ဧရာဝတီတိုင်းက ခရီးသွားဒေသတွေမှာ(၁)လအတွင်း ခရီးသည်တွေ လုယက်ခံရမှု အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့

ဖေဖော်ဝါရီ ၃-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းက ခရီးသွားဒေသတွေမှာ ပြီးခဲ့တဲ့ (၁)လအတွင်း ခရီးသည်တွေဆီကနေ လုယက်ဓားပြ တိုက်တဲ့ဖြစ်စဉ်တွေ အကြိမ် ၃၀ ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ခရီးသွားလုပ်ငန်း အသင်းတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁)လအတွင်း ဧရာဝတီတိုင်းက ပုသိမ် ၊ ငွေဆောင် ၊ ချောင်းသာ ၊ ရွှေသောင်ယံ ၊ ဂေါ်ရင်ဂျီ ၊ နတ်တောင် ၊ လိပ်ကျွန်း ၊ သမီး လှကျွန်း ၊ပုသိမ် ရွှေမုဌောစေတီ ၊ငပုတော မြတ်မော် တင်စွန်စေတီ ၊ ဘိုကလေး ကံ့ကော်တစ်ထောင် ၊ စတဲ့ ဒေသတွေကို လာတဲ့ ခရီးသွားဧည့်သည်တွေလုယက် ဓားပြတိုက်ခံခဲ့ရတာလို့ ခရီးသွားလုပ်ငန်းအသင်းတခုက တာဝန်ရှိသူ တယောက်ကပြောပါတယ်။ ”အခု ကိန်းဂဏန်းက ဇန်နဝါရီလ အတွင်းမှာ ဖြစ်ခဲ့တာပါ ၊အရင်လတွေကလည်း ဒါမျိုးဖြစ်စဉ်တွေရှိခဲ့တယ်…

Read More

ဗုဒ္ဓ၊ဓမ္မစာပေ များစွာရေးသားခဲ့တဲ့ စာရေးဆရာကြီး ဝဏ္ဏသီရိ ကွယ်လွန်

ဖေဖော်ဝါရီ ၃-၂၀၂၃ MM(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့က အသက် ၈၈ နှစ်အရွယ်ရှိ စာရေးဆရာကြီး ဝဏ္ဏသီရိ ဟာ မနေ့ ဖေဖော်ဝါရီ ၂ရက် နေ့လယ် ၁ နာရီခွဲလောက်က ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဆရာကြီးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ”ဆရာကြီးက မနေ့က နေ့လယ်လောက်မှာ ကွယ်လွန်တာပါ ၊ ဆရာကြီးက နေမကောင်းဖြစ်နေတာတောင် ထူးခြားတာက စာရေးချင်လို့ဆိုပြီး မကွယ်လွန်ခင်အချိန် ခဏလေးမှာ”ဝဏ္ဏသီရိ၊ အေးချမ်းကြပါစေ”လို့ ရေးခဲ့သေးတယ်၊ ဆရာကြီးရဲ့ နာရေးကို ဖေဖော်ဝါရီ ၃ရက် ဒီနေ့လယ် မွန်းတည့် ၁၂ နာရီမှာ ပြုလုပ်မှာ ဖြစ်တယ် ၊ ဆရာကြီး ဝဏ္ဏသီရိရဲ့ အမည်ရင်းက ဦးအောင်ခန့်ဖြစ်ပါ၊ ငယ်နာမည်က မောင်ရွှေဖဲပါ။”လို့ သူကပြောပါတယ်။ အဲ့ဒီ ဆရာကြီးဝဏ္ဏသီရိဖြစ်လာတဲ့ မောင်ရွှေဖဲကို အဖ ဦးကြိုင်+ အမိ ဒေါ်စိန်ရင်တို့က…

Read More

လဟယ်မြို့နယ်မှာ နေအိမ် ၆၀ ကျော် မီးလောင်

ဖေဖော်ဝါရီ ၃ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ နာဂအုပ်ချုပ်ခွင့်ရ ဒေသ ၊ လဟယ်မြို့နယ် ၊ ဆော်လော်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ခန္တီးခရိုင်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ ” မနေ့က ညပိုင်း ၆ နာရီကျော်မှာ မီးစလောင်တယ် ၊ ဦးလှဂျေးရဲ့နေအိမ် မီးဖိုချောင် မီးကြွင်း မီးကျန်ကနေ ကူးစက်လောင်ခဲ့တာဖြစ်တယ် ၊လူနေအိမ် ၆၀ မီးကူးစက်လောင်တာပါ ၊ ပျက်စီးဆုံးရှုံးမှု တန်းဖိုးကတော့ စီစစ်တွက်ချက်နေဆဲဖြစ်တယ်”လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၇၀ ကျော်နဲ့ ၊ မီးဘေးဒုက္ခသည် ၃ ရာကျော်ကို လဟယ်မြို့ခံ ပရဟိတအဖွဲ့တွေက ယာယီကူညီကယ်ဆယ်ပေးထားရတယ်လို့ သိရပါတယ်။ မီးစတင်လောင်ခဲ့တဲ့ နေအိမ်က…

Read More

သံသယဖြစ်ဖွယ် တရုတ်သူလျှိုမိုးပျံပူပေါင်း အမေရိကန်နိုင်ငံပေါ်ကနေ ဖြတ်ပျံနေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၃-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံပေါ်ကနေ မကြာသေးမီရက်တွေအတွင်း ဖြတ်ပျံနေတဲ့ တရုတ်သူလျှိုမိုးပျံပူပေါင်းလို့ သံသယရှိတဲ့အရာကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ခြေရာခံစောင့်ကြည့်နေပါတယ်။ အဲဒီမိုးပျံပူပေါင်းဟာ တရုတ်နိုင်ငံကပိုင်ဆိုင်တယ်လို့ ယုံကြည်ရပြီး မကြာသေးမီက နိုင်ငံအနောက်ပိုင်း မွန်တားနားပြည်နယ်မှာ တွေ့မြင်ခဲ့ရတယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူတွေက ပြောပါတယ်။ အပျက်အစီးတွေ ပြုတ်ကျမယ်ဆိုရင် မြေပြင်ကလူတွေအန္တရာယ်ရှိနိုင်တာကြောင့် ပစ်ချခြင်းမပြုဖို့ အမေရိကန်စစ်တပ်က ဆုံးဖြတ်ခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ တရုတ်နိုင်ငံကတော့ ဒါနဲ့ပတ်သက်ပြီး အချက်အလက်တွေကို သေချာစစ်ဆေးခြင်းမပြုဘဲ ထင်ကြေးပေးပြောဆိုမှုတွေ မလုပ်ဖို့ သတိပေးထားပါတယ်။ ကနေဒါကတော့ သူလျှိုမိုးပျံပူပေါင်း နောက်ထပ်ဘယ်ကိုသွားမလဲဆိုတာကို စောင့်ကြည့်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး အမေရိကန်နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး ဘယ်နိုင်ငံကဟာလဲဆိုတာ ထုတ်ပြန်ခြင်းမရှိပါဘူး။ အဲဒီသူလျှိုမိုးပျံပူပေါင်းကို ပစ်ချဖို့အိမ်ဖြူတော်က အမိန့်ပေးခဲ့မယ်ဆိုရင် ပစ်ချနိုင်ဖို့ အက်ဖ်-၂၂ တိုက်လေယာဉ်တွေအပါအ၀င် ဂျက်တိုက်လေယာဉ်တွေကို အသင့်ပြင်ထားတယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ဝါရှင်တန်

Read More

မြန်မာကိုယ်စားလှယ်မပါတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးအစည်းအဝေး အင်ဒိုနီးရှားမှာ စတင်ကျင်းပနေ

ဂျကာတာ၊ ဖေဖော်ဝါရီ-၃-၂၀၂၃ မျိုးဆက်(VOM) အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ ဖေဖော်ဝါရီ ၃ ရက်က စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ စားနပ်ရိက္ခာ၊ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ ကျန်းမာရေးပူပေါင်ေးဆာင်ရွက်မှုတွေကို အဓိကထားဆွေးနွေးဖို့ စီစဉ်ထားပေမယ့် နိုင်ငံရေးအကျပ်အတည်းဖြစ်နေတဲ့ မြန်မာ့အရေး လွှမ်းမိုးဖို့ရှိနေပါတယ်။ အဖွဲ့၀င် ၁၀ နိုင်ငံရှိတဲ့ အာဆီယံအဖွဲ့မှာ မြန်မာနိုင်ငံပါ၀င်ပေမယ့်လည်း အခုအစည်းအဝေးမှာတော့ မြန်မာဘက်က နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။ ၂၀၂၁ ခုနှစ်မှာ အာဆီယံခေါင်းဆောင်တွေနဲ့ နစကဥက္ကဌတို့အကြား ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို မြန်မာဘက်ကအကောင်အထည်ဖော်မှု အားနည်းတာကြောင့် အခုလို မြန်မာနိုင်ငံခြားရေး၀န်ကြီးကို ချန်လှပ်ထားတာဖြစ်ပါတယ်။ ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာ၀န်ယူရတဲ့ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရုံးခန်းကို ဂျကာတာမှာ ဖွင့်လှစ်ထားပြီး မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းဖို့အားထုတ်နေပြီး သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံသွားမယ်လို့အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး မာဆူဒီက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:AP Photo:AP #voiceofmyanmar #VOM #ဂျကာတာ

Read More

ဒေါက်တာရဲလွင် နဲ့ ဦးကျော်ဇေယျ ထောင်၂နှစ် ထပ်ချခံရ

ဖေဖော်ဝါရီ ၃-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြိုတော်ဝန်ဟောင်း ဒေါက်တာရဲလွင်နဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ချမ်းအေးသာစံမြို့နယ်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့ (၂)ဦးကို အိုးဘိုအကျဉ်းထောင်တွင်းအထူးတရားရုံးက ပုဒ်မ (၄၀၉) နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၃ရက်မှာ ထောင် (၂)နှစ် စီထပ်ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဟုပါတယ် ထောင်တွင်းကပဲ (၂)နှစ်ချလိုက်တာပါ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။ ဒေါက်တာရဲလွင်နဲ့ ဦးကျော်ဇေယျတို့ကို ၂၀၂၂ခုနှစ်အတွင်းက ပုဒ်မ ၅၀၅-ကနဲ့ ထောင် (၂)နှစ်ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်၊နိုဝင်ဘာ ၁၆ရက်က ပုဒ်မ (၄၀၉) နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ ထပ်မံတရားစွဲခဲ့ပြီး ဒီနေ့မှာ ထောင်ဒဏ် (၂)နှစ်စီး ထပ်ချခံခဲ့ရတာလည်းဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ဒေါက်တာရဲလွင် #ဦးကျော်ဇေယျ #ထောင်၂နှစ်ထပ်ချခံရ

Read More

ရုရှားနဲ့ ဘီလာရုစ်ကို ပြိုင်ခွင့်ပြုတာကြောင့် လာမယ့်နှစ်အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ ကျော် သပိတ်မှောက်ဖွယ်ရှိ

ဝါဆော၊ ဖေဖော်ဝါရီ-၃-၂၀၂၃ မျိုးဆက်(VOM) လာမယ့်နှစ်မှာကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ ကျော်က သပိတ်မှောက်ဖို့ စီစဉ်ထားတာကြောင့် ပြိုင်ပွဲဟာလုံး၀အဓိပ္ပါယ်မဲ့လိမ့်မယ်လို့ ပိုလန်အားကစား၀န်ကြီးက ပြောပါတယ်။ ရုရှားနဲ့ဘီလာရုစ်တို့ကို ၂၀၂၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ပြုလိုက်တဲ့ အိုလံပစ်ကော်မတီရဲ့ အစီအစဉ်ကို ပိုလန်၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနဲ့ လတ်ဗီးယားတို့က ပယ်ချလိုက်ပြီးနောက် ပိုလန်အားကစား၀န်ကြီးက အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ယူကရိန်းကလည်း ပြင်သစ်မှာကျင်းပမယ့် ပါရီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီလိုလုပ်တာဟာ အားကစားသမားတွေကိုသာ အပြစ်ပေးရာ ရောက်တယ်လို့ အိုလံပစ်ကော်မတီက ပြောဆိုထားပါတယ်။ ရုရှားနဲ့ ဘီလာရုစ်တို့ကို ယှဉ်ပြိုင်ခွင့်ပြုမယ့် အစီအစဉ်ကို တားဆီးဖို့ ဖေဖော်ဝါရီ ၁၀ ရက်မှာကျင်းပမယ့် အိုလံပစ်ကော်မတီရဲ့အစည်းအဝေးမတိုင်မီ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါအပါအ၀င် နိုင်ငံ ၄၀ ညွှန့်ပေါင်းအဖွဲ့ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပိုလန်အားကစား၀န်ကြီးက ပြောပါတယ်။ တကယ်လို့ ညွှန့်ပေါင်းအဖွဲ့နိုင်ငံတွေက သပိတ်မှောက်မယ်ဆိုရင်…

Read More

တရုတ်မှာ နေထိုင်ခွင့်သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေ ၅ လပိုင်းနောက်ဆုံးထား သက်တမ်းတိုးဖို့ အသိပေး

ဖေဖော်ဝါရီ ၃၊ ၂၀၂၃ Shy V(VOM) တရုတ်နိုင်ငံမှာ နေထိုင်ခွင့်သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေ လာမယ့် ၅ လပိုင်း ၃၁ ရက်နေ့ နောက်ဆုံးထား သက်တမ်းတိုးထားဖို့ တိုက်တွန်းနှိုးဆော် အသိပေးကြေညာထားတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ “သူတို့ ပတ်စ်ပို့/ စာအုပ်အနီတွေပေါ့။ နေခွင့်၊ နေထိုင်ခွင့် ခွင့်ပြုချက် သက်တမ်းကုန်တဲ့သူကို ၅ လ ၃၁ ရက်နေ့ကတဲ့ မြန်မြန်လျှောက်ကြပေါ့နော်။” လို့ နယ်စပ်ဒေသခံ တဦးက ပြောပါတယ်။ အဲဒီ အသိပေး နှိုးဆော်စာမှာ တရုတ် အထက်အာဏာပိုင်တွေရဲ့အကြောင်းကြားချက်အရ တရုတ်နိုင်ငံရှိ သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံသားတွေအားလုံး ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကစ လာမယ့် မေလ ၃၁ ရက်နေ့အထိ နေထိုင်ခွင့် သက်တမ်းတိုးဖို့ အချိန်ပေးထားကြောင်း WeChat လူမှုကွန်ယက်က အသိပေးနှိုးဆော်စာမှာ ဖော်ပြထားပါတယ်။ “လျှောက်ပြီးတော့ ပြန်ထွက်သွားလိုက်ပေါ့။…

Read More
VOM News

FREE
VIEW