နိုင်ငံကူးလက်မှတ်တွေ ဖေဖော်ဝါရီ၂၄ ရက်နေ့ကစပြီး ပြန်လျှောက်နိုင်ပြီလို့ သိရ

ဖေဖော်ဝါရီ ၂၂ – ၂၀၂၃
GG(VOM)

နိုင်ငံကူးလက်မှတ် Passport စာအုပ်ကို လာမယ့် ဖေဖော်ဝါရီ၂၄ ရက်နေ့ကစပြီး အွန်လိုင်းကနေ လျှောက်ထားနိုင်ပြီလို့ ဒီနေ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ပတ်စ်ပို့လျှောက်တဲ့အခါ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ Online Booking စနစ်သစ်ကို ကျင့်သုံးမှာဖြစ်ပြီး ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက ရုံးခွဲတွေအနေနဲ့ကတော့ အရင်
လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Online booking ယူဖို့ အခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာမြို့မရဲစခန်းကနေတဆင့် အကူအညီတောင်းခံပြီး လျှောက်ထားလို့ရတယ်လို့လည်း သိရပါတယ်။

” ဟုတ်တယ် ပတ်စ်ပို့တွေပြန်လျှောက်လို့ရပြီလို့ သိရတယ်၊ စဖွင့်မယ့်နေကျမှ ပြေ၊မပြေသိရမယ်ဘယ်လိုတွေ ဖြစ်မလဲသေချာမပြောတတ်သေးဘူး။ဘာပဲဖြစ်ဖြစ် ရုံးတွေပြန်ဖွင့်ပြီး လျှောက်ရတာပဲ အတော်ဟုတ်နေပြီ၊ကျနော်တို့က စာအုပ်လုပ်ထားပြီးသား ထုတ်ဖို့စောင့်နေတာ”လို့ ပတ်စ်ပို့လျှောက်ထားသူတဦးကပြောပါတယ်။

Online Booking ရယူတဲ့အခါ အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူလျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကိုတော့ သတ်မှတ်နှုန်းထားအတိုင်း တပါတည်းပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။

ပတ်စ်ပို့လျှောက်ထားမှုကို လူတိုင်း အလွယ်တကူ လျှောက်ထားနိုင်ဖို့​စီစဉ်ထားလို့ ကြားခံပွဲစားတွေနဲ့ အခကြေးငွေပေးပြီး လျှောက်ထားခြင်းမပြုဖို့လည်း ပြောဆိုထားပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ယာယီပိတ်ကာ လုပ်ငန်းစဥ်တွေအားလုံး ရပ်နားခဲ့ပြီး MOU စနစ် အလုပ်သမားတွေနဲ့ ဗုဒ္ဓဂါယာဘုရားဖူး ခရီးသွားတွေကိုသာ ပတ်စ်ပို့တွေထုတ်ပေးနေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နိုင်ငံကူးလက်မှတ် #ပြန်လျှောက်နိုင်ပြီ

Related posts

Leave a Comment

VOM News

FREE
VIEW