ဇန်နဝါရီ ၃ – ၂၀၂၃
GG (VOM)
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာနိုင်ငံဘက်ကနေ တင်ပို့ဖို့ကျန်နေတဲ့ ဆန်တန်ချိန် ၄၀၀၀၀ နီးပါးကို အခု ဇန်နဝါရီလထဲမှာ အပြီး တင်ပို့သွားမယ်လို့ စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
တင်ပို့ဖို့ကျန်နေတဲ့ ဆန်တွေကို ရန်ကုန်ဆူးလေဆိပ်ကမ်း နဲ့ ရွှေပြည်သာမြို့နယ် ရွှေမဲဆိပ်ကမ်း ၊ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းနဲ့ စစ်တွေဆိပ်ကမ်းတွေကနေ တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။
” ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံ G to G စာချုပ်အရ ဆန်တန်ချိန် နှစ်သိန်းပို့ရမှာပေါ့။ အဲ့ဒါကို ကျန်တဲ့ အခုလ ၁၅ ရက်အတွင်း အပြီးပို့ဖို့လုပ်နေတယ်။နောက်ကျရင်တောင် အလွန်ဆုံး အခုလ အပြီးပို့မှာပါ။ “လို့ စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန် တန်ချိန် ၁၆၀၀၀၀ ကျော်တင်ပို့ထားပြီး ပြည်ပကိုအဓိကတင်ပို့နေတာက ပြည်တွင်း စပါးစိုက်ပျိုးမှုကနေ ထွက်ရှိတဲ့ ပိုလျှံတဲ့ဆန်တွေကို အဓိကသန့်စင်ပြီး တ င်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေးထိုးခဲ့တဲ့ ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ MOU အရ ဘင်္ဂလားဒေ့ရှ်ကို နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀)ထိနဲ့ ပေါင်းဆန် တန်ချိန် (၅၀၀၀၀)ထိကို ၂၀၂၂ ခုနှစ်ကစပြီး ၂၀၂၇ ခုနှစ်အထိ တင်ပို့ရောင်းချနိုင်မှာဖြစ်ပါတယ်။
အဲ့ဒီ MOU အရ မြန်မာနိုင်ငံ Myanmar Rice Federation – MRF နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Directorate General of Food က ဧည့်မထ ၅ မတ်တန်းမြင့်ဆန် တန်ချိန် ၂၀၀၀၀၀ တင်ပို့ဖို့ အရောင်းစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မနက်ဖြန် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရန်ကုန် ဆူးလေဆိပ်ကမ်းကနေ သင်္ဘော၂စီးနဲ့ ဆန်တင်ပို့မှာဖြစ်တယ်လို့ သိကပါတယ်။
#voiceofmyanmar #VOM #မြန်မာ #ဘင်္ဂလားဒေရှ့် #ဆန်တင်ပို့မှု