လောက်ကိုင်မှာ တိုက်ပွဲ ပြင်းထန်လာမယ်ဆိုတဲ့ သတင်းပျံ့နေပြီး နေရပ်ပြန်သူတွေရှိနေ

ဒီဇင်ဘာ ၆၊ ၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မှာ တပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ထိတ်လန့်စိုးရိမ်နေကြပြီး ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ အဲဒီမှာ သွားရောက် အလုပ်လုပ်ကိုင်သူတွေ နေရပ်ပြန်ကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဂိတ်ကတော့ ပုံမှန်ဈေးပဲ။ ကားတွေက မရှိတော့ ဘူးဗျ။ လောက်ကိုင်နဲ့ လားရှိုး ကားခ မှာ ပုံမှန် ဈေး ၅ သောင်း ဖြစ်ပြီး လက်ရှိမှာလည်း ဂိတ်ကတော့ ပုံမှန်ဈေးပါပဲ၊ တခြား အပြင်မှာ ပေါက်ဈေးတော့ မသိဘူး”လို့ ကားဂိတ် ဝန်ထမ်း ၁ ဦး က ပြောပါတယ်။

လောက်ကိုင်မှာ အလုပ်လုပ်ကိုင်နေသူ လူငယ် အမျိုးသမီး တဦးကတော့ “အခုတော့ ဘာမှ မဖြစ်ပါဘူး။ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့တော့ ပြောနေကြတာပဲ။ ပြန်တဲ့သူတွေလည်း ပြန်၊ လာတဲ့သူတွေလည်း လာနေကြတာပဲ”လို့ ပြောပါတယ်။

“ဘာမှမဖြစ်ပါဘူး။ ပြောတော့ပြောနေကြတာပဲ။ သွားလို့ လာလို့ ရပါတယ်။”လို့ ချင်းရွှေဟော်မှ အစိုးရဝန်ထမ်း ၁ ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းမှာတော့ ချင်းရွှေဟော်အနီး နမ့်ဖာ ဆိုတဲ့ တောင်ကြောဘက်မှာ တပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ကိုးကန့် သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဒေသခံတွေနဲ့ တခြားနေရပ်ဒေသက အလုပ်လာရောက် လုပ်ကိုင်သူတွေက ၂၀၁၅ ကလို တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်နေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #လောက်ကိုင်

Related posts

Leave a Comment

VOM News

FREE
VIEW