မြန်မာကိုယ်စားလှယ်မပါတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးအစည်းအဝေး အင်ဒိုနီးရှားမှာ စတင်ကျင်းပနေ

ဂျကာတာ၊ ဖေဖော်ဝါရီ-၃-၂၀၂၃
မျိုးဆက်(VOM)

အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ ဖေဖော်ဝါရီ ၃ ရက်က စတင်ကျင်းပနေပြီဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ စားနပ်ရိက္ခာ၊ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ ကျန်းမာရေးပူပေါင်ေးဆာင်ရွက်မှုတွေကို အဓိကထားဆွေးနွေးဖို့ စီစဉ်ထားပေမယ့် နိုင်ငံရေးအကျပ်အတည်းဖြစ်နေတဲ့ မြန်မာ့အရေး လွှမ်းမိုးဖို့ရှိနေပါတယ်။

အဖွဲ့၀င် ၁၀ နိုင်ငံရှိတဲ့ အာဆီယံအဖွဲ့မှာ မြန်မာနိုင်ငံပါ၀င်ပေမယ့်လည်း အခုအစည်းအဝေးမှာတော့ မြန်မာဘက်က နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။

၂၀၂၁ ခုနှစ်မှာ အာဆီယံခေါင်းဆောင်တွေနဲ့ နစကဥက္ကဌတို့အကြား ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို မြန်မာဘက်ကအကောင်အထည်ဖော်မှု အားနည်းတာကြောင့် အခုလို မြန်မာနိုင်ငံခြားရေး၀န်ကြီးကို ချန်လှပ်ထားတာဖြစ်ပါတယ်။

ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာ၀န်ယူရတဲ့ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရုံးခန်းကို ဂျကာတာမှာ ဖွင့်လှစ်ထားပြီး မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းဖို့အားထုတ်နေပြီး သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံသွားမယ်လို့အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး မာဆူဒီက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:AP
Photo:AP
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW