ကမ္ဘာ့လျှာအရှည်ဆုံး ဂင်းနစ်စံချိန်တင်အမျိုးသား လျှာကိုအသုံးပြုပြီး ထူးခြားစွာပန်းချီဆွဲနေ

၀ါရှင်တန်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ကမ္ဘာ့လျှာအရှည်ဆုံးအဖြစ် ဂင်းနစ်စံချိန်တင်ထားတဲ့ အမျိုးသားဟာ သူ့ရဲ့ထူးခြားတဲ့လျှာကြွက်သားတွေကိုအသုံးပြုပြီး ပန်းချီဆွဲတဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ လျှာအရှည် ၃ ဒသမ ၉၇ လက်မနဲ့ ကမ္ဘာ့လျှာအရှည်ဆုံးအမျိုးသားအဖြစ် ၂၀၁၂ ခုနှစ်မှာ ဂင်းနစ်စံချိန်တင်ခဲ့သူဖြစ်ပြီး ရုပ်သံအစီအစဉ်တခုမှာ သူ့ရဲ့လျှာနဲ့ပန်းချီဆွဲတဲ့ ထူးခြားတဲ့စွမ်းရည်ကို ပြသခဲ့ပါတယ်။ သူဟာပန်းချီမဆွဲမီ လျှာကိုပလတ်စတစ်နဲ့စွပ်ပြီးနောက် ပန်းချီဆေးတွေမှုတ်ပြီး ကင်းဗတ်ပေါ်မှာ လျှာနဲ့ရေးဆွဲမှုပြုတာဖြစ်ပြီး ဒီအတွက်အတော်လေး လေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလိုလျှာနဲ့ပန်းချီဆွဲတဲ့နည်းကို လစ်ကာဆိုလို့ အမည်ပေးပြီး သူဆွဲခဲ့တဲ့ပန်းချီကားတွေကို ဒေါ်လာ ၁၂၀၀ အထိ စျေးပေး၀ယ်ယူမှုတွေရှိတယ်လို့ အဲဒီအမျိုးသားကပြောပါတယ်။ ကမ္ဘာ့လျှာအရှည်ဆုံးအမျိုးသမီးကတော့ ကယ်လီဖိုးနီးယားကျောင်းသူတဦးဖြစ်တဲ့ ချန်နယ်တက်ပ်ပါဖြစ်ပြီး သူ့ရဲ့လျှာဟာ ၃ ဒသမ ၈ လက်မအရှည်ရှိတယ်လို့ သိရပါတယ်။ Ref: Mirror #voiceofmyanmar #VOM #ဝါရှင်တန်

Read More

Brand New ယာဉ် တင်သွင်းရမယ့်သတ်မှတ်ချက် ကားဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနိုင်သလာယ

ဖေဖော်ဝါရီ ၂၃ – ၂၀၂၃ SN (VOM) စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ Brand New ယာဉ် တင်သွင်းရမယ့်သတ်မှတ်မှု ပြည်တွင်း ကားဈေးကွက်အပေါ် အနည်းနဲ့အများ ရိုက်ခတ်မှုရှိနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။ မော်တော်ယာဉ်အရောင်းပြခန်း (Show Room)တွေမှာ ရောင်းချဖို့ တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေက အသုံးမပြုရသေးတဲ့ ယာဉ်အသစ် (Brand New) ဖြစ်ရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စည်းကမ်းချက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ “အခု Brand New ဈေးကွက်က လောလောဆယ် EP ကို ပေးသွင်းထားတဲ့အတွက် EP တခုတည်းဆို ဘာမှ ရိုက်ခတ်မှု သိပ်မရှိနိုင်ပေမယ့် သူတို့က နောက်ပိုင်းမှာ ဘာတွေပေးသွင်းနိုင်သလဲဆိုတာရှိတာကိုး။ အခုက ပါမစ်က ၆ မျိုးလောက်ရှိတဲ့နေရာမှာ SKD…

Read More

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံရဲ့အားထုတ်မှုတွေကို ဥရောပသမဂ္ဂထောက်ခံ

ဂျကာတာ၊ ဖေဖော်ဝါရီ-၂၃-၂၀၂၃ မျိုးဆက်(VOM) မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ဥရောပသမဂ္ဂ(အီးယူ)က ထောက်ခံကြောင်း ဥရောပပါလီမန်အမတ်တဦးက ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းကနေ ရုန်းထွက်ဖို့အတွက် အာဆီယံရဲ့ကြိုးပမ်းအားထုတ်မှုတွေ အသီးအပွင့်ဖြစ်ပေါ်လာဖို့ မိမိတို့မျှော်လင့်ပြီး မြန်မာအာဏာပိုင်တွေအနေနဲ့ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်သင့်တယ်လို့ ဥရောပပါလီမန်အမတ် ဒေးဗစ်အက်အလီစတာက ဂျကာတာမှာ ပြောပါတယ်။ အဲဒီဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးရေးကြိုးပမ်းရာမှာ ယခုနှစ်အာဆီယံအလှည်ကျဥက္ကဌ အင်ဒိုနီးရှားကိုထောက်ခံဖို့ အာဆီယံက သဘောတူထားပါတယ်။ အာဆီယံဟာ အမေရိကန်နဲ့ တရုတ်ပြီးရင် ဥရောပသမဂ္ဂရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ဥရောပကုမ္ပဏီတွေဟာလည်း အာဆီယံမှာ ဒုတိယအကြီးဆုံး ရင်းနှီးမြုပ်နှံသူတွေဖြစ်ကြောင်း ဒေးဗစ်အက်အလီစတာက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဥရောပရင်းနှီးမြုပ်နှံမှုဘဏ်(EIB)ဟာ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသတွင်း လုပ်ငန်းတွေတိုးချဲ့ဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခဲ့ပါတယ်။ Ref:Antara #voiceofmyanmar #VOM #ဂျကာတာ

Read More

တရုတ်မှာ မိုင်းတွင်းပြိုကျမှုကြောင့် လူ ၅၀ ကျော်ပျောက်ဆုံးနေ

ပေကျင်း၊ ဖေဖော်ဝါရီ-၂၃-၂၀၂၃ မျိုးဆက်(VOM) တရုတ်နို်င်ငံမြောက်ပိုင်းမှာ မိုင်းတွင်းပြိုကျမှုကြောင့် လူနှစ်ဦးသေဆုံးသွားပြီး ၅၀ ကျော်ပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အဲဒီမတော်တဆမှုဟာ ဖေဖော်ဝါရီ ၂၂ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီကျော်မှည ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပူတပြင်းဆောင်ရွက်ဖို့ သမ္မတရှီကျင်းပင်က အမိန့်ထုတ်ထားပါတယ်။ လက်ရှိချိန်ထိ ဒဏ်ရာရသူခြောက်ဦးကို အခင်းဖြစ်ရာနေရာကနေ ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်သား ၂၀၀ ကျော်နဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ မိုင်းတွင်းဟာ အတွင်းမိုဂိုလီးယားဒေသရှိ အယ်လ်ဇာလိဂ်မှာ တည်ရှိကြောင်း တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ စက်မှုလုပ်ငန်းဆိုင်ရာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေကို လိုက်နာကျင့်သုံးမှု အားနည်းခြင်းတွေကြောင့် တရုတ်နိုင်ငံမှာ အလားတူမတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိတာဟာ အထူးအဆန်းမဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ကျောက်မီးသွေးတွင်းတခုမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် မိုင်းတွင်းလုပ်သား ၂၃ ဦးသေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း ရှန်ဒေါင်းပြည်နယ်ရှိ ရွှေတွင်းပေါက်ကွဲမှုကြောင့်…

Read More

မကွေးမှာ နေအိမ်(၁)လုံး မီးလောင်ပြီး လူ (၁) ဦးသေဆုံးခဲ့

ဖေဖော်ဝါရီ ၊ ၂၃ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ မကွေးမြို့ ၊ ပွဲကြို ၁၈ လမ်းနဲ့ နတ်မောက် လမ်းဆုံနေရာမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က နေအိမ်တလုံး မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အို တဦး မီးလောင်သေဆုံးခဲ့တယ်လို့ မကွေးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၇ နာရီဝန်းကျင်က ဖြစ်တာပါ ၊ လျှပ်စစ်ဝါယာရှောခ့်ကနေ မီးစတင်လောင်တာလို့ ကနဦး သိရတယ် ၊ မီးလောင်တဲ့ နေအိမ်ဟာ တံခါးတွေ ပိတ်ထားတာကြောင့် အိမ်ထဲက လူတဦး သေဆုံးသွားတယ်”လို့ မီးငြိမ်းသတ်ရာမှာ ပါဝင်ခဲ့သူ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ အဲ့ဒီ မီးလောင်တဲ့နေရာကို သွားရောက် ကူညီခဲ့တဲ့ ပရဟိတသမား တယောက်က ” လူသေဆုံးမှု ရှိတယ် ၊ သေဆုံးသူက…

Read More

ဇေယျာသီရိမြို့နယ်မှာ ဖယောင်တိုင်းမီးကနေတဆင့် နေအိမ် (၂၁)လုံး မီးလောင်ပျက်စီး

ဖေဖော်ဝါရီ ၂၂ -၂၀၂၃ GG(VOMO နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ရွာ မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် (၂၁)လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ၊ညနေပိုင်းမှာ နေအိမ်တအိမ်က ဖယောင်းတိုင်မီးကနေ စတင်မီးလောင်ကျွမ်းပြီး အဲ့ဒီကမှ နောက်ထပ်နေအိမ်တွေကို မီးကူးဆက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဘုရားကို ဖယောင်းတိုင်မီးထွန်းခဲ့ရာကနေ မီးလောင်တာလို့တော့ ကနဦးသိရတယ်။နေအိမ် ၁၉ လုံးကတော့ လုံးလုံးပြာကျပျက်စီးတယ်၊၂လုံးကတော့ နည်းနည်းကျန်တယ် ” လို့ ပျဥ်းမနားမြို့နယ် မိုးစေတနာ ပရဟိတအသင်းအဖွဲ့ဝင်တဦးကပြောပြပါတယ်။ ဒီနေ့ ညနေ ၄ နာရီ ၃၀ လောက်မှာ မီးလောင်ပြီး ၅ နာရီကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးလောင်မှုကြောင့် လူနဲ့တခြားတိရိစ္ဆာန်ထိခိုက်မှုတော့ မရှိဘူးလို့သိရပါတယ်။ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တဲ့ နေအိမ်တွေဟာ ကျွန်းသစ်တွေနဲ့တောက်ထားတဲ့ ပျဥ်ထောင်ပျဥ်ခင်းအိမ်တွေဖြစ်ပြီး လက်ရှိမှာ မီးဘေးသင့်ကျေးရွာဒေသခံ…

Read More

နိုင်ငံကူးလက်မှတ်တွေ ဖေဖော်ဝါရီ၂၄ ရက်နေ့ကစပြီး ပြန်လျှောက်နိုင်ပြီလို့ သိရ

ဖေဖော်ဝါရီ ၂၂ – ၂၀၂၃ GG(VOM) နိုင်ငံကူးလက်မှတ် Passport စာအုပ်ကို လာမယ့် ဖေဖော်ဝါရီ၂၄ ရက်နေ့ကစပြီး အွန်လိုင်းကနေ လျှောက်ထားနိုင်ပြီလို့ ဒီနေ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ပတ်စ်ပို့လျှောက်တဲ့အခါ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ Online Booking စနစ်သစ်ကို ကျင့်သုံးမှာဖြစ်ပြီး ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက ရုံးခွဲတွေအနေနဲ့ကတော့ အရင် လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ Online booking ယူဖို့ အခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာမြို့မရဲစခန်းကနေတဆင့် အကူအညီတောင်းခံပြီး လျှောက်ထားလို့ရတယ်လို့လည်း သိရပါတယ်။ ” ဟုတ်တယ် ပတ်စ်ပို့တွေပြန်လျှောက်လို့ရပြီလို့ သိရတယ်၊ စဖွင့်မယ့်နေကျမှ ပြေ၊မပြေသိရမယ်ဘယ်လိုတွေ ဖြစ်မလဲသေချာမပြောတတ်သေးဘူး။ဘာပဲဖြစ်ဖြစ် ရုံးတွေပြန်ဖွင့်ပြီး လျှောက်ရတာပဲ အတော်ဟုတ်နေပြီ၊ကျနော်တို့က စာအုပ်လုပ်ထားပြီးသား ထုတ်ဖို့စောင့်နေတာ”လို့ ပတ်စ်ပို့လျှောက်ထားသူတဦးကပြောပါတယ်။ Online Booking ရယူတဲ့အခါ အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူလျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကိုတော့…

Read More

သီပေါမြို့ရီရှင်းရွှေဆိုင်ပိုင်ရှင် ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ရွှေ ၆ ပိဿာကျော် ပါသွား

ဖေဖော်ဝါရီ ၂၂ – ၂၀၂၃ SN (VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့၊ အနောက်ရပ်ကွက်မှာ နေထိုင်တဲ့ ရီရှင်းရွှေဆိုင်ပိုင်ရှင်ဟာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဒုတိယအကြိမ်မြောက် ဓားပြတိုက်ခံခဲ့ရပြီး ရွှေ ၆ ပိဿာကျော် ပါသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ရွှေဆိုင်ပိုင်ရှင်က ဆိုင်သိမ်းပြီး အိမ်ပြန်လာချိန် ဆိုင်ကယ်နှစ်စီးနဲ့ လူ ၄ ဦးက သေနတ်ထောက်ကာ ဓါးပြတိုက်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ဆိုင်ရှင်မိသားစုက မနေ့ကညနေပိုင်း ဆိုင်သိမ်းပြီး ဟိုတယ်ကိုပြန်လာတာ။ ဟိုတယ်အရောက် ကားပေါ်ကအဆင်းမှာ နောက်ကနေ ကပ်လိုက်လာတဲ့ ဆိုင်ကယ်နှစ်စီးပေါ်က အမျိုးသား ၄ ဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတာ“ လို့ ဒေသခံတဦးက ပြောပါတယ်။ အဲ့ဒီ့ရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊…

Read More
VOM News

FREE
VIEW