သူတို့အိမ် အခန်း (၁၈၀)

ဆူးငှက်   ရွှေဝတ်ရည်မှသည် လူထုသို့ ——————————— ရွှေဝတ်ရည်မဂ္ဂဇင်းမှာ စီစစ်ရေးအခက်အခဲ၊ ပုံနှိပ်တိုက် အခက်အခဲများဖြင့် ၃လမှ တစ်ကြိမ်၊ ၅လမှ တစ်ကြိမ်သာ ထုတ်ဝေနိုင်ပြီး အမှတ်စဉ် ၈ အပြီးမှာ ရပ်နားလိုက်ရသည်။ သည်အချိန်မှာပဲ ကျွန်တော် လူထုကြီးပွားရေး စာအုပ်တိုက်၏ အယ်ဒီတာစာပွဲသို့ ရောက်ခဲ့ပါ၏။ အယ်ဒီတာစာပွဲမှာ ကျွန်တော့် အရင် ရောက်နှင့်နေတာက ဆရာကျော်ရင်မြင့် ဖြစ်သည်။ ကျွန်တော်ရောက်တော့ ကိုကျော်စိုးဝင်းက ရန်ကုန်ပြောင်းနှင့်ပြီ။ ကျွန်တော်က သူ့လက်စ အလုပ်တွေ ဆက်လုပ်ရသည်။ ဆရာကျော်ရင်မြင့်ကတော့ ဦးလေးလှစာပွဲက စာမူများ ပြန်စုစည်းတာ၊ ရှာဖွေတာ၊ ထိန်းသိမ်းတာနှင့် ဒေါ်ဒေါ့် အလုပ်တွေကို အများဆုံး ကူရသည်။ အထူးသဖြင့် ဒေါ်ဒေါ့် ရေးပြီးသော လက်ရေးစာမူများကို ဆရာကျော်ရင်မြင့်က လက်နှိပ်စက်ရိုက်ပြီး မဂ္ဂဇင်းတိုက်တွေပို့တာ၊ လက်ခံဖိုင်တွဲတာ၊ မှတ်တမ်းတင်တာတွေ တာဝန်ယူသည်။ လူထု အယ်ဒီတာစာပွဲမှာ ကျွန်တော့်ကို…

Read More

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လျာထားဧရိယာထဲကလယ်ယာမြေတွေမှာ အကွက်ရိုက်ပြီး ဆောက်လုပ်ထားတာတွေကို ဖယ်ရှားဖို့ အမိန့်ထုတ်

မန္တလေး၊ ဇူလိုင်- ၂၉- ၂၀၂၆ SA(VOM) အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လျာထားဧရိယာထဲက လယ်ယာမြေတွေဆိုပြီး အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၀၃ (မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း) က ကိုင်းမြေတွေမှာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ကွင်းဆင်းစိစစ်ချက်အရ ခွင့်ပြုချက်မရှိဘဲ မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်းခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်လုပ်အသုံး ပြုနေကြောင်း စိစစ်တွေ့ရှိရတာကြောင့် ဖယ်ရှားပေးဖို့ အမိန့်စာကို ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီထုတ်ပြန်စာဟာ ဒုတိယအကြိမ်ထုတ်ပြန်ထားတာလို့ သိရပြီး ထုတ်ပြန်စာမှာတော့ ကွင်းအမှတ် ၆၀၃ (မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း)မှာ မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်း ခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်လုပ်အသုံး ပြုနေကြောင်း စိစစ်တွေ့ရှိရတာကြောင့် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (ဂ ၊ ဃ) တို့နဲ့ လက်ရှိနေထိုင်သူတွေကို လယ်ယာမြေပေါ်မှ ထွက်ခွာသွားရန်၊ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက် လုပ်ထားတဲ့ အဆောက်အဦးများ (အခိုင်အမာ ကာရံထားသော…

Read More

သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားတာလို့ ပြည်ထဲရေးဝန်ကြီး တုံ့ပြန်တဲ့အတွက် နိုင်ငံတော်အကြီးအကဲ​တွေဆီ အကူအညီ​တောင်းမယ်

ဇူလိုင် ၂၉၊ ၂၀၂၆ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး-သီပေါလမ်းပေါ်က သီပေါတံတားကို လုံခြုံရေး အခြေအနေအရ ပိတ်ထားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဖြေကြားခဲ့ ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက သီပေါတံတားကို အစိုးရတပ်ဘက်က ပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားတွေ အခက်အခဲဖြစ်နေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သီပေါမြို့နယ် ရှမ်းနှင့်တိုင်းရင်းသားများပါတီ(ကျားဖြူပါတီ)ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံက လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာကို ပြည်ထဲရေးဒုဝန်ကြီးက အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ “သီပေါတံတားဟာ ငြိမ်းချမ်းစဉ်အခါက နွေ၊ မိုး၊ ဆောင်း သွားလာနိုင်ခဲ့တဲ့ အနေအထားဖြစ်သော်လည်း လက်ရှိမှာ လုံခြုံရေးအခြေအနေအရ မြို့ပေါ် ရပ်ကွက် ၁၁ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကိုးအုပ်စုသာ နယ်မြေစိုးမိုးမှုရှိပြီး သွားလာနိုင်ပါတယ်။ MNDAA၊ TNLA နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ဟာ…

Read More

တောင်သာနယ်ထဲက လက်နက်ကိုင်လှုပ်ရှားရာနယ်မြေမှာ အစိုးရဝန်ထမ်းနဲ့ လူတချို့ဖမ်းခံရမှုတွေဖြစ်ပွားနေသလို pdfခေါင်းဆောင် အမရာမောင်(ခ)စွန်ရဲမလည်း အသတ်ခံရမှုဖြစ်ပွား

ဇူလိုင် ၂၉ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း တောင်သာမြို့နယ်ထဲမှာ အစိုးရဝန်ထမ်းနဲ့ လူတချို့ ကို လက်နက်ကိုင်အဖွဲ့တွေဖမ်းဆီးမှုရှိနေတဲ့အပြင် PDF ခေါင်းဆောင်တယောက်ဖြစ်သူ မအမရာမောင်ဆိုသူလည်း အသတ်ခံခဲ့ရမှုတွေ ဖြစ်ပွားမှုရှိနေတယ်လို့ စုံစမ်းသိရရှိပါတယ်။ မနေ့က ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာ တောင်သာမြို့နယ် လဝကမှူး ဒေါ်မိုးစန္ဒာဟာ သီးကုန်းရွာကိုရောက်နေစဥ် လက်နက်ကိုင်အဖွဲ့ တွေက နေအိမ်ကို လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ pdf ခေါင်းဆောင် မဝေဖြိုးဇော် (ခ) စွန်ရဲမ သေဆုံးမှုကလည်း ဇူလိုင် ၂၈ ရက်နေ့က တောင်သာမြို့နယ် ဖန်ခါးပင်ရွာမှာပဲ အသတ်ခံခဲ့ရတာဖြစ်ကြောင်း ၊ အဲဒီဘက်ဟာ pdf လှုပ်ရှားတဲ့နယ်မြေဖြစ်တယ်လို့ သိရပါတယ် ။ “လဝကမှူးကတော့ သူ့အမေနေမကောင်းလို့ဆိုပြီး အိမ်ခဏပြန်ချိန်မှာ pdf တွေက လာဖမ်းသွားကြတာလို့သိရတယ်။ ခုထိတော့ ပြန်လွတ်မလာသေးဘူး ။…

Read More

ရန်ကုန်က မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေ

ဇူလိုင် ၂၉ – ၂၀၂၆ SS (VOM) ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့၊ ညပိုင်းကနေစပြီး နှစ်ညဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြို့နယ်တချို့က ရပ်ကွက်၊ နေအိမ်နဲ့ ဆိုင်တွေအတွင်း ရေဝင်ရောက်နေသလို ကားလမ်းမတချို့လည်း ရေကျော်နေတာကြောင့် ကားအသေးတွေ သွားလာရ ခက်ခဲနေတယ်လို့ သိရပါတယ်။ လှိုင်သာယာ၊ လှိုင်၊ အင်းစိန်၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ သာကေတ၊ ကမာရွတ်၊ လှည်းတန်း၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း) အစရှိတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ရေပြန်မကျသေးသလို မိုးကလည်း ဆက်လက် ရွာသွန်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ “ရွှေပြည်သာမြို့နယ်နဲ့ အင်းစိန်မြို့နယ်အစပ်၊ ရွှေပြည်သာတံတားအဆင်း၊ ဒညင်းကုန်းဈေးနားက ၁၄ လမ်းဆုံဘက်မှာလည်း ကားလမ်း ရေကျော်နေတယ်။ မီးပွိုင့်နားမှာဆို ပိုဆိုးတယ်။…

Read More

BGF ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒုဗိုလ်မှူးကြီး စောမုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

ဇူလိုင် ၂၉ ၊၂၀၂၆ GG (VOM) ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒုဗိုလ်မှူးကြီး စောမုတ်သုန် (Saw Eh Mote Tone)ကို လူကုန်ကူးမှု ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီး ထိုင်းရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သိရပါတယ် ။ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ရဲ့ လျှောက်ထားချက်အရ ထိုင်းရာဇဝတ်တရားရုံးက ဒုတိယ ဗိုလ်မှူးကြီး စောမုတ်သုန်ကို ဇူလိုင် ၂၇ ရက်နေ့စွဲနဲ့ ဖမ်းဝရမ်းထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း လူမှုကွန်ယက်မှာ ဖမ်းဝရမ်းထုတ်ထားတဲ့ အမိန့်စာရွက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဒုဗိုလ်မှူးကြီး စောမုတ်သုန်ဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းဖွဲ့ကာ လူကုန်ကူးမှု ကျူးလွန်ခြင်း၊ လူကုန်ကူးခံရသူတွေ ကို တရားမဝင်နည်းနဲ့ မြဝတီဘက်ကို ခေါ်ဆောင်လာခြင်း ၊ လက်ခံထားခြင်း ၊ ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်စေခဲ့ခြင်း တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တယ်တဲ့အတွက်…

Read More

နှစ်ကာလကြာ ဘုရားဖူးမလာတဲ့ ကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေစေတီမှာ ဝါဆိုလပြည့်နေ့ပြန်လည်စည်ကားလာ

မုံရွာ ဇူလိုင်-၂၉-၂၀၂၆ MW(VOM ) ဘုရားဖူးမလာတာ နှစ်ကာလကြာပြီဖြစ်တဲ့ မုံရွာမြို့တောင်ဖက်က ကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကို ဒုတိယဝါဆိုလပြည့်နေ့မှာ ဘုရားဖူးအမြောက်အများလာရောက်ဖူးမြှော်ကြတာ တွေ့ရပါတယ်။ “မုံရွာကနေ ဘုရားလာဖူးကြတာပါ။ မလာတာတော်တော်ကြာပြီ။ ဘုရားကြီးကို ဖူးချင်နေတာကြာပေမယ့် နိုင်ငံရေးအခြေအနေကြောင့် မလာရဲလို့မဖူးရတာပါ။ တန်ဆောင်မုန်းလပြည့်မှာကျင်းပတဲ့ စေတီတော်ဘုရားပွဲကိုမရောက်တာလည်းကြာလှပါပြီ။ အခုဒီမနက် သွားဖူးဖြစ်အောင်ဖူးမယ်ဆိုပြီး မနေ့ကတည်းကလမ်းကြော အခြေအနေလေ့လာပြီး လာဖူးကြတာပါ။ ကျမတို့အနေနဲ့ ဘုရားကြီးကိုလာဖူးကြပါလို့ မဖိတ်ခေါ်ရဲသေးသလို မလာနဲ့လို့လဲမပြောရဲပါဘူး။”လို့ မုံရွာဒေသခံဘုရားဖူးတဦးကပြောပါတယ်။ မုံရွာမြို့နဲ့ ၅မိုင်လောက်သာဝေးတဲ့ မိုးညှင်းသမ္ဗုဒ္ဓေနဲ့ အရှေ့ဖက်နားမှာရှိတဲ့ ဗောဓိတထောင်သာသနာမြေများဟာ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အားပြိုင်တဲ့ နေရာဖြစ်လာတာကြောင့် လမ်းအသုံးပြုသူဒေသခံတွေနဲ့ မြန်မာနိုင်ငံအနှံ့နဲ့ ကမ္ဘာ့နေရာအနှံ့က ဘုရားဖူးတွေ မလာရောက်ကြတော့ဘဲ တိတ်ဆိတ်ခြောက်နေတဲ့ နေရာအဖြစ် ရောက်နေတာဟာ ကာလကြာပြီဖြစ်ပါတယ်။ ကျွဲကူးရေပါ ဖြစ်စဉ်တွေကြောင့် ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားခဲ့ရပြီးနောက်ပိုင်းမှာ အကျိုးဆက်အနေနဲ့ မိုးညှင်းသမ္ဗုဒ္ဓေနဲ့ ဗောဓိတထောင် ဒေသ ခရီးသွားလုပ်ငန်းကို အဓိကမှီခိုလုပ်ကိုင်နေကြတဲ့…

Read More

ကျောက်ကပ်ကို ထိခိုက်စေသော နေ့စဉ်အလေ့အကျင့်များ

  မန္တလာ ဆရာမျိုး   လူ့ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းတိုင်းသည် ကိုယ်စီတာဝန်များဖြင့် အရေးပါကြသည်။ ထိုအင်္ဂါများအနက် ကျောက်ကပ်သည် အရွယ်အစားအားဖြင့် လက်သီးဆုပ် တစ်ဆုပ်ခန့်သာရှိသော်လည်း လူတစ်ဦး အသက်ရှင်ကျန်းမာစွာ နေထိုင်နိုင်ရန် မရှိမဖြစ်အရေးကြီးသော လုပ်ငန်းများကို နေ့စဉ်မပြတ် ဆောင်ရွက်ပေးနေသည့် ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် လူတစ်ဦးတွင် ကျောက်ကပ်နှစ်လုံးရှိပြီး ခါးနောက်ဘက်၊ ကျောရိုး၏ ဘေးတစ်ဖက် တစ်ချက်တွင် တည်ရှိကြသည်။ လူအများက ကျောက်ကပ်ကို ဆီးဖြစ်ပေါ်စေသည့် အင်္ဂါတစ်ခုအဖြစ်သာ သိရှိထားတတ်ကြသော်လည်း ကျောက်ကပ်၏ လုပ်ငန်းတာဝန်များသည် ထိုထက်များစွာ ကျယ်ပြန့်သည်။ ကျောက်ကပ်သည် သွေးထဲရှိ ခန္ဓာကိုယ်အတွက် မလိုအပ်တော့သော စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်ပေးခြင်း၊ ပိုလျှံနေသော ရေနှင့် ဆားဓာတ်များကို ဆီးမှတစ်ဆင့် ဖယ်ရှားပေးခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်၊ ပိုတက်စီယမ်နှင့် အခြားသတ္တုဓာတ်များ မျှတနေစေရန် ထိန်းညှိပေးခြင်း၊ သွေးပေါင်ချိန်ကို ထိန်းချုပ်ရာတွင် ပါဝင်ခြင်း၊ သွေးနီဥများ…

Read More
VOM News

FREE
VIEW