ပြည် နဲ့ ကျောက်တံခါးက ရာအိမ်မှူးနဲ့သတင်းပေးလို့နာမည်ထွက်နေသူ အသတ်ခံရ

ဇန်နဝါရီ ၂၈ -၂၀၂၃
GG(VOM)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် နဲ့ ကျောက်တံခါးမြို့နယ်က ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူတဲ့ ရာအိမ်မှူးနဲ့ ဒေသခံတဦး အသတ်ခံရတယ်လို့ သိရပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာက ဦးလှကြိုင်ဆိုသူ နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပြည်ခရိုင် ၊သဲကုန်းမြို့နယ်ကအသတ်ခံရတဲ့သူကတော့ အိုင်းကုန်းကျေးရွာက ရာအိမ်မှူး ညီဂျော်(ခ)ထွန်းထွန်းနိုင်ဆိုသူဖြစ်ပြီး မနေ့ကဇန်နဝါရီ၂၇ ရက် ညပိုင်း နေအိမ်မှာပဲ ​အသတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

” သူကလောလောဆယ် အိမ်ထောင်စုစာရင်းတွေကောက်နေတာပေါ့ ၊ မနေ့က ညဘက်ကြီး ၁၀ နာရီကျော်လောက်မှာ အသတ်ခံရတာလို့သိရတယ် ။အခုကတော့ သက်ဆိုင်ရာရပ်ကျေးအကုန်လုံး အိမ်ထောင်စုစာရင်းတွေကောက်နေတယ်၊တချို့နေရာဆို ထပ်တိုးလူစာရင်းပဲကောက်တယ်၊တအိမ်တဆင်းကောက်တာမရှိဘူး”လို့ သဲကုန်မြို့နယ်ဒေသခံတဦးကပြောပါတယ်။

ရာအိမ်မှူးနဲ့ ဒေသခံတဦးကို သက်ဆိုင်ရာမြို့နယ်တွေဖြစ်တဲ့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ PDF တွေဘက်က သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ပဲခူးတိုင်းထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာ၊ သတင်းပေးလို့နာမည်ထွက်နေသူတွေ အသတ်ခံရတာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ဗုံးခွဲခံရတာတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW