ ၂၇ ၊ ၂၀၂၂
SP( VOM)

တနင်္သာရီတိုင်း ၊ ပုလောမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သီရိလမ်းမှာနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်ဟာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံနဲ့ ပိုက်ဆံ သိန်း ၃၀ ကျော် ပါသွားတယ်လို့ ပုလောမြို့ခံ ထွေ/အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဖြစ်စဥ်က နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဖြစ်တယ် ၊ ဓားပြတိုက်ခံရတဲ့ အုပ်ချုပ်ရေးမှူး နေအိမ်ကို မိုင်း တစ်လုံးနဲ့ ဖောက်ခွဲခံရပြီး ၊ မိုင်း ၂ လုံးထောင်ထားခဲ့တယ် ၊ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပုလောရဲစခန်းက မနေ့ နိုဝင်ဘာ ၂၆ ရက်မှာ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ် “လို့ ပုလော ထွေ/အုပ် အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ပုလောမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးရဲ့ နေအိမ်က အိမ်ရှေ့ သံဗာဂျာတံခါးတွေပိတ်ထားတယ် ၊ လက်နက်ကိုင်တွေကိုင်ထားတဲ့ အမည်မသိ လူ ၁၀ ယောက်လောက်ရောက်လာပြီး တံခါးဖွင့်ခိုင်းတယ် ၊ သေနတ်နဲ့ ခြိမ်းခြောက် ဖွင့်ခိုင်းတာကြောင့် အပေါက်ဖွင့်ပေးလိုက်တယ် ၊ အဲ့ဒီ အချိန်မှာ သေနတ်ကိုင်ထားသူတွေက အိမ်ထဲကိုဝင်လာပြီး ဘီရိုတွေကို ရိုက်ချိုးဖျက်ဆီးတယ် ၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၆ ကျပ်နဲ့ ၁ မတ်သား ပါသွားတယ် ၊ အဲ့ဒီအပြင် ပိုက်ဆံ သိန်း ၃၀ ကျော်လည်းပါသွားတယ် ၊ အဲ့ဒီလူတွေ အိမ်ထဲက ပြန်အထွက်မှာ မိုင်း ၂ လုံးထောင်တားခဲ့တယ် ၊ အဲ့ဒါကြောင့် လုံခြုံရေးအဖွဲ့က သက်မဲ့လုပ် ရှင်းလင်းခဲ့ရတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ဓားပြမှုဖြစ်စဥ်ကို ပုလောမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပုလောမြို့နယ်မှာ ညအချိန်ဆို သေနတ်ပစ်ခတ်သံတွေနဲ့ ပေါက်ကွဲသံတွေ မကြာခဏ ကြားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပုလောမြို့နယ်ထဲမှာ ကား ၂စီး ပစ်ခတ်ခံရလို့ သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ယောဂီ ၃ ဦး ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။

ပုံစာ- ဓားပြတိုက်ခံရတဲ့အိမ်အတွင်းမြင်ကွင်း
Photo – ပုလော ထွေ /အုပ် အသိုင်းအဝိုင်း
#voiceofmyanmar #VOM #ပုလော

Related posts

Leave a Comment

VOM News

FREE
VIEW