လားရှိးမြို့က စက်မှုအထက်တန်းကျောင်းမှာ ရေကန်ဆင်းဆယ်ရာကနေ ပြုတ်ကျပြီး အမျိုးသား (၂) ဦး သေ ၊(၂)ဦး ဒဏ်ရာရ

ဇန်နဝါရီ ၊ ၂၈ -၂၀၂၃
SP (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ စက်မှုအထက်တန်းကျောင်းဝင်းထဲက ရေကန်ကို မနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ဆင်းဆယ်ရာကနေ ရေကန်အောက်မှာရှိတဲ့ Ground Tank အတွင်း ပြုတ်ကျပြီး အမျိုးသား (၂) ဦး သေဆုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“စက်မှုအထက်တန်းကျောင်းဝင်းထဲက ရေကန်ကို အမျိုးသား ၄ ယောက်က ကန်ဆင်းဆယ်တယ် ၊ အဲ့ဒီမှာ Ground Tank ထဲကို ပြုတ်ကျတယ် ၊ ၂ ဦးကတော့ အသက်ရှင်လျက်နဲ့ ကယ်ဆယ်နိုင်ခဲ့တယ် ၊ ကျန် ၂ ဦးကတော့ သေဆုံးသွားတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲ့ဒီ သေဆုံး ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရ လူနာ တွေကို ကြက်ခြေနီအသင်း၊ လာရှိုးလူငယ်ပရဟိတအသင်းနဲ့ ကမ္ဘောဇပရဟိတအသင်းတို့က လာရှိုးပြည်သူ့ဆေးရုံဆီ ကူညီပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

လားရှိုးမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်က မတော်တဆမှုဖြစ်စဥ်တွေနဲ့ ရာသီဥတုဒဏ်ကြောင့် သေမှုသေခင်းဖြစ်စဥ်ပေါင်း ၄၀ ထက်မနည်းဖြစ်ပွားကာ မူးယစ်ဆေးစွဲရောဂါသည် သေဆုံးသူ ၃၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Photo-လားရှိုး လူငယ် ပရဟိတ
#voiceofmyanmar #VOM #လားရှိုး

Related posts

✕
VOM News

FREE
VIEW