သံသယဖြစ်ဖွယ် တရုတ်သူလျှိုမိုးပျံပူပေါင်း အမေရိကန်နိုင်ငံပေါ်ကနေ ဖြတ်ပျံနေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၃-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံပေါ်ကနေ မကြာသေးမီရက်တွေအတွင်း ဖြတ်ပျံနေတဲ့ တရုတ်သူလျှိုမိုးပျံပူပေါင်းလို့ သံသယရှိတဲ့အရာကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ခြေရာခံစောင့်ကြည့်နေပါတယ်။

အဲဒီမိုးပျံပူပေါင်းဟာ တရုတ်နိုင်ငံကပိုင်ဆိုင်တယ်လို့ ယုံကြည်ရပြီး မကြာသေးမီက နိုင်ငံအနောက်ပိုင်း မွန်တားနားပြည်နယ်မှာ တွေ့မြင်ခဲ့ရတယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူတွေက ပြောပါတယ်။

အပျက်အစီးတွေ ပြုတ်ကျမယ်ဆိုရင် မြေပြင်ကလူတွေအန္တရာယ်ရှိနိုင်တာကြောင့် ပစ်ချခြင်းမပြုဖို့ အမေရိကန်စစ်တပ်က ဆုံးဖြတ်ခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

တရုတ်နိုင်ငံကတော့ ဒါနဲ့ပတ်သက်ပြီး အချက်အလက်တွေကို သေချာစစ်ဆေးခြင်းမပြုဘဲ ထင်ကြေးပေးပြောဆိုမှုတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

ကနေဒါကတော့ သူလျှိုမိုးပျံပူပေါင်း နောက်ထပ်ဘယ်ကိုသွားမလဲဆိုတာကို စောင့်ကြည့်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး အမေရိကန်နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး ဘယ်နိုင်ငံကဟာလဲဆိုတာ ထုတ်ပြန်ခြင်းမရှိပါဘူး။

အဲဒီသူလျှိုမိုးပျံပူပေါင်းကို ပစ်ချဖို့အိမ်ဖြူတော်က အမိန့်ပေးခဲ့မယ်ဆိုရင် ပစ်ချနိုင်ဖို့ အက်ဖ်-၂၂ တိုက်လေယာဉ်တွေအပါအ၀င် ဂျက်တိုက်လေယာဉ်တွေကို အသင့်ပြင်ထားတယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW