မြန်မာ့ကမ်းလွန်မှာ ဒေါ်လာ ၂ ဘီလီယံကုန်ကျမယ့် သဘာ၀ဓါတ်ငွေ့စီမံကိန်းရပ်ဆိုင်းဖို့ ထိုင်း PTTEP ကုမ္ပဏီ ဆုံးဖြတ်

ဘန်ကောက်၊ ဇန်နဝါရီ-၂၈-၂၀၂၃
မျိုးဆက်(VOM)

မြန်မာ့ကမ်းလွန်မှာ ဒေါ်လာ ၂ ဘီလီယံကုန်ကျမယ့် M3 လုပ်ကွက်ရှိ သဘာ၀ဓါတ်ငွေ့စီမံကိန်းကို ထိုင်းအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ PTTEP ကုမ္ပဏီက ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မုတ္တမပင်လယ်ကွေ့မှာရှိတဲ့ M3 လုပ်ကွက်ကနေ ထွက်ရှိမယ့် သဘာ၀ဓါတ်ငွေ့ကိုအသုံးပြုပြီး မဂ္ဂါ၀ပ် ၆၀၀ ထွက်ဓါတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းက အကဲဖြတ်ရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့် လက်ရှိမှာ ရပ်ဆိုင်းထားဖို့ PTTEP က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို ထိုင်း PTTEP ကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းနဲ့ ဂျပန်ရေနံကုမ္ပဏီ Mitsui Oil Exploration Company Limited (MOECO)က ၂၀ ရာခိုင်နှုန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

မိမိတို့ဟာ မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ သဘာ၀ဓါတ်ငွေ့ရဲ့ ထက်၀က်နဲ့ ထိုင်းနိုင်ငံမှာအသုံးပြုတဲ့ သဘာ၀ဓါတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတာဖြစ်တဲ့အတွက် သုံးစွဲသူတွေအတွက် ထိခိုက်နိုင်မှာမဟုတ်ဘူးလို့ PTTEP ရဲ့အမှုဆောင်အရာရှိချုပ် မွန်ထရီရာ၀န်ချိုင်ကူက ပြောပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ ဆက်နွယ်နေသူတွေကို အနောက်နိုင်ငံအစိုးရတွေက အရေးယူပိတ်ဆို့မှုတွေချမှတ်နေပေမယ့်လည်း ထိုင်း PTTEP ကုမ္ပကတော့ မြန်မာနိုင်ငံ သဘာဓါတ်ငွေ့ ထုတ်လုပ်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: Energy Voice
Photo: Bloomberg
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW