တရုတ်မှာ နေထိုင်ခွင့်သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေ ၅ လပိုင်းနောက်ဆုံးထား သက်တမ်းတိုးဖို့ အသိပေး

ဖေဖော်ဝါရီ ၃၊ ၂၀၂၃
Shy V(VOM)

တရုတ်နိုင်ငံမှာ နေထိုင်ခွင့်သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေ လာမယ့် ၅ လပိုင်း ၃၁ ရက်နေ့ နောက်ဆုံးထား သက်တမ်းတိုးထားဖို့ တိုက်တွန်းနှိုးဆော် အသိပေးကြေညာထားတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

“သူတို့ ပတ်စ်ပို့/ စာအုပ်အနီတွေပေါ့။ နေခွင့်၊ နေထိုင်ခွင့် ခွင့်ပြုချက် သက်တမ်းကုန်တဲ့သူကို ၅ လ ၃၁ ရက်နေ့ကတဲ့ မြန်မြန်လျှောက်ကြပေါ့နော်။” လို့ နယ်စပ်ဒေသခံ တဦးက ပြောပါတယ်။

အဲဒီ အသိပေး နှိုးဆော်စာမှာ တရုတ် အထက်အာဏာပိုင်တွေရဲ့အကြောင်းကြားချက်အရ တရုတ်နိုင်ငံရှိ သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံသားတွေအားလုံး ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကစ လာမယ့် မေလ ၃၁ ရက်နေ့အထိ နေထိုင်ခွင့် သက်တမ်းတိုးဖို့ အချိန်ပေးထားကြောင်း WeChat လူမှုကွန်ယက်က အသိပေးနှိုးဆော်စာမှာ ဖော်ပြထားပါတယ်။

“လျှောက်ပြီးတော့ ပြန်ထွက်သွားလိုက်ပေါ့။ ထွက်ပြီးတော့ နေထိုင်ခွင့် သက်တမ်းတိုးပြီးမှ ပြန်ဝင်ခဲ့။ အဲ့ဒီလိုမှသာ မဟုတ်ရင် သူတို့ အတင်းအဓမ္မကြီး နှင်ထုတ်တော့မှာပေါ့။”လို့ နယ်စပ် ကုန်သည် တဦးကလည်း ပြောပါတယ်။

လာမယ့် မေလ ၃၁ ရက်နေ့ နောက်ပိုင်း သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံသားတွေ တရုတ်နိုင်ငံမှာ ဆက်လက်နေထိုင်နေပါက တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအေဂျင်စီအနေနဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ် ပြည်နှင်ဒဏ်ပေးမှာဖြစ်တယ်လို့ အဲဒီ ကြေညာစာမှာ ပါရှိပါတယ်။

တရုတ်နိုင်ငံကို ပြန်လည်ဝင်ရောက်လိုပါက လက်ရှိ တရုတ်ဘက် မိမိနေထိုင်တဲ့ နယ်မြေခံရဲစခန်းကို မြန်မာနိုင်ငံဘက်ထွက်နိုင်ဖို့ အရင်ဆုံး လျှောက်ထားရမှာဖြစ်ပြီး သက်ဆိုင်ရာ ထွက်ပေါက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရမှာဖြစ်သလို တရုတ်နဲ့ မြန်မာ နှစ်ဖက် သဘောတူပြီးမှသာ တရုတ်နိုင်ငံမှ ထွက်ခွာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ ရရှိပြီးမှသာ တရုတ်ဘက် ဝင်ဖို့ လျှောက်ထားနိုင်တယ် တရုတ်ဘက်က အသိပေး ကြေညာစာအရ သိရပါတယ်။

Photo Crd-Hein Naing
#voiceofmyanmar #VOM #တရုတ် #မြန်မာနိုင်ငံသား #နေထိုင်ခွင့်သက်တမ်းတိုးကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW