သြစတြေးလျမှာ အလွန်သေးငယ်တဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတခုပျောက်ဆုံးမှု အပူတပြင်းရှာဖွေနေ

ဆစ်ဒနီ၊ ဇန်နဝါရီ-၂၈-၂၀၂၃
မျိုးဆက်(VOM)

သြစတြေးလျနိုင်ငံအနောက်ပိုင်းမှာ ရေဒီယိုသတ္တိကြွပစ္စည်းတခု ပျောက်ဆုံးနေတာကြောင့် အပူတပြင်းရှာဖွေမှုတွေ လုပ်ဆောင်နေကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ပစ္စည်းဟာ ထိတွေ့မိပါက ပြင်းထန်သောနာမကျန်းဖြစ်စေတဲ့ စီဆီယမ်-၁၃၇ ပမာဏအနည်းဖြစ်ပြီး ပျှမ်းမျှအားဖြင့် မိုင်ပေါင်း ၈၇၀ ကွာဝေးတဲ့ နယူးမန်းမြို့နဲ့ ပါ့သ်မြို့အကြားမှာ ဇန်နဝါရီ လလယ်ပိုင်းက ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

အဲဒီပစ္စည်းကို ပီလ်ဘာရာဒေသရှိ နယူးမန်းမြို့ရဲ့မြောက်ဘက် သတ္တုတွင်း ကနေ ပါ့သ်မြို့အရှေ့မြောက်ပိုင်းအကြားကို ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်း ထရပ်ကားနဲ့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ပစ္စည်း လက်နက်တခုပုံစံမျိုးမဟုတ်သော်လည်း ဓါတ်ရောင်ခြည်သင့်မှုကို ဖြစ်စေနိုင်ပြီး ကင်ဆာရောဂါကဲ့သို့သော အခြားရေရှည်အန္တရာယ်တွေဖြစ်ပွားနိုင်ကြောင်း အရေးပေါ်ဌာနက သတိပေးထားပြီး ခြောက်မီလီမီတာမှ ရှစ်မီလီမီတာအရွယ်သာရှိပါတယ်။

မ်ိမိတို့စိုးရိမ်နေတာကတော့ တစုံတဦးက ဘာပစ္စည်းမှန်းမသိဘဲ ကောက်ယူသွားမှာကိုဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

လက်ရှိမှာ အဲဒီပစ္စည်းကို သယ်ယူပို့ဆောင်ရေးစချိနနဲ့ ပြီးဆုံးတဲ့နေရာတွေကို ရှာဖွေနေပြီး ရှာဖွေမှုနယ်ပယ်ကျဉ်းမြောင်းစေဖို့ လမ်းကြောင်းအတိအကျနဲ့ ရပ်နားနေရာတွေကို တာ၀န်ရှိသူတွေက ဖော်ထုတ်လျှက်ရှိပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆစ်ဒနီ

Related posts

Leave a Comment

VOM News

FREE
VIEW