မကွေးမှာ နေအိမ်(၁)လုံး မီးလောင်ပြီး လူ (၁) ဦးသေဆုံးခဲ့

ဖေဖော်ဝါရီ ၊ ၂၃ -၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ မကွေးမြို့ ၊ ပွဲကြို ၁၈ လမ်းနဲ့ နတ်မောက် လမ်းဆုံနေရာမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က နေအိမ်တလုံး မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အို တဦး မီးလောင်သေဆုံးခဲ့တယ်လို့ မကွေးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဒီမနက် ၇ နာရီဝန်းကျင်က ဖြစ်တာပါ ၊ လျှပ်စစ်ဝါယာရှောခ့်ကနေ မီးစတင်လောင်တာလို့ ကနဦး သိရတယ် ၊ မီးလောင်တဲ့ နေအိမ်ဟာ တံခါးတွေ ပိတ်ထားတာကြောင့် အိမ်ထဲက လူတဦး သေဆုံးသွားတယ်”လို့ မီးငြိမ်းသတ်ရာမှာ ပါဝင်ခဲ့သူ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်တဲ့နေရာကို သွားရောက် ကူညီခဲ့တဲ့ ပရဟိတသမား တယောက်က ” လူသေဆုံးမှု ရှိတယ် ၊ သေဆုံးသူက ဒေါ်ခင်ပိုက် ဆိုသူဖြစ်ပြီး အသက်ကတော့ ၇၅ နှစ်အရွယ် ဖြစ်တယ် ” လို့ ပြောပါတယ်။

မကွေးမြိို့မှာ မီးလောင်တာနဲ့ မီးလန့်တာတွေ မကြာခဏဖြစ်ပွားတတ်ပေမယ့် ဒီနှစ်ထဲမှာ မီးလောင်လို့ လူသေဆုံးတာဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မကွေး #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW