ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်အားလုံး အခေါက်ရွှေတကျပ်သားကို ၂၇၉၀၀၀၀ ကျပ်နဲ့ရောင်းချဖို့အသိပေး

ဖေဖော်ဝါရီ ၂၂ – ၂၀၂၃
GG(VOM)

ရွေဆိုင်တွေနဲ့ရွှေကုန်သည်အားလုံး မီးလင်း အခေါက်ရွှေတကျပ်သားကို ငွေကျပ်၂၇၉၀၀၀၀ ကျပ်ရောင်းချဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEAက ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ရွှေစျေးတက်တာ၊ စျေးကစားနေတာတွေကိုထိန်းချုပ်နိုင်ဖို့အတွက် ဆိုင်တွေရောင်းချရမယ့်စျေးတန်းကို သတ်မှတ်ပေးတာဖြစ်တယ်လို့သိရပါတယ်။

” ကျနော်တို့ကတော့ ရွှေငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီရဲ့လမ်းညွှန်ချက်အရ ဒီစျေးနူန်းနဲ့ရောင်းပေးဖို့မေတ္တာရပ်ခံတာပေါ့။အတင်းအကြပ်ကြီးအမိန့်ပးတာမျိုးတော့မဟုတ်ပါဘူး”လို့ YGEA အသင်းဝင်တဦးကပြောပါတယ်။

ဒီနေ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရွှေဆိုင်တွေရဲ့အခေါက်ရွှေရောင်းချတဲ့စျေးကတော့ တကျပ်သားကို ၂၈၅၀၀၀၀ ကနေ ၂၈၇၀၀၀၀ ဝန်းကျင်အထိ စျေးဖွင့်ထားတယ်လို့သိရပါတယ်။

” အခေါက်ရွှေလုပ်ပြီးသားအထည်တွေက ၂၈ သိန်း၆သောင်းကနေ ၇သောင်းလောက်ရှိပါတယ်။အခေါက်အတုံးကတော့ ဆိုင်လာမှပဲသိရမယ်ရှင်၊စျေးနူန်းကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိပါတယ် ” လို့ ရွေဆိုင်အရောင်းဝန်ထမ်းတဦးကပြောပါတယ်။

ဒီနေ့ YGEA ကထုတ်ပြန်တဲ့ အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးကတော့ တကျပ်သားကို ၂၁၆၆၅၀၀ သာရှိပြီး ကမ္ဘာ့ရွှေဈေးက 1 Ounce = 1839 USD$ ဖြစ်ယ်လို့သိရပါတယ်။

ပြည်တွင်း ရွှေစျေးကွက်ဟာ ဒေါ်လာစျေးအတက်အကျပေါ်မူတည်သလို ကမ္ဘာ့ရွှေစျေးအတက်အကျပေါ်လည်း အဓိကမူတည်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းရွှေစျေးကွက်က အရောင်းသာရှိပြီး အဝယ်စျေးကွက်အေးနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #အခေါက်ရွှေ #၂၇သိန်း၉သောင်းနဲ့ရောင်းဖို့အသိပေး

Related posts

Leave a Comment

VOM News

FREE
VIEW