လက်နက်ထိန်းချုပ်ရေးစာချုပ်ကို ဆိုင်းငံ့ပြီး နျူကလီးယားစမ်းသပ်မှုတွေလုပ်မယ်လို့ အနောက်အုပ်စုကို ရုရှားခြိမ်းခြောက်

မော်စကို၊ ဖေဖော်ဝါရီ-၂၂-၂၀၂၃
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီးအနောက်အုပ်စုနိုင်ငံတွေကို သတိပေးလိုက်ပြီး နျုကလီးယားလက်နက်ထိန်းချုပ်ရေး အမေရိကန်နဲ့ရရှိထားတဲ့ အထင်ကရစာချုပ်ကို ဆိုင်းငံ့ကာ မဟာဗျူမြောက်လက်နက်သစ်တွေဟာ စစ်မြေပြင်တိုက်ခိုက်ရေးတာ၀န်တွေ ထမ်းဆောင်နေပြီဖြစ်ကာ ရုရှားအနေနဲ့ နျုကလီးယားစမ်းသပ်မှုတွေ ပြန်လုပ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဆယ်စုနှစ်ခြောက်ခုအတွင်း အနောက်အုပ်စုနဲ့အကြီးမားဆုံးထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားစေခဲ့တဲ့ ယူကရိန်းစစ်ပွဲစတင်ပြီး တနှစ်နီးပါးအကြာမှာ ရုရှားရဲ့ရည်မှန်းချက်တွေ အောင်မြင်နေပြီး ဒါတွေကို အနောက်အုပ်စုက ဖျက်ဆီးဖို့ကြိုးစားနေတယ်လို့ ပူတင်ကပြောပါတယ်။

အနောက်အုပ်စုနိုင်ငံတွေဟာ သူတို့ရဲ့ရည်ရွယ်ချက်တွေကို ဖုံးကွယ်မထားနိုင်ကြကြောင်း၊ စစ်မြေပြင်မှာ ရုရှားကိုအနိုင်တိုက်လို့မရနိုင်ဘူးဆိုတာ သဘောပေါက်နားလည်ခြင်းမရှိကြဘူလို့ ရုရှားသမ္မတပူတင်ကပြောပါတယ်။

အမေရိကန်ဟာ ယူကရိန်းစစ်ပွဲကို ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခအဖြစ် ပြောင်းလဲစေခဲ့တယ်လို့ ပူတင်ကစွပ်စွဲထားပြီး မဟာဗျူဟာမြောက်လက်နက်ထိန်းချုပ်ရေးစာချုပ် New START မှာပါ၀င်မှုကို ဆိုင်းငံ့ခဲ့ပါတယ်။

ဒီစာချုပ်ဟာ အမေရိကန်နဲ့ရုရှားတို့အကြား လက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ နောက်ဆုံးစာချုပ်လည်းဖြစ်ပါတယ်။

စာချုပ်ကို ၂၀၁၀ ခုနှစ်တွင် အမေရိကန်သမ္မတအိုဘားမားနဲ့ ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်တို့ လက်မှတ်ရေးထိုးခဲ့ပြီး နစ်နိုင်ငံစလုံးရဲ့ ဖြန့်ကြက်နိုင်တဲ့ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးအရေအတွက်ကို ကန့်သတ်ထားပါတယ်။

Ref: Reuters
Photo:Reuters/AP
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW