ဟာဝိုင်အီရှိ ကမ္ဘာ့အကြီးဆုံး မီးတောင် နှစ် ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားနေ

ဝါရှင်တန် ၊ နိုဝင်ဘာ -၂၉- ၂၀၂၂
မျိုးဆက်(VOM)

ဟာဝိုင်အီကျွန်းရှိ ကမ္ဘာ့အကြီးဆုံး မီးတောင်ဖြစ်တဲ့ Mauna Loa ဟာ နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားနေပါတယ်။

ချော်ရည်တွေ စီးဆင်းမှု အများစုဟာ မီးတောင်ထိပ်ဝအတွင်းမှာ ရှိနေပေမယ့် ဒေသံးခံတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန် ဘူမိဗေဒဌာန (USGS) က မီးတောင်ပေါက်ကွဲမှု အခြေအနေဟာ လျင်မြန်စွာ ပြောင်းလဲနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မီးတောင် ပေါက်ကွဲမှုသတိပေးချက်အဆင့်ကိုလည်း အဆင့်တိုးမြှင့်ထုတ်ပြန်ထားပါတယ်။ ဘေးလွတ်ရာ ရွှေ့ပြောင်းအမိန့်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လူနေထူထပ်သည့် နေရာများသည် ယခုအဆင့်တွင် ထိခိုက်မှု မရှိကြောင်း အရေးပေါ် တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

Mauna Loa မီးတောင်ဟာ ၁၈၄၃ ခုနှစ်ကတည်းက ၃၃ ကြိမ်ပေါက်ကွဲခဲ့ဖူးပါတယ်။ ယခင် ၁၉၈၄ ခုနှစ်မှာ ပေါက်ကွဲမှုမှာတော့ ကျွန်းရဲ့လူဦးရေအများဆုံးမြို့ဖြစ်တဲ့ ဟီလိုမှ ၅မိုင်အကွာအဝေးအတွင်း ချော်ရည်တွေ စီးဆင်းခဲ့ပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW