အနီးနဲ့ အဝေး၊ အဝေးနဲ့ အနီး

ဆူးငှက် သင်္ဘောကြီးက သာယာသော ပင်လယ်ပြင်တွင် ခုတ်မောင်းနေစဉ် အထက်တန်း ကုန်းပတ်ပေါ်၌ ခပ်ချောချော ဂိုက်ဆိုက်ကောင်းကောင်း ကပြားမတစ်ဦး လမ်းလျှောက်နေသည်။ (အင်္ဂလိပ်နှင့် ဘာနှင့် စပ်ကျသော ကပြားမှန်းတော့ မသိပါ) ကျွန်တော်နှင့် ဆရာကြီးတို့က မနီးမဝေးတွင် ပက်လက်ကုလားထိုင်နှင့်ထိုင်ကာ အချင်းချင်း စကားစမြည် ပြောနေကြသည်။ သင်္ဘောပေါ်တွင် မိန်းမမြင်လျှင် အရောတဝင်လုပ်ကာ ပိုးပန်းလိုသော အိန္ဒိယတိုင်းသား ဆရာဝန် တစ်ယောက် ပါလာသည်။ သူကလမ်းလျှောက်နေသော ကပြားမနောက်မှ လိုက်လံနူတ်ဆက်စကားဆိုရာ ကပြားမက စကားတစ်ခွန်း တုံ့ပြန်ပြီး လမ်းလျှာက်မြဲ ဆက်လျှောက်သွားသည်ကို ကျွန်တော်တို့ မြင်နေကြ၏။ ဆရာကြီးက ရယ်သံတစ်ဝက်နှင့်… ” ဟေ့…သိန်းဖေ ကြားလိုက်လား။ သူတို့ ဘာတွေပြောနေကြသလဲ” ကျွန်တော်… ” ကောင်းကောင်းမကြားလိုက်ဘူးဗျ ဟဲဟဲ..” ဆရာဝန်က နူတ်ဆက်ပြီး “လမ်းလျှောက်နေပါသလားလို့ မေးလိုက်တယ်။” အမျိုးသမီးက ” ဟုတ်တယ်။ ဆရာဝန်တွေ…

Read More

ရေး – သံဖြူဇရပ်လမ်းမှာ ခရီးသည်တင်ကားနဲ့ ပရိုဘောက်ကား တိုက်မိပြီး ပရိုဘောက်ပေါ်ပါတဲ့ လူ ၅ ယောက်သေဆုံး

ဇန်နဝါရီ ၂၈ – ၂၀၂၃ VOM (GG) မွန်ပြည်နယ်၊ သံဖြူဇရပ် – ရေးကားလမ်းမကြီး၊ ကနင်ကမော့ကျေးရွာနဲ့ အောင်သာယာရွာအကြားမှာ ခရီးသည်တင် express ကားနဲ့ ပရိုဘောက်ကား တိုက်မိပြီး ကလေးတဦးအပါအဝင် လူ၅ယောက်သေဆုံးမှု မနေ့ ဇန်နဝါရီ၂၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယာဥ်တိုက်မှုကြောင့် သေဆုံးသူတွေက ပရိုဘောက်ယာဥ်ပေါ်ပါသူ အမျိုးသား ၂၊ အမျိုးသမီး ၂ ၊ကလေးငယ် ၁ ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ ” ဘယ်လိုတိုက်လဲတော့ သေချာမသိဘူး ၊အကြောင်းကြားလို့သွားခဲ့တယ်၊ယောကျ်ားလေး ၂ ယောက်၊မိန်းကလေး ၂ယောက်၊ ကလေးက တယောက်ပါသေတယ်၊ ပရိုဘောက်ပေါ်ကပေါ့။ ပရိုဘောက်ကားက လမိုင်းကနေထွက်လာတဲ့ကားလို့ဘသိရတယ်။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေဟင်္သာလူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ သေဆုံးသူ ၅ ယောက်ထဲမှာ ကားထဲညှပ်နေသူတွေရှိလို့ ပရဟိတအသင်းတွေစုပေါင်းပြီး စွဲထုတ်ခဲ့ရကြောင်း၊ ညကတည်းက အလောင်းတွေကို လမိုင်းဆေးရုံ…

Read More

လားရှိးမြို့က စက်မှုအထက်တန်းကျောင်းမှာ ရေကန်ဆင်းဆယ်ရာကနေ ပြုတ်ကျပြီး အမျိုးသား (၂) ဦး သေ ၊(၂)ဦး ဒဏ်ရာရ

ဇန်နဝါရီ ၊ ၂၈ -၂၀၂၃ SP (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ စက်မှုအထက်တန်းကျောင်းဝင်းထဲက ရေကန်ကို မနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ဆင်းဆယ်ရာကနေ ရေကန်အောက်မှာရှိတဲ့ Ground Tank အတွင်း ပြုတ်ကျပြီး အမျိုးသား (၂) ဦး သေဆုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “စက်မှုအထက်တန်းကျောင်းဝင်းထဲက ရေကန်ကို အမျိုးသား ၄ ယောက်က ကန်ဆင်းဆယ်တယ် ၊ အဲ့ဒီမှာ Ground Tank ထဲကို ပြုတ်ကျတယ် ၊ ၂ ဦးကတော့ အသက်ရှင်လျက်နဲ့ ကယ်ဆယ်နိုင်ခဲ့တယ် ၊ ကျန် ၂ ဦးကတော့ သေဆုံးသွားတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ အဲ့ဒီ သေဆုံး…

Read More

ကြာအင်းဆိပ်ကြီးက ဒါလီချောင်းကူးတံတား ထပ်ပြီးမိုင်းခွဲခံရလို့ ခရီးသွားလာမှု ပြတ်တောက်နေ

ဇန်နဝါရီ ၂၈ – ၂၀၂၃ SN (VOM) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒါလီချောင်းကူးတံတား ဒီနေ့ ဇန်နဝါရီလ၂၈ ရက်၊ မနက်၂ နာရီဝန်းကျင်မှာ ဒုတိယအကြိမ် မိုင်းခွဲခံခဲ့ရလို့ ခရီးသွားလာမှု ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ် အဲ့ဒီ့တံတားဟာ ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွကားလမ်း မိုင်တိုင်အမှတ် 9 KM နဲ့ 10 KM ကြားတွင်တည်ရှိပြီး သံဘောင်အရှည် ၁၈၈ ပေ၊ အကျယ် ၁၆ ပေ၊ အောက်ခံသံကူ ကွန်ကရစ်အမျိုးအစား တံတားဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၆ ရက်နေ့ကလည်း ပထမအကြိမ် မိုင်းခွဲခံခဲ့ရတယ်လို့ သိရပါတယ်။ ”ဒီတံတားကို တပ်ဘက်က အများဆုံးသုံးနေတဲ့ တံတားပါ။ ဒီနေ့မနက် ၂ နာရီကျော်အချိန်လောက်က ပေါက်ကွဲသံတွေကြားလိုက်ရတာ။ မိုင်း ၃ လုံး ပေါက်ကွဲခဲ့တယ်လို့လည်း သိရတယ်။ ပြီးခဲ့တဲ့ ၂၆ ရက်နေ့၊…

Read More

ချောင်းဦးမြို့နယ် လဝက ရုံးနဲ့ ဝန်ထမ်းအိမ်ယာ မီးလောင်

ဇန်နဝါရီ ၂၈ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့၊ မုံရွာ – မန္တလေးကားဘေးမှာရှိတဲ့ မြို့နယ် လဝကရုံးနဲ့ ဝန်ထမ်းအိမ်ယာလိုင်းခန်းဟာ မနေ့ ဇန်နဝါရီ ၂၇ ရက်ညပိုင်းက မီးလောင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” မနေ့က ည ၈ နာရီဝန်းကျင်မှာ မီးလောင်တယ် ၊ ရှို့မီး အမျိုးအစားဖြစ်တယ် ၊ ရုံး အဆောက်အဦ၁ လုံးနဲ့ ၂ ခန်းတွဲ ဝန်ထမ်းအိမ်ယာ အဆောက်အဦ ၁ လုံး မီးလောင်သွားတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်ကိုင်းတိုင်း ၊ တမူး ၊ဆားလင်းကြီး ၊မြောင် ၊ မြင်းမူ ၊မုံရွာ စတဲ့မြို့တွေက လဝက ရုံးတွေနဲ့…

Read More

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်(၉)နှစ် ထပ်ချခံရ၊ စုစုပေါင်းထောင်ဒဏ်(၃၃)နှစ်ရှိလာ

ဇန်နဝါရီ ၂၈ – ၂၀၂၃ SN (VOM) ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးထွန်းထွန်းဟိန်ကို နောင်ချိုမြို့နယ်တရားရုံးက ရွေးကောက်ပွဲမသမာမှုနဲ့ စွဲဆိုထားတဲ့ ပုဒ်မ ၁၃၀ (က) အမှု ၃ မှုနဲ့ မနေ့ ဇန်နဝါရီလ ၂၇ ရက်က ထောင်ဒဏ် ၉ နှစ် ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ အမှုကို Video Conferencing နဲ့ ကြားနာပြီး ရာဇသတ်ကြီး ပုဒ်မ – ၁၃၀ (က)နဲ့ အမှု ၃ မှုစွဲခဲ့ကာ တမှုကို ၃ နှစ်စီနဲ့ စုစုပေါင်း ၉ နှစ်ချမှတ်လိုက်တာလို့ သိရပါတယ်။ ”လားရှိုးထောင်ထဲမှာပဲ Video Conferencing နဲ့…

Read More

မြန်မာ့ကမ်းလွန်မှာ ဒေါ်လာ ၂ ဘီလီယံကုန်ကျမယ့် သဘာ၀ဓါတ်ငွေ့စီမံကိန်းရပ်ဆိုင်းဖို့ ထိုင်း PTTEP ကုမ္ပဏီ ဆုံးဖြတ်

ဘန်ကောက်၊ ဇန်နဝါရီ-၂၈-၂၀၂၃ မျိုးဆက်(VOM) မြန်မာ့ကမ်းလွန်မှာ ဒေါ်လာ ၂ ဘီလီယံကုန်ကျမယ့် M3 လုပ်ကွက်ရှိ သဘာ၀ဓါတ်ငွေ့စီမံကိန်းကို ထိုင်းအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ PTTEP ကုမ္ပဏီက ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မုတ္တမပင်လယ်ကွေ့မှာရှိတဲ့ M3 လုပ်ကွက်ကနေ ထွက်ရှိမယ့် သဘာ၀ဓါတ်ငွေ့ကိုအသုံးပြုပြီး မဂ္ဂါ၀ပ် ၆၀၀ ထွက်ဓါတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းက အကဲဖြတ်ရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့် လက်ရှိမှာ ရပ်ဆိုင်းထားဖို့ PTTEP က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို ထိုင်း PTTEP ကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းနဲ့ ဂျပန်ရေနံကုမ္ပဏီ Mitsui Oil Exploration Company Limited (MOECO)က ၂၀ ရာခိုင်နှုန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ မိမိတို့ဟာ မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ သဘာ၀ဓါတ်ငွေ့ရဲ့ ထက်၀က်နဲ့ ထိုင်းနိုင်ငံမှာအသုံးပြုတဲ့ သဘာ၀ဓါတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတာဖြစ်တဲ့အတွက်…

Read More

ဟိုပင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လူ(၁)ဦးသေ၊ (၁)ဦးဒဏ်ရာရရှိ

ဇန်နဝါရီ၊၂၈-၂၀၂၃ MM(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ထဲက နန့်ရင်းရွာမှာ မနေ့ ဇန်နဝါရီ ၂၇ ရက်က လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲလို့ လူ (၁)ဦး သေဆုံးကာ (၁)ဦးဒဏ်ရာရရှိသွားခဲ့ရတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ အသက် ၁၈ နှစ် ကျော်ကျော်ရှိ မောင်စိုင်းစိုင်းဖြစ်ပြီး ဒဏ်ရရှိသူမှာ အသက် ၅၀ ဝန်းကျင်အရွယ် မိခင်ဖြစ်သူ ဒေါ်မိကြည်ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ သားအမိ ၂ ယောက်က ဟိုပင်မြို့၊နန့်ယန်းရွာသားတွေဖြစ်ပြီး လယ်ယာလုပ်ဖို့သွားတဲ့အချိန် နန့်ရင်းရွာ တံတားအနီးအရောက်မှာ လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ဒေသခံပရဟိတအဖွဲ့ဝင်တယောက်ပြောပါတယ်။ ”တံတားအနီးမှာဖြစ်တာ သူတို့က သားအမိ ၂ ယောက် လာတာပါ ၊ ကောင်လေးက တစ်ခါတည်း သေဆုံးသွားတယ်၊ အမေဖြစ်တဲ့သူကတော့ ဒဏ်ရာရရှိခဲ့တယ် ၊လယ်ထဲကို အလုပ်သွားဖို့ ထွက်လာရင် ဖြစ်သွားတာတဲ့ ၊အခုလို…

Read More

သြစတြေးလျမှာ အလွန်သေးငယ်တဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတခုပျောက်ဆုံးမှု အပူတပြင်းရှာဖွေနေ

ဆစ်ဒနီ၊ ဇန်နဝါရီ-၂၈-၂၀၂၃ မျိုးဆက်(VOM) သြစတြေးလျနိုင်ငံအနောက်ပိုင်းမှာ ရေဒီယိုသတ္တိကြွပစ္စည်းတခု ပျောက်ဆုံးနေတာကြောင့် အပူတပြင်းရှာဖွေမှုတွေ လုပ်ဆောင်နေကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ပစ္စည်းဟာ ထိတွေ့မိပါက ပြင်းထန်သောနာမကျန်းဖြစ်စေတဲ့ စီဆီယမ်-၁၃၇ ပမာဏအနည်းဖြစ်ပြီး ပျှမ်းမျှအားဖြင့် မိုင်ပေါင်း ၈၇၀ ကွာဝေးတဲ့ နယူးမန်းမြို့နဲ့ ပါ့သ်မြို့အကြားမှာ ဇန်နဝါရီ လလယ်ပိုင်းက ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ အဲဒီပစ္စည်းကို ပီလ်ဘာရာဒေသရှိ နယူးမန်းမြို့ရဲ့မြောက်ဘက် သတ္တုတွင်း ကနေ ပါ့သ်မြို့အရှေ့မြောက်ပိုင်းအကြားကို ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်း ထရပ်ကားနဲ့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ပစ္စည်း လက်နက်တခုပုံစံမျိုးမဟုတ်သော်လည်း ဓါတ်ရောင်ခြည်သင့်မှုကို ဖြစ်စေနိုင်ပြီး ကင်ဆာရောဂါကဲ့သို့သော အခြားရေရှည်အန္တရာယ်တွေဖြစ်ပွားနိုင်ကြောင်း အရေးပေါ်ဌာနက သတိပေးထားပြီး ခြောက်မီလီမီတာမှ ရှစ်မီလီမီတာအရွယ်သာရှိပါတယ်။ မ်ိမိတို့စိုးရိမ်နေတာကတော့ တစုံတဦးက ဘာပစ္စည်းမှန်းမသိဘဲ ကောက်ယူသွားမှာကိုဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ အဲဒီပစ္စည်းကို သယ်ယူပို့ဆောင်ရေးစချိနနဲ့ ပြီးဆုံးတဲ့နေရာတွေကို…

Read More

ပြည် နဲ့ ကျောက်တံခါးက ရာအိမ်မှူးနဲ့သတင်းပေးလို့နာမည်ထွက်နေသူ အသတ်ခံရ

ဇန်နဝါရီ ၂၈ -၂၀၂၃ GG(VOM) ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် နဲ့ ကျောက်တံခါးမြို့နယ်က ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူတဲ့ ရာအိမ်မှူးနဲ့ ဒေသခံတဦး အသတ်ခံရတယ်လို့ သိရပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာက ဦးလှကြိုင်ဆိုသူ နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြည်ခရိုင် ၊သဲကုန်းမြို့နယ်ကအသတ်ခံရတဲ့သူကတော့ အိုင်းကုန်းကျေးရွာက ရာအိမ်မှူး ညီဂျော်(ခ)ထွန်းထွန်းနိုင်ဆိုသူဖြစ်ပြီး မနေ့ကဇန်နဝါရီ၂၇ ရက် ညပိုင်း နေအိမ်မှာပဲ ​အသတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ ” သူကလောလောဆယ် အိမ်ထောင်စုစာရင်းတွေကောက်နေတာပေါ့ ၊ မနေ့က ညဘက်ကြီး ၁၀ နာရီကျော်လောက်မှာ အသတ်ခံရတာလို့သိရတယ် ။အခုကတော့ သက်ဆိုင်ရာရပ်ကျေးအကုန်လုံး အိမ်ထောင်စုစာရင်းတွေကောက်နေတယ်၊တချို့နေရာဆို ထပ်တိုးလူစာရင်းပဲကောက်တယ်၊တအိမ်တဆင်းကောက်တာမရှိဘူး”လို့ သဲကုန်မြို့နယ်ဒေသခံတဦးကပြောပါတယ်။ ရာအိမ်မှူးနဲ့ ဒေသခံတဦးကို သက်ဆိုင်ရာမြို့နယ်တွေဖြစ်တဲ့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ PDF တွေဘက်က…

Read More
VOM News

FREE
VIEW