ရေး – သံဖြူဇရပ်လမ်းမှာ ခရီးသည်တင်ကားနဲ့ ပရိုဘောက်ကား တိုက်မိပြီး ပရိုဘောက်ပေါ်ပါတဲ့ လူ ၅ ယောက်သေဆုံး

ဇန်နဝါရီ ၂၈ – ၂၀၂၃
VOM (GG)

မွန်ပြည်နယ်၊ သံဖြူဇရပ် – ရေးကားလမ်းမကြီး၊ ကနင်ကမော့ကျေးရွာနဲ့ အောင်သာယာရွာအကြားမှာ ခရီးသည်တင် express ကားနဲ့ ပရိုဘောက်ကား တိုက်မိပြီး ကလေးတဦးအပါအဝင် လူ၅ယောက်သေဆုံးမှု မနေ့ ဇန်နဝါရီ၂၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် သေဆုံးသူတွေက ပရိုဘောက်ယာဥ်ပေါ်ပါသူ အမျိုးသား ၂၊ အမျိုးသမီး ၂ ၊ကလေးငယ် ၁ ဦးတို့ဖြစ်တယ်လို့သိရပါတယ်။

” ဘယ်လိုတိုက်လဲတော့ သေချာမသိဘူး ၊အကြောင်းကြားလို့သွားခဲ့တယ်၊ယောကျ်ားလေး ၂ ယောက်၊မိန်းကလေး ၂ယောက်၊ ကလေးက တယောက်ပါသေတယ်၊ ပရိုဘောက်ပေါ်ကပေါ့။ ပရိုဘောက်ကားက လမိုင်းကနေထွက်လာတဲ့ကားလို့ဘသိရတယ်။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေဟင်္သာလူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

သေဆုံးသူ ၅ ယောက်ထဲမှာ ကားထဲညှပ်နေသူတွေရှိလို့ ပရဟိတအသင်းတွေစုပေါင်းပြီး စွဲထုတ်ခဲ့ရကြောင်း၊ ညကတည်းက အလောင်းတွေကို လမိုင်းဆေးရုံ ရင်ခွဲရုံကို လူမှုကူညီရေးအသင်းတွေကပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ခဲ့တဲ့ ခရီးသည်တင် Express ကားပေါ်မှာ ခရီးသည် အချို့ပါပေမယ့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့သိရပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အဲ့ဒီယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မွန်ပြည်နယ် #ယာဥ်တိုက်မှု #လူငါးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW