တရုတ်မှာ မိုင်းတွင်းပြိုကျမှုကြောင့် လူ ၅၀ ကျော်ပျောက်ဆုံးနေ

ပေကျင်း၊ ဖေဖော်ဝါရီ-၂၃-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နို်င်ငံမြောက်ပိုင်းမှာ မိုင်းတွင်းပြိုကျမှုကြောင့် လူနှစ်ဦးသေဆုံးသွားပြီး ၅၀ ကျော်ပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

အဲဒီမတော်တဆမှုဟာ ဖေဖော်ဝါရီ ၂၂ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီကျော်မှည ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပူတပြင်းဆောင်ရွက်ဖို့ သမ္မတရှီကျင်းပင်က အမိန့်ထုတ်ထားပါတယ်။

လက်ရှိချိန်ထိ ဒဏ်ရာရသူခြောက်ဦးကို အခင်းဖြစ်ရာနေရာကနေ ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်သား ၂၀၀ ကျော်နဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်။

မတော်တဆမှုဖြစ်ပွားခဲ့တဲ့ မိုင်းတွင်းဟာ အတွင်းမိုဂိုလီးယားဒေသရှိ အယ်လ်ဇာလိဂ်မှာ တည်ရှိကြောင်း တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။

စက်မှုလုပ်ငန်းဆိုင်ရာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေကို လိုက်နာကျင့်သုံးမှု အားနည်းခြင်းတွေကြောင့် တရုတ်နိုင်ငံမှာ အလားတူမတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိတာဟာ အထူးအဆန်းမဟုတ်ပါဘူး။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ကျောက်မီးသွေးတွင်းတခုမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် မိုင်းတွင်းလုပ်သား ၂၃ ဦးသေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း ရှန်ဒေါင်းပြည်နယ်ရှိ ရွှေတွင်းပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၀ ဦးသေဆုံးခဲ့ရပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW