နေတိုးအဖွဲ့ထဲ ဖင်လန်၀င်တာကို သဘောတူပေမယ့် ဆွီဒင်ကို လက်မခံကြောင်း တူရကီသမ္မတပြော

အန်ကာရာ၊ ဇန်နဝါရီ-၃၀-၂၀၂၃
မျိုးဆက်(VOM)

နေတိုးအဖွဲ့ထဲ ဖင်လန်၀င်ရောက်ခြင်းကို တူရကီအနေနဲ့ လက်ခံပေမယ့် ဆွီဒင်၀င်ရောက်လာမှာကိုတော့ သဘောမတူကြောင်း တူရကီသမ္မတအာဒိုဂန်က ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နော်ဒစ်နိုင်ငံတွေဖြစ်တဲ့ ဖန်လန်နဲ့ ဆွီဒင်တို့ကို နေတိုးအဖွဲ့၀င်အဖြစ် လက်ခံရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို တူရကီက ဆိုင်းငံ့ထားပြီးနောက် ရက်ပိုင်းအကြာမှာ တူရကီသမ္မတက အခုလို မှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

ကာ့ဒ်စစ်သွေးကြွတွေနဲ့ ဆက်နွယ်သူတွေ တူရကီအစိုးရကို ဝေဖန်သူတွေကို လွှဲပြောင်းပေးဖို့ တူရကီရဲ့ တောင်းဆိုမှုကို ဆွီဒင်ကငြင်းဆိုမှုအပေါ် သမ္မတအာဒိုဂန်က ဝေဖန်ပြောဆိုထားပါတယ်။

နေတိုးအဖွဲ့ကို ၀င်ရောက်လိုပါက ဆွီဒင်အနေနဲ့ အကြမ်းဖက်သမားတွေကို တူရကီထံလွှဲပြောင်းပေးအပ်ရန်လိုကြောင်း တူရကီသမ္မတက အာဒိုဂန်ကပြောပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်နဲ့ဖင်လန်တို့ဟာ နေတိုးအဖွဲ့သို့၀င်ရောက်ရန် လွန်ခဲ့တဲ့နှစ်ကလျှောက်ထားခဲ့ပြီး ဆယ်စုနှစ်များစွာ စစ်ရေးအရကြားနေမှုကို အဆုံးသတ်ခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW