တောင်သာနယ်ထဲက လက်နက်ကိုင်လှုပ်ရှားရာနယ်မြေမှာ အစိုးရဝန်ထမ်းနဲ့ လူတချို့ဖမ်းခံရမှုတွေဖြစ်ပွားနေသလို pdfခေါင်းဆောင် အမရာမောင်(ခ)စွန်ရဲမလည်း အသတ်ခံရမှုဖြစ်ပွား

ဇူလိုင် ၂၉ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း တောင်သာမြို့နယ်ထဲမှာ အစိုးရဝန်ထမ်းနဲ့ လူတချို့ ကို လက်နက်ကိုင်အဖွဲ့တွေဖမ်းဆီးမှုရှိနေတဲ့အပြင် PDF ခေါင်းဆောင်တယောက်ဖြစ်သူ မအမရာမောင်ဆိုသူလည်း အသတ်ခံခဲ့ရမှုတွေ ဖြစ်ပွားမှုရှိနေတယ်လို့ စုံစမ်းသိရရှိပါတယ်။
မနေ့က ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာ တောင်သာမြို့နယ် လဝကမှူး ဒေါ်မိုးစန္ဒာဟာ သီးကုန်းရွာကိုရောက်နေစဥ် လက်နက်ကိုင်အဖွဲ့ တွေက နေအိမ်ကို လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
pdf ခေါင်းဆောင် မဝေဖြိုးဇော် (ခ) စွန်ရဲမ သေဆုံးမှုကလည်း ဇူလိုင် ၂၈ ရက်နေ့က တောင်သာမြို့နယ် ဖန်ခါးပင်ရွာမှာပဲ အသတ်ခံခဲ့ရတာဖြစ်ကြောင်း ၊ အဲဒီဘက်ဟာ pdf လှုပ်ရှားတဲ့နယ်မြေဖြစ်တယ်လို့ သိရပါတယ် ။
“လဝကမှူးကတော့ သူ့အမေနေမကောင်းလို့ဆိုပြီး အိမ်ခဏပြန်ချိန်မှာ pdf တွေက လာဖမ်းသွားကြတာလို့သိရတယ်။ ခုထိတော့ ပြန်လွတ်မလာသေးဘူး ။ မနေ့က မနက် ၇ နာရီလောက်မှာ ဖမ်းသွားတာ။ pdf ခေါင်းဆောင် အမရာမောင် သေတာကတော့ သူတို့အချင်းချင်း ပြန်ပစ်ကြတာလို့ သတင်းကြားတယ်။ ဖြစ်တာ သူတို့လှုပ်ရှားတဲ့ဘက်မှာပဲ ဖြစ်တာလေ။ ” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
တောင်သာမြို့နယ် လဝကမှူး ဖမ်းဆီးတဲ့ ကိစ္စ နဲ့ပတ်သက်ပြီး သတင်းထုတ်တာမရှိသေးသလို pdf ခေါင်းဆောင် မအမရာမောင် သေဆုံးရတဲ့ကိစ္စအပေါ်လည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး ။
” အမရာမောင် ဆုံးတာက ခုသိရတာတော့ သူ့တပည့်တွေ ရန်ဖြစ်တာကို သွားဖြန်ဖြေဆွဲရင်းကနေ ကျည်ထွက်ပြီး ပစ်မိတာလို့တော့ ကြားတယ်။ အတိကျတော့ ထုတ်ပြန်မှပဲ သိရမှာပါ ။ ” လို့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ် ။
ဇူလိုင် ၂၆ ရက်နေ့ကလည်း မြင်းခြံ – ရန်ကုန် ခရီးစဥ်ပြေးဆွဲတဲ့ ငွေလမင်း ခရီးသည်တင်ကား နဲ့ မဟာ ခရီးသည်တင်ကားတွေကို တောင်သာမြို့နယ်ထဲက လမ်းပိုင်းမှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့က တားဆီးပြီး ကားပေါ်ပါသူတွေထဲက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ် ။
ဇူလိုင် ၂၈ ရက်က မကွေးတိုင်း၊နတ်မောက်-မြို့သစ်လမ်းပိုင်းပေါ် ရဲတပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားတစီး ပစ်ခတ်တိုက်ခိုက် ခံရပြီး ရဲတပ်ဖွဲ့ ဝင်တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၇ ရက် ကလည်း ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အောင်ချမ်းသာရွာသစ်ကျေးရွာနေ အသက် ၅၄ နှစ်အရွယ် ဦးအောင်တင် ဝင်းကို လက်နက်ကိုင် အဖွဲ့က နေအိမ်အထိဝင်ပစ်သတ်သွားပါတယ်။
အလားတူ အဲဒီနေ့ ညပိုင်းမှာပဲ ညောင်လေးပင်မြို့နယ် ဇီးကန်(အရှေ့)ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဦးကျော်သူရ နဲ့ ဇနီးဖြစ်သူ ဒေါ်အေးအေးအောင်တို့ကိုလည်း လက်နက်ကိုင်အဖွဲ့က နေအိမ်မှာ ဝင်ပစ်သတ်သွားတယ်လို့ သိရပါတယ်။
အလားတူ စဥ့်ကူးမြို့နယ် ၊ နွယ်ရုံရွာမှာလည်း ဇူလိုင် ၂၆ ရက်နေ့ ညပိုင်း ၇ နာရီကျော်လောက်က ရွာအတွင်းရှိ ကောင်းဆက်သာ ထမင်းဆိုင်မှာထိုင်နေတဲ့ ဒေသခံအမျ်ုးသားငါးယောက်ကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ် ။
ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းကလည်း မန္တလေးတိုင်း ညောင်ဦးမြို့နယ် ၊ ထရိုင်းတောကျေးရွာဒေသခံဖြစ်တဲ့ ဦးဉာဏ်ပို ဆိုသူကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်အထိဝင်ရောက်ပြီး သတ်ဖြတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၄ ရက်နေ့မှာလည်း မိတ္ထီလာမြို့နယ် ၊ ဆည်အောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးမင်း နဲ့ ညီဖြစ်သူ ကိုကံစစ်မင်း ဆိုသူတို့ကို ည ၉ နာရီကျော်လောက်မှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်အထိဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်မှု ရှိခဲ့ပါတယ်။
အလားတူ ဇူလိုင် ၂၄ ရက်နေ့ မှာပဲ ညောင်ဦးမြို့နယ် ၊ ညောင်ဦး – ကျောက်ပန်းတောင်းလမ်းပိုင်းမှာရှိတဲ့ တောင်ဘီရွာမ ကျေးရွာမှာလည်း ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေ ဝင်ရောက်ပစ်ခတ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လူလေးယောက်သေဆုံးပြီး တယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေနဲ့ ဒေသခံတွေ အသတ်ခံရမှု ၊ ဖမ်းဆီးသွားမှုနဲ့ပတ်သက်ပြီး အစိုးရကတော့ အဲဒီလုပ်ရပ်ဟာ pdf တွေလုပ်ဆောင်တာ ဖြစ်ကြောင်း သတင်းထုတ်ထားပြီး ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး ။
ဇွန် ၂၆ ရက်နေ့ကလည်း ညောင်ဦးမြို့နယ် ၊ တပေါက်ရုံကျေးရွာမှာနေထိုင်တဲ့ ဝါးခင်းကြီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးချစ်ဆွေကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီး မှုရှိခဲ့တယ်လို့ သိရပါတယ် ။
ဇွန် ၁၅ ရက်ကလည်း ညောင်ဦးမြို့နယ် ၊ ငါ့သရောက်မြို့နယ်၊ တောပြားရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းက ကျောင်းဆရာ နဲ့ ဆရာမ ရှစ်ယောက်ကို ဖမ်းဆီးပြီး ငွေဒဏ်ရိုက်ကာ ပြန်လွှတ်ပေးတဲ့ ဖြစ်စဥ်လည်းရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း အဆောက်အအုံနဲ့ ပစ္စည်းစုစုပေါင်း ၇၅၉၈ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံး ခဲ့ပြီး ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW