သထုံမှာ လူဦးစာရင်းကောက်တဲ့အဖွဲ့ ပစ်ခတ်ခံရလို့ ရွာအုပ်ချုပ်ရေးမှူး နဲ့စာရေးမ သေဆုံး

ဇန်နဝါရီ ၁၄ – ၂၀၂၃
GG(VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ရွေးကောက်ပွဲအတွက် လူဦးရေနဲ့သန်းခေါင်စာရင်း လိုက်ကောက်နေတဲ့ အဖွဲ့ သေနတ်နဲ့ပစ်ခတ်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့​သိရပါတယ်။

သေဆုံးသူတွေက တောင်စွန်းရွာ အုပ်ချုပ်ရေးမှူး နဲ့ စာရေးမ တဦးတို့ဖြစ်ကြောင်း၊ မနေ့ကဇန်နဝါရီလ ညနေ ပိုင်း လူဦးရေစာရင်း ကောက်ချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

” မနေ့က ၃ နာရီ ၄၀ လောက် တောင်စွန်းရွာဘက် လူဦးရေစာရင်းကောက်ချိန် ပစ်ခံရတာ။အုပ်ကြီးက ဆေးရုံရောက်မှသေတယ်။စာရေးမကတော့ ပွဲချင်းပြီးလို့ကြားတယ်။အုပ်ကြီးနာမည်က ဦးစိုးသိမ်းပါ ” လို့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီ လူဦးရေးစာရင်းကောက်ယူတဲ့ အုပ်ချုပ်ရေးနဲ့အဖွဲ့ ပစ်ခတ်ခံရမှု ကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်ကနေ ကြေညာထားပါတယ်။

အလားတူ ချင်းပြည်နယ်၊ ဟားခါးမှာလည်း
မနေ့ ဇန်နဝါရီ ၁၃ရက် မနက်ပိုင်းက မဲစာရင်းလိုက်ကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူတဲ့ ရဲတဦး ပစ်သတ်ခံရပြီး နောက်ထပ်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့မနက်ကလည်း
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ လူဦးရေစာရင်းလိုက်ကောက်တဲ့အဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ရဲ တဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သထုံ #လူဦးရေးစာရင်းကောက်အဖွဲ့ပစ်ခတ်ခံရ #နှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW