လှိုင်မြို့နယ်က ရွှေဝါဆပ်ပြာစက်ရုံရဲ့ ဒုအထွေထွေမန်နေဂျာ ဗိုလ်ကြီးဟောင်းဆိုသူ အသတ်ခံရ

ဇန်နဝါရီ ၃၀ – ၂၀၂၃ GG(VOM) ရန်ကုန်၊လှိုင်မြို့နယ်က ရွှေဝါဆပ်ပြာစက်ရုံရဲ့ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုးဆိုသူ ဒီနေ့ဇန်နဝါရီလ ၃၀ ရက်နေ့မနက်အစောပိုင်းက သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဦးမြင့်စိုးဟာ လှိုင်မြို့နယ်၊(၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ရတနာမွန်အိမ်ယာ၊ တိုက် 3/Aရှေ့မှာ ​စားစရာဝယ်နေစဥ် အနီးကပ် သေနတ်နဲ့ပစ်ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ ” အခုမနက် ၆ နာရီခွဲလောက်မှာ သူက မနက်စာစားဖို့ အသုပ်ဆင်းဝယ်တဲ့အချိန် အပစ်ခံရတာလို့သိရတယ် ၊ပစ်သွားတဲ့သူတွေက စက်ဘီးနဲ့လာပြီးပစ်တာလို့သိရတယ်၊ မျက်နာကို ထိသွားတာ ၊သေသွားပြီ ” လို့ လှိုင်မြို့နယ်နေထိုင်သူတဦးက ပြောပါတယ်။ ရွှေဝါဆပ်ပြာစက်ရုံမှ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုးဟာ အသက် ၆၂ နှစ်အရွယ်ဖြစ်ပြီး ဗိုလ်ကြီးဟောင်းတဦးလည်းဖြစ်တယ်လို့သိရပါတယ်။ ဦးမြင့်စိုးဟာ လှိုင်မြို့နယ်အတွင်း ကျူးကျော် နေအိမ်တွေကို ဖယ်ရှားမှုမှာ လုံခြုံရေးတပ်တွေနဲ့အတူပူးပေါင်းဆောင်ရွက်တာတွေကြောင့် အခုလိုအသတ်ံခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပေမယ့် VOMအနေနဲ့ ဘာကြောင့်အသတ်ခံရသလဲဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ လက်ရှိမှာတော့…

Read More

နေတိုးအဖွဲ့ထဲ ဖင်လန်၀င်တာကို သဘောတူပေမယ့် ဆွီဒင်ကို လက်မခံကြောင်း တူရကီသမ္မတပြော

အန်ကာရာ၊ ဇန်နဝါရီ-၃၀-၂၀၂၃ မျိုးဆက်(VOM) နေတိုးအဖွဲ့ထဲ ဖင်လန်၀င်ရောက်ခြင်းကို တူရကီအနေနဲ့ လက်ခံပေမယ့် ဆွီဒင်၀င်ရောက်လာမှာကိုတော့ သဘောမတူကြောင်း တူရကီသမ္မတအာဒိုဂန်က ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နော်ဒစ်နိုင်ငံတွေဖြစ်တဲ့ ဖန်လန်နဲ့ ဆွီဒင်တို့ကို နေတိုးအဖွဲ့၀င်အဖြစ် လက်ခံရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို တူရကီက ဆိုင်းငံ့ထားပြီးနောက် ရက်ပိုင်းအကြာမှာ တူရကီသမ္မတက အခုလို မှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ ကာ့ဒ်စစ်သွေးကြွတွေနဲ့ ဆက်နွယ်သူတွေ တူရကီအစိုးရကို ဝေဖန်သူတွေကို လွှဲပြောင်းပေးဖို့ တူရကီရဲ့ တောင်းဆိုမှုကို ဆွီဒင်ကငြင်းဆိုမှုအပေါ် သမ္မတအာဒိုဂန်က ဝေဖန်ပြောဆိုထားပါတယ်။ နေတိုးအဖွဲ့ကို ၀င်ရောက်လိုပါက ဆွီဒင်အနေနဲ့ အကြမ်းဖက်သမားတွေကို တူရကီထံလွှဲပြောင်းပေးအပ်ရန်လိုကြောင်း တူရကီသမ္မတက အာဒိုဂန်ကပြောပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်နဲ့ဖင်လန်တို့ဟာ နေတိုးအဖွဲ့သို့၀င်ရောက်ရန် လွန်ခဲ့တဲ့နှစ်ကလျှောက်ထားခဲ့ပြီး ဆယ်စုနှစ်များစွာ စစ်ရေးအရကြားနေမှုကို အဆုံးသတ်ခဲ့ပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #အန်ကာရာ

Read More

ဆားလင်းကြီးမြို့နယ် စက်မှုလယ်ယာရုံး မီးလောင်

ဇန်နဝါရီ၊ ၃၀ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ မြိ​နယ် စက်မှုလယ်ယာ ရုံး အဆောက်ဦးဟာ မနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းက မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဌာနက သိရပါတယ်။ ” မနေ့က နေ့လယ် ၁ နာရီဝန်းကျင်မှာ မီးစတင်လောင်တယ် ၊ မီးအမျိုးအစားက ရှို့မီးဖြစ်တယ် ၊ ရုံး အဆောက်အဦနဲ့ ပရိဘောဂတွေ လောင်သွားတယ် ” လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ အဲံဒီ မီးလောင်တယ်ဆိုတဲ့ စက်မှုလယ်ယာရုံးက လယ်ထွန်စက်တွေ ၊ ရုံးကားတွေ ၊ နောက်ဆွဲယာဥ်တွေနဲ့ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းက အကြိမ်ကြိမ်…

Read More

ဖားကန့်မှာ လုပ်ကွက်ဟောင်း ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ ၄ ယောက်သေဆုံး

ဇန်နဝါရီ ၃၀ – ၂၀၂၃ GG(VOM) ကချင်ပြည််နယ် ၊ ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာအနီးက လုပ်ကွက်ဟောင်းတခု ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၄ ယောက် သေဆုံးမှု ဒီနေ့ ဇန်နဝါရီ ၃၀ရက် မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ” အဲဗားကျောက်စိမ်းကုမ္မဏီလုပ်ကွက်ဟောင်းထဲ ကမ်းပါးပြိုကျတာ ၊မနက် ၉ နာရီလောက်မှာဖြစ်တာလို့သိရတယ်၊အလောင်းတွေက မြေစာထဲက သယ်ယူထုတ်ရတယ် ၊ ဒါက အခုနှစ်မှာပထမဆုံးဖြစ်စဥ်ပေ့ါ”လို့ ဒေသခံ တဦးကပြောပါတယ်။ သေဆုံးသူ ၄ ယောက်ဟာ ရခိုင်လူမျိုးတွေဖြစ်ပြီး ပေကျင်းတူးနေချိန် ကမ်းပါးပြိုကျခဲ့တာကြောင့် မြေစာတွေပိကာ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ဖားကန့်မြို့နယ်မှာ စွန့်ပစ်မြေစာပုံပြိုကျခဲ့လို့ ၁၀ ဦးထက်မနည်း ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ နောက်ပြီး၂၀၂၁ ခုနှစ်အတွင်းမှာလည်း မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးတာရှိသလို ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းကလည်း ဇူလိုင်၂…

Read More

ပါကစ္စတန်မှာ ဘတ်စ်ကားတစီး ချောက်ထဲကို တိမ်းမှောက်မီးလောင်မှု လူ ၄၀ ကျော်သေဆုံး

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၃၀-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံမှာ ဘတ်စ်ကားတစီးချောက်ထဲကိုတိမ်းမှောက်ပြီး မီးလောင်မှုကြောင့် လူ ၄၀ ကျော် သေဆုံးသွားကြောင်း တာ၀န်ရှိသူများက ဇန်နဝါရီ ၂၉ ရက်မှာပြောပါတယ်။ နိုင်ငံအနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ လူ ၄၀ ဦး အခင်းဖြစ်ရာမှာသေဆုံးပြီး ဒဏ်ရာရသူတဦးကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။ ဘတ်စ်ကားဟာ တောင်ပိုင်းဘယ်လာမြို့ကနေ ကရာချိသို့ လာရောက်စဉ် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရရှိသူသုံးဦးနဲ့ အတူ ရုပ်အလောင်း ၄၀ ကျော်ကိုတွေ့ရှိခဲ့ရပြီး အလောင်းများကို ဘယ်သူဘယ်ဝါ မခွဲခြားနိုင်သေးကြောင်းနဲ့ ဒီအင်န်အေ စစ်ဆေးကာ ဖော်ထုတ်သွားမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဘတ်စ်ကားဟာ ချောက်ထဲသို့မကျမီ တံတားလက်ရန်းတိုင်ကို ၀င်တိုက်မီခဲ့ပြီး ယာဉ်မတော်တဆဖြစ်ပွားရတဲ့ အသေးစိတ်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် အလားတူနေ့မှာပဲ နိုင်ငံအနောက်မြောက်ပိုင်းမှာလည်း စက်လှေတစ်စင်း နစ်မြုပ်မှုကြောင့် ကလေး ၁၀ ဦးထက်မနည်း သေဆုံးသွားပါတယ်။…

Read More

ထိုင်းနိုင်ငံ IDC မှာ ဆန္ဒပြခဲ့တဲ့ ထိန်းသိမ်းခံ မြန်မာလုပ်သားတွေ အိမ်ပြန်ခွင့်ရပြီ

ဇန်နဝါရီ ၃၀ – ၂၀၂၃ GG(VOM) မြန်မာနိုင်ငံကို ပြန်လိုကြောင်း ဆန္ဒပြခဲ့ကြတဲ့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်း (IDC)မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ပေးဖို့ ညှိနိူင်းမှုအဆင်ပြေခဲ့တယ်လို့ ဘန်ကောက် မြန်မာနိုင်ငံဆိုင်ရာသံရုံးက ဒီနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ရှိကြောင်း ၊ အားလုံးကို ဖေဖော်ဝါရီလထဲမှာ ၃ သုတ်ခွဲပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ” သူတို့ပြန်ချင်ကြတယ် ဒါကြောင့်ဆန္ဒပြကြတယ် နေရတာက လူရာကျော်ကို အခန်းကသေးတော့ ကြပ်နေတယ်၊ အဲ့ဒီတော့ဆန္ဒပြကြတာ ဒီတော့မှ သတင်းတွေပေါ်ရောက်၊သံရုံးက ဂရုစိုက်ပြီး အခုတော့ သူတို့အကုန် အိမ်ပြန်ခွင့်ရကြပြီပေါ့။ ၃ ကြိမ်ခွဲပြီးပြန်ပို့မယ်လို့သိရတယ် “လို့ ထိုင်းနိုင်ငံမှာ အလုပ်သမားအရေးကူညီပေးနေသူ ကိုမျိုးဇော်မင်းက ပြောပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လာမယ့်ဖေဖော်ဝါရီ၂ ရက်နေ့မှာ ပထမဆုံးအဖြစ်…

Read More

အမေရိကန်နဲ့ ရုရှား မဟာဗျူဟာမြောက်နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ် အဆုံးသတ်ဖွယ်ရှိ

မော်စကို၊ ဇန်နဝါရီ-၃၀-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နဲ့ချုပ်ဆိုထားတဲ့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်ထိန်းချုပ်ရေး စာချုပ် New START ဟာ ၂၀၂၆ ခုနှစ်မှာ အဆုံးသတ်သွားဖွယ်ရှိတယ်လို့ ရုရှားလက်ထောက်နိုင်ငံခြားရေး၀န်ကြီးက ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီလိုအဆုံးသတ်သွားမယ့်အခြေအနေဟာ အတော်လေးဖြစ်နိုင်ခြေရှိတယ်လို့ ရုရှားလက်ထောက်နိုင်ငံခြားရေး၀န်ကြီး ဆာဂီရိုက်ကော့ဗ်က အာအိုင်အေသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးမယ့် မဟာဗျူဟာမြောက် နျူကလီးယား လက်နက်ထိန်းချုပ်ရေးစာချုပ်အရ စစ်ဆေးမှုပြန်လည်စတင်ခြင်းဆိုင်ရာ အမေရိကန်-ရုရှားဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် နို၀င်ဘာလမှာ ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီစာချုပ်ကို သက်တမ်းတိုးရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြားဆွေးနွေးပွဲသစ် အချိန်ကာလကို နှစ်နိုင်ငံအကြား သဘောတူခြင်းမရှိသေးပါဘူး။ လက်ရှိမှာတော့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ရုရှားတို့အကြား တင်းမာမှုတွေမြင့်တက်နေပြီး အမေရိကန်၊ ဂျာမနီနဲ့ ပိုလန်တို့က ယူကရိန်းအတွက် အဆင့်မြင့်တင့်ကားတွေ ထောက်ပံ့ပေးဖို့ သဘောတူထားပါတယ်။ Ref: Reuters…

Read More

အနီးနဲ့ အဝေး၊ အဝေးနဲ့ အနီး

ဆူးငှက် သင်္ဘောကြီးက သာယာသော ပင်လယ်ပြင်တွင် ခုတ်မောင်းနေစဉ် အထက်တန်း ကုန်းပတ်ပေါ်၌ ခပ်ချောချော ဂိုက်ဆိုက်ကောင်းကောင်း ကပြားမတစ်ဦး လမ်းလျှောက်နေသည်။ (အင်္ဂလိပ်နှင့် ဘာနှင့် စပ်ကျသော ကပြားမှန်းတော့ မသိပါ) ကျွန်တော်နှင့် ဆရာကြီးတို့က မနီးမဝေးတွင် ပက်လက်ကုလားထိုင်နှင့်ထိုင်ကာ အချင်းချင်း စကားစမြည် ပြောနေကြသည်။ သင်္ဘောပေါ်တွင် မိန်းမမြင်လျှင် အရောတဝင်လုပ်ကာ ပိုးပန်းလိုသော အိန္ဒိယတိုင်းသား ဆရာဝန် တစ်ယောက် ပါလာသည်။ သူကလမ်းလျှောက်နေသော ကပြားမနောက်မှ လိုက်လံနူတ်ဆက်စကားဆိုရာ ကပြားမက စကားတစ်ခွန်း တုံ့ပြန်ပြီး လမ်းလျှာက်မြဲ ဆက်လျှောက်သွားသည်ကို ကျွန်တော်တို့ မြင်နေကြ၏။ ဆရာကြီးက ရယ်သံတစ်ဝက်နှင့်… ” ဟေ့…သိန်းဖေ ကြားလိုက်လား။ သူတို့ ဘာတွေပြောနေကြသလဲ” ကျွန်တော်… ” ကောင်းကောင်းမကြားလိုက်ဘူးဗျ ဟဲဟဲ..” ဆရာဝန်က နူတ်ဆက်ပြီး “လမ်းလျှောက်နေပါသလားလို့ မေးလိုက်တယ်။” အမျိုးသမီးက ” ဟုတ်တယ်။ ဆရာဝန်တွေ…

Read More

ရေး – သံဖြူဇရပ်လမ်းမှာ ခရီးသည်တင်ကားနဲ့ ပရိုဘောက်ကား တိုက်မိပြီး ပရိုဘောက်ပေါ်ပါတဲ့ လူ ၅ ယောက်သေဆုံး

ဇန်နဝါရီ ၂၈ – ၂၀၂၃ VOM (GG) မွန်ပြည်နယ်၊ သံဖြူဇရပ် – ရေးကားလမ်းမကြီး၊ ကနင်ကမော့ကျေးရွာနဲ့ အောင်သာယာရွာအကြားမှာ ခရီးသည်တင် express ကားနဲ့ ပရိုဘောက်ကား တိုက်မိပြီး ကလေးတဦးအပါအဝင် လူ၅ယောက်သေဆုံးမှု မနေ့ ဇန်နဝါရီ၂၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယာဥ်တိုက်မှုကြောင့် သေဆုံးသူတွေက ပရိုဘောက်ယာဥ်ပေါ်ပါသူ အမျိုးသား ၂၊ အမျိုးသမီး ၂ ၊ကလေးငယ် ၁ ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ ” ဘယ်လိုတိုက်လဲတော့ သေချာမသိဘူး ၊အကြောင်းကြားလို့သွားခဲ့တယ်၊ယောကျ်ားလေး ၂ ယောက်၊မိန်းကလေး ၂ယောက်၊ ကလေးက တယောက်ပါသေတယ်၊ ပရိုဘောက်ပေါ်ကပေါ့။ ပရိုဘောက်ကားက လမိုင်းကနေထွက်လာတဲ့ကားလို့ဘသိရတယ်။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေဟင်္သာလူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ သေဆုံးသူ ၅ ယောက်ထဲမှာ ကားထဲညှပ်နေသူတွေရှိလို့ ပရဟိတအသင်းတွေစုပေါင်းပြီး စွဲထုတ်ခဲ့ရကြောင်း၊ ညကတည်းက အလောင်းတွေကို လမိုင်းဆေးရုံ…

Read More

လားရှိးမြို့က စက်မှုအထက်တန်းကျောင်းမှာ ရေကန်ဆင်းဆယ်ရာကနေ ပြုတ်ကျပြီး အမျိုးသား (၂) ဦး သေ ၊(၂)ဦး ဒဏ်ရာရ

ဇန်နဝါရီ ၊ ၂၈ -၂၀၂၃ SP (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ စက်မှုအထက်တန်းကျောင်းဝင်းထဲက ရေကန်ကို မနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ဆင်းဆယ်ရာကနေ ရေကန်အောက်မှာရှိတဲ့ Ground Tank အတွင်း ပြုတ်ကျပြီး အမျိုးသား (၂) ဦး သေဆုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “စက်မှုအထက်တန်းကျောင်းဝင်းထဲက ရေကန်ကို အမျိုးသား ၄ ယောက်က ကန်ဆင်းဆယ်တယ် ၊ အဲ့ဒီမှာ Ground Tank ထဲကို ပြုတ်ကျတယ် ၊ ၂ ဦးကတော့ အသက်ရှင်လျက်နဲ့ ကယ်ဆယ်နိုင်ခဲ့တယ် ၊ ကျန် ၂ ဦးကတော့ သေဆုံးသွားတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ အဲ့ဒီ သေဆုံး…

Read More
VOM News

FREE
VIEW