ငရုတ်ကောင်းမှာ လက်နက်ခဲယမ်းတွေနဲ့ စခန်းတခု သိမ်းဆည်းခံရ

ဇန်နဝါရီ၊ ၁၅-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သံပတ်ကွင်းကျေးရွာရဲ့ အရှေ့မြောက် (၂၅) မိုင်အကွာက တောအတွင်းတနေရာမှာ လက်နက်တွေနဲ့
စခန်းတခုသိမ်းဆည်းခံရတယ်လို့ သိရပါတယ်။

”မနေ့က သိမ်းဆည်းရမိတာ ၊ သံပတ်ကွင်းကျေးရွာအနီးက တောထဲမှာတွေ့တာ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းရေးဆောင်ရွက်ရင်းသိမ်းဆည်းရမိခဲ့တာ။”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကတော့ လူ ၂ ဦးဆံ့ တဲ (၃)လုံး၊ လူ ၃ ဦးဆံ့ တဲ (၁)လုံး၊ လူ ၄ ဦးဆံ့တဲ (၁)လုံး၊ M 22 ပစ္စတို (၁)လက်၊ ကျည်အိမ် (၁)ခု ၊ ၉ မမ ကျည် (၂၂)တောင့် ၊ ၁၂ ဗို့လက်လုပ်သေနတ် (၁)လက်နဲ့ ကျည် (၁၀)တောင့်၊ တူမီး (၁)လက်၊ ဒူးလေး (၂)လက်၊ ခဲသီး (၁၀၉)လုံး၊ မြား (၄၆)ချောင်း ၊ ကန့်မှုန့် (၅၀)ကျပ်သား၊ ယမ်းမှုန့် (၂၀)သား၊ ယမ်းကြိုး ၂၀ပေ (၁)ချောင်း၊ ဆိုလာ (၂)ချပ်တို့ဖြစ် တယ်လို့ သိရပါတယ်။

အခုလ ဇန်နဝါရီ ၉ ရက်ကလည်း တရားမဝင် အဖွဲ့ အစည်းတွေကို ဆက်သွယ် ထောက်ပံ့နေတယ်ဆိုကာ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၅ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် အောက်တိုဘာလကလည်း ငရုတ်ကောင်းမြို့နယ် ၊ ကြံခင်းမြို့တွေထဲက တောစပ်တွေမှာ လက်နက်တွေ မျိုးစုံ အခု ၁၀၀ ထက်မနည်း သိမ်းဆည်းရမိတဲ့ဖြစ်စဉ်ရှိခဲ့သေး တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ် ။

#voiceofmyanmar #VOM #ငရုတ်ကောင်း

Related posts

Leave a Comment

VOM News

FREE
VIEW