ဒေါက်တာရဲလွင် နဲ့ ဦးကျော်ဇေယျ ထောင်၂နှစ် ထပ်ချခံရ

ဖေဖော်ဝါရီ ၃-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြိုတော်ဝန်ဟောင်း ဒေါက်တာရဲလွင်နဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ချမ်းအေးသာစံမြို့နယ်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့ (၂)ဦးကို အိုးဘိုအကျဉ်းထောင်တွင်းအထူးတရားရုံးက ပုဒ်မ (၄၀၉) နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၃ရက်မှာ ထောင် (၂)နှစ် စီထပ်ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ
သိရပါတယ်။

” ဟုပါတယ် ထောင်တွင်းကပဲ (၂)နှစ်ချလိုက်တာပါ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဒေါက်တာရဲလွင်နဲ့ ဦးကျော်ဇေယျတို့ကို ၂၀၂၂ခုနှစ်အတွင်းက ပုဒ်မ ၅၀၅-ကနဲ့ ထောင် (၂)နှစ်ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

၂၀၂၂ခုနှစ်၊နိုဝင်ဘာ ၁၆ရက်က ပုဒ်မ (၄၀၉) နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ ထပ်မံတရားစွဲခဲ့ပြီး ဒီနေ့မှာ ထောင်ဒဏ် (၂)နှစ်စီး ထပ်ချခံခဲ့ရတာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး
#ဒေါက်တာရဲလွင် #ဦးကျော်ဇေယျ #ထောင်၂နှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW