လက်နက်ထိန်းချုပ်ရေးစာချုပ်ကို ဆိုင်းငံ့ပြီး နျူကလီးယားစမ်းသပ်မှုတွေလုပ်မယ်လို့ အနောက်အုပ်စုကို ရုရှားခြိမ်းခြောက်

မော်စကို၊ ဖေဖော်ဝါရီ-၂၂-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီးအနောက်အုပ်စုနိုင်ငံတွေကို သတိပေးလိုက်ပြီး နျုကလီးယားလက်နက်ထိန်းချုပ်ရေး အမေရိကန်နဲ့ရရှိထားတဲ့ အထင်ကရစာချုပ်ကို ဆိုင်းငံ့ကာ မဟာဗျူမြောက်လက်နက်သစ်တွေဟာ စစ်မြေပြင်တိုက်ခိုက်ရေးတာ၀န်တွေ ထမ်းဆောင်နေပြီဖြစ်ကာ ရုရှားအနေနဲ့ နျုကလီးယားစမ်းသပ်မှုတွေ ပြန်လုပ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဆယ်စုနှစ်ခြောက်ခုအတွင်း အနောက်အုပ်စုနဲ့အကြီးမားဆုံးထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားစေခဲ့တဲ့ ယူကရိန်းစစ်ပွဲစတင်ပြီး တနှစ်နီးပါးအကြာမှာ ရုရှားရဲ့ရည်မှန်းချက်တွေ အောင်မြင်နေပြီး ဒါတွေကို အနောက်အုပ်စုက ဖျက်ဆီးဖို့ကြိုးစားနေတယ်လို့ ပူတင်ကပြောပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ သူတို့ရဲ့ရည်ရွယ်ချက်တွေကို ဖုံးကွယ်မထားနိုင်ကြကြောင်း၊ စစ်မြေပြင်မှာ ရုရှားကိုအနိုင်တိုက်လို့မရနိုင်ဘူးဆိုတာ သဘောပေါက်နားလည်ခြင်းမရှိကြဘူလို့ ရုရှားသမ္မတပူတင်ကပြောပါတယ်။ အမေရိကန်ဟာ ယူကရိန်းစစ်ပွဲကို ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခအဖြစ် ပြောင်းလဲစေခဲ့တယ်လို့ ပူတင်ကစွပ်စွဲထားပြီး မဟာဗျူဟာမြောက်လက်နက်ထိန်းချုပ်ရေးစာချုပ် New START မှာပါ၀င်မှုကို ဆိုင်းငံ့ခဲ့ပါတယ်။ ဒီစာချုပ်ဟာ အမေရိကန်နဲ့ရုရှားတို့အကြား လက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ နောက်ဆုံးစာချုပ်လည်းဖြစ်ပါတယ်။ စာချုပ်ကို ၂၀၁၀ ခုနှစ်တွင် အမေရိကန်သမ္မတအိုဘားမားနဲ့ ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်တို့ လက်မှတ်ရေးထိုးခဲ့ပြီး နစ်နိုင်ငံစလုံးရဲ့ ဖြန့်ကြက်နိုင်တဲ့ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးအရေအတွက်ကို…

Read More

ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်အားလုံး အခေါက်ရွှေတကျပ်သားကို ၂၇၉၀၀၀၀ ကျပ်နဲ့ရောင်းချဖို့အသိပေး

ဖေဖော်ဝါရီ ၂၂ – ၂၀၂၃ GG(VOM) ရွေဆိုင်တွေနဲ့ရွှေကုန်သည်အားလုံး မီးလင်း အခေါက်ရွှေတကျပ်သားကို ငွေကျပ်၂၇၉၀၀၀၀ ကျပ်ရောင်းချဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEAက ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ရွှေစျေးတက်တာ၊ စျေးကစားနေတာတွေကိုထိန်းချုပ်နိုင်ဖို့အတွက် ဆိုင်တွေရောင်းချရမယ့်စျေးတန်းကို သတ်မှတ်ပေးတာဖြစ်တယ်လို့သိရပါတယ်။ ” ကျနော်တို့ကတော့ ရွှေငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီရဲ့လမ်းညွှန်ချက်အရ ဒီစျေးနူန်းနဲ့ရောင်းပေးဖို့မေတ္တာရပ်ခံတာပေါ့။အတင်းအကြပ်ကြီးအမိန့်ပးတာမျိုးတော့မဟုတ်ပါဘူး”လို့ YGEA အသင်းဝင်တဦးကပြောပါတယ်။ ဒီနေ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရွှေဆိုင်တွေရဲ့အခေါက်ရွှေရောင်းချတဲ့စျေးကတော့ တကျပ်သားကို ၂၈၅၀၀၀၀ ကနေ ၂၈၇၀၀၀၀ ဝန်းကျင်အထိ စျေးဖွင့်ထားတယ်လို့သိရပါတယ်။ ” အခေါက်ရွှေလုပ်ပြီးသားအထည်တွေက ၂၈ သိန်း၆သောင်းကနေ ၇သောင်းလောက်ရှိပါတယ်။အခေါက်အတုံးကတော့ ဆိုင်လာမှပဲသိရမယ်ရှင်၊စျေးနူန်းကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိပါတယ် ” လို့ ရွေဆိုင်အရောင်းဝန်ထမ်းတဦးကပြောပါတယ်။ ဒီနေ့ YGEA ကထုတ်ပြန်တဲ့ အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးကတော့ တကျပ်သားကို ၂၁၆၆၅၀၀ သာရှိပြီး ကမ္ဘာ့ရွှေဈေးက 1 Ounce =…

Read More

တူရကီမှာ ငလျင်အပျက်အစီးတန်ချိန် သန်း ၂၀၀ ကျော်ထိ ဖယ်ရှားရှင်းလင်းရဖွယ်ရှိ

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ-၂၂-၂၀၂၃ မျိုးဆက်(VOM) တူရကီတောင်ပိုင်းမှာ ယခုလအစောပိုင်းက လှုပ်ခတ်ခဲ့သောအင်အားပြင်း မြေငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတန်ချိန် ၁၁၆ သန်းကနေ သန်း ၂၁၀ ထိ ဖယ်ရှားရှင်းလင်းရဖွယ်ရှိကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။ လူပေါင်း ၁၇၀၀၀ ကျော်သေဆုံးခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ တူရကီငလျင်နောက်ပိုင်း ယခုငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေဟာ ယခင်ကဖြစ်ပေါ်ခဲ့တဲ့ တန်ချိန် ၁၃ သန်းထက် မဆမတန်ကျော်လွန်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (ယူအင်န်ဒီပီ)က ပြောပါတယ်။ အဲဒီခန့်မှန်းချက်ဟာ တူရကီအစိုးရရဲ့ စစ်တမ်းနဲ့ ငလျင်ဘေးသင့်ဒေသတွေရဲ့ ဂြိုဟ်တုဓါတ်ပုံတွေအပေါ် အခြေခံထားပြီး အဆောက်အဦ ၁၁၈၀၀၀ ခန့်ပြိုကျခြင်း သို့မဟုတ် ပြိုကျနိုင်ခြေရှိကြောင်း ဖော်ပြထားပါတယ်။ ငလျင်ကြောင့် တူရကီပြည်သူ ၁ ဒသမ ၅ သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နေအိမ်သစ်ငါးသိန်းထက်မနည်း ဆောက်လုပ်ဖို့ လိုအပ်ကြောင်း ယူအင်န်ဒီပီရဲ့ တူရကီဌာနေကိုယ်စားလှယ်…

Read More

မိသားစုနဲ့ ကားအောက်မှာအတူအိပ်နေရင်း ပျောက်ဆုံးသွားတဲ့ ၆နှစ်အရွယ် ကလေးကို သေဆုံးလျက်ပြန်တွေ့

ဖေဖော်ဝါရီ ၂၂ -၂၀၂၃ GG(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့က New Day ဆီဆိုင်မှာ ညဘက် ဆီချပြီးနောက် ကားအောက်မှာ ဖခင်အပါအဝင် မိသားစုလိုက်အတူအိပ်နေရာကနေ ပျောက်ဆုံးသွားတဲ့ အသက် ၆ နှစ်အရွယ် သားဖြစ်သူကို ဒီနေ့ဖေဖော်ဝါရီလ ၂၂ ရက် မနက်စောက သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ကလေးငယ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၈ ရက် ညပိုင်းကတည်းက ပျောက်ဆုံးတာဖြစ်ပြီး ၄ ရက်အကြာမှာ အဲ့ဒီဆီဆိုင်နဲ့ကပ်လျက် အာဇာနည်ဗိမာန်ထဲက ရေကန်ထဲမှာ သေဆုံးနေတာတွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။ ” အခုမနက်ပဲ ကလေးအဖေဖုန်းဆက်လာတာ၊ပြန်တွေ့ပြီပေါ့ ရေကန်ထဲမှာ၊ အဲ့ဒီရေကန်က ဆီဆိုင်နဲ့ကပ်လျက်ပဲလေ၊ကလေးက ယောင်ပြီးလျှောက်သွားမိလားမပြောတတ်ဘူး။ကလေးအဖေက မိသားစုကိုခေါ်လာတာ ပုဂံဘက်ဘုရားဖူးသွားကြမယ်ဆိုပြီးထင်ပါတယ်။ အိပ်တာကလည်း မိသားစုတွေအတူအိပ်နေရာကနေ ကလေးကပျောက်သွားတာ၊အိပ်နေကြတော့ဘယ်လိုထသွားလဲ မသိလိုက်ကြဘူးပေါ့ “လို့ ကူညီပေးခဲ့တဲ့ ပခုက္ကူမြို့ခံတဦးကပြောပါတယ်။ ကလေးငယ်ပျောက်ဆုံးပြီးကတည်းက မိသားစုလိုက် ပခုက္ကူကနေမပြန်ဘဲ ကလေးကိုလိုက်လံရှာဖွေခဲ့တာဖြစ်ကြောင်း၊ ကလေးမိသားစုဟာ ပဲခူးမြို့ကဖြစ်တယ်လို့ သိရပါတယ်။ ရေကန်ထဲကနေ…

Read More

မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားလာနေ

ပြုံးယမ်း၊ ဖေဖော်ဝါရီ-၂၂-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ပိုမိုရင်ဆိုင်နေရကြောင်း ကျွမ်းကျင်သူတွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား ရင်ဆိုင်နေရတဲ့ ကာလရှည်ကြာ စားနပ်ရိက္ခာအကျပ်အတည်းဟာ မထူးဆန်းပေမယ့်လည်း နယ်စပ်ထိန်းချုပ်မှု၊ ရာသီဥတုညံ့ဖျင်းမှုနဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် မကြာသေးမီနှစ်တွေအတွင်း ပိုမိုဆိုရွားလာတယ်လို့ သူတို့ကပြောပါတယ်။ နိုင်ငံ၏စိုက်ပျိုးရေးမူဝါဒအတွက် အခြေခံကျတဲ့ အပြောင်းအလဲတရပ်ကိုဆွေးနွေးဖို့ ဖေဖော်ဝါရီလကုန်မှာ ထိပ်တန်းအရာရှိတွေ အစည်းအဝေးကျင်းပဖွယ်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်မှာ စားနပ်ရိက္ခာတန်ချိန် ၁၈၀၀၀၀ ကျော်သာထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ပမာဏနည်းပါးကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေရဲ့ ဂြိုဟ်တုဓါတ်ပုံလေ့လာမှုမှာ ဖော်ပြထားပါတယ်။ နိုင်ငံတွင်းမှာ မိုးခေါင်းခြင်းနဲ့ ရေကြီးခြင်းကဲ့သို့သော ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် ဆောင်းနဲ့ နွေသီးနှံတွေ ထုတ်လုပ်မှု လျော့ကျနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က လွန်ခဲ့တဲ့နှစ်ဇွန်လမှာ သတိပေးထားပါတယ်။ Ref: BBC Photo: Getty Images…

Read More

ကုန်သွယ်လမ်းကြောင်းသွားမယ့် ကားတွေ QR Code ရဖို့ ရက်ချီ စောင့်ဆိုင်းနေရ

ဖေဖော်ဝါရီ ၂၂-၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရာ လမ်းကြောဘက်သွားမယ့် ကုန်တင်ကားတွေ အခုရက်ပိုင်းအတွင်း ကုန်သယ်ဆောင်ခွင့် QR Code ရဖို့ ရက်ချီ စောင့်ဆိုင်းနေရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ လက်ရှိ လားရှိုးရုံးက ထုတ်ပေးနေတဲ့ ကုန်သယ်ဆောင်ခွင့် QR Code ကို စောင့်ဆိုင်းနေတာ အချိန်အတော်ကြာနေတယ်လို့ ကျင်စန်းကျော့ဘက် ကုန်တင်ပို့မယ့် ယာဉ်မောင်း ၁ ဦး က ပြောပါတယ်။ “ဒီနေ့ဆို တစ်ည အိပ် နှစ်ရက် ဖြစ်ပြီလေ။ စနေ၊ တနင်္ဂနွေက လာတင်ထားတဲ့ ကားတွေလည်း ဒီမှာ လာပုံနေတယ်။ တနင်္လာနေ့ကလည်း ရုံးပိတ်တဲ့။ အင်္ဂါနေ့မှ လိုင်စင်ကျတော့ ကားတွေ အရမ်းပုံနေတာ။”လို့ သူက ပြောပါတယ်။ သက်ဆိုင်ရာဝန်ထမ်းတွေက ကားစာရင်းတွေ၊ ကားပုံတွေ ယူပြီး လားရှိုးရုံးကနေ နေပြည်တော််ကို လှမ်းတင်ကာ…

Read More

စစ်ရှောင်နဲ့မီးဘေးသင့်တွေကို လိုအပ်မှုတွေကြားက ကူညီကယ်ဆယ်ပေးနေရတဲ့ မြိုင်နယ်က သားဖွားဆရာမတဦး

ဖေဖော်ဝါရီ ၂၂-၂၀၂၃ Voice Of Myanmar(VOM) မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်နေရသူတွေနဲ့ မီးဘေးသင့်နေတဲ့သူတွေကို လိုအပ်လျက်တွေများစွာရှိနေတဲ့ကြားက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရတဲ့ သားဖွားဆရာမတဦး ရှိနေပါတယ်။ သူကတော့ မြိုင်နယ်၊ ကျေးရွာတရွာက နိုင်ငံရေးမဖက် စစ်ရေးမစွက်တဲ့ ပရဟိတဆရာမလေး မသော်တာပါ။ ဆရာမလေးသော်တာဟာ သူရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့အခါ အချိန်ကာလရှည်ကြာလာတော့ အကူအညီအထောက်အပံ့မရှိတော့တဲ့အခြေအနေတွေနဲ့ ဆေးဝါးလိုအပ်မှုအခက်အခဲတွေကြုံလာခဲ့ပါတယ်။ ဒါကြောင့် သူအမြဲစီးနေတဲ့ဆိုင်ကယ်လေးကိုရောင်းချပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက်လုပ်ဆောင်ပေးနေပေမယ့် သူ့ကိုယ်ပိုင်ပိုက်ဆံမစိုက်ထုတ်နိုင်တဲ့တနေ့မှာ သူတတ်ထားတဲ့ ပညာနဲ့ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆက်လက်ဆောင်ရွက်မပေးနိုင်မှာကို တွေးပြီးစိုးရိမ်ပူပန်နေပါတယ်။ လက်ရှိအချိန်ထိ မြိုင်နယ်မှာ ဆရာမ‌လေးသော်တာမွေးဖွားပေးခဲ့တဲ့ ကလေးငယ်ပေါင်း (၃၀) ကျော်အထိရှိနေပြီလို့ သိရပါတယ်။ အရင်တုန်းက စစ်ဘေးရှောင်နဲ့မီးဘေးသင့်ဒုက္ခဆိုတာတွေကို တိုင်ရင်းသားဒေသ‌တွေမှာသာ ကြားဘူးပါတယ်ဆိုတဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲကအညာသူအညာသားတွေလည်း ကိုယ်တိုင်ကြုံတွေ့နေကြရပါပြီ။ အဲ့ဒီအထဲမှာဆိုရင် မြိုင်မြို့နယ်ထဲက သက်ကြီးရွယ်အိုနဲ့ကိုယ်ဝန်ဆောင်မိခင်တွေ မှာကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မြိုင် #သားဖွားဆရာမသော်တာ Youtube…

Read More
VOM News

FREE
VIEW