ရုရှားနဲ့ ဘီလာရုစ်ကို ပြိုင်ခွင့်ပြုတာကြောင့် လာမယ့်နှစ်အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ ကျော် သပိတ်မှောက်ဖွယ်ရှိ

ဝါဆော၊ ဖေဖော်ဝါရီ-၃-၂၀၂၃
မျိုးဆက်(VOM)

လာမယ့်နှစ်မှာကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ ကျော်က သပိတ်မှောက်ဖို့ စီစဉ်ထားတာကြောင့် ပြိုင်ပွဲဟာလုံး၀အဓိပ္ပါယ်မဲ့လိမ့်မယ်လို့ ပိုလန်အားကစား၀န်ကြီးက ပြောပါတယ်။

ရုရှားနဲ့ဘီလာရုစ်တို့ကို ၂၀၂၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ပြုလိုက်တဲ့ အိုလံပစ်ကော်မတီရဲ့ အစီအစဉ်ကို ပိုလန်၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနဲ့ လတ်ဗီးယားတို့က ပယ်ချလိုက်ပြီးနောက် ပိုလန်အားကစား၀န်ကြီးက အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ယူကရိန်းကလည်း ပြင်သစ်မှာကျင်းပမယ့် ပါရီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီလိုလုပ်တာဟာ အားကစားသမားတွေကိုသာ အပြစ်ပေးရာ ရောက်တယ်လို့ အိုလံပစ်ကော်မတီက ပြောဆိုထားပါတယ်။

ရုရှားနဲ့ ဘီလာရုစ်တို့ကို ယှဉ်ပြိုင်ခွင့်ပြုမယ့် အစီအစဉ်ကို တားဆီးဖို့ ဖေဖော်ဝါရီ ၁၀ ရက်မှာကျင်းပမယ့် အိုလံပစ်ကော်မတီရဲ့အစည်းအဝေးမတိုင်မီ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါအပါအ၀င် နိုင်ငံ ၄၀ ညွှန့်ပေါင်းအဖွဲ့ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပိုလန်အားကစား၀န်ကြီးက ပြောပါတယ်။

တကယ်လို့ ညွှန့်ပေါင်းအဖွဲ့နိုင်ငံတွေက သပိတ်မှောက်မယ်ဆိုရင် လာမယ့်အိုလံပစ်ပြိုင်ပွဲဟာ အဓိပ္ပါယ်မဲ့တဲ့ ပြိုင်ပွဲဖြစ်လောက်တဲ့ထိ ကျယ်ပြန့်လာနိုင်တယ်လို့ သူကသတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါဆော

Related posts

Leave a Comment

VOM News

FREE
VIEW