အာဖဂန်ရှိ ဘာသာရေးကျောင်းတကျောင်း ဗုံးပေါက်ကွဲမှု လူ ၁၇ ဦးသေဆုံး၊ ၂၆ ဦးဒဏ်ရာရ

ကဘူးလ်၊ ဒီဇင်ဘာ-၁-၂၀၂၂
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းရှိ ဘာသာရေးကျောင်းတခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၇ ဦးထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက နို၀င်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဟာ ဆာမန်ဂန်ပြည်နယ်ရှိ အေဘက်ခ်မြို့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ သေဆုံးသူတွေဟာ အသက်ကိုးနှစ်မှ ၁၅ နှစ်အရွယ် ကလေးတွေဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ ကျောင်းသားတွေဖြစ်ကြောင်း ဒေသခံဆေးရုံမှဆရာ၀န်တဦးကပြောပါတယ်။

တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဘယ်အဖွဲ့ကမှ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရသူတွေကို အေဘက်ခ်မြို့မှ ၇၄ မိုင်အကွာရှိ မာဇာအိုင်ရှာရစ်ဖ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

တိုက်ခိုက်မှုကို တာလီဘန်လုံခြုံရေးတပ်ဖွဲ့၀င်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ကျူးလွန်သူတွေကို အပြစ်ပေးသွားမယ်လို့ အာဖဂန်ပြည်ထဲရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ကဘူးလ်

Related posts

Leave a Comment

VOM News

FREE
VIEW