ကယုကယင် လျောက်ပတ်တင့်တယ် မင်္ဂလာမောင်မယ်

ဆူးငှက်

မြန်မာစကားတွင် “ကယုကယင်” ဟူသော စကားလုံးရှိသည်။ တကယ်တော့ ထိုစကားလုံးက ပါရာဏ စကားလုံးဖြစ်သည်။ အဓိပ္ပာယ်က “သင့်လျော်ကောင်းမွန်၊ ကျွမ်းကျင် လိမ္မာ၊လျောက်ပတ် တင့်တယ်” ဟူ၍ဖြစ်သည်။ တွင်းသင်းမင်းကြီး၏ ဘလ္လာတိယ ပျို့တွင် “စ်သက်ဖွယ်မှု၊ မင်းရတု၌ ၊ကယုကယင် ကျွမ်းဝင်လိမ္မာ”ဟု ပါရှိသည်။ ထိုအပိုဒ်သည် ကယုကယင် ၏ အနက်ဖြစ်သည်။

“ကျွမ်းဝင်လိမ္မာ” တဲ့။ အဘယ်အရာကို ကျွမ်းဝင်လိမ္မာ ရမည်နည်း။ အဘယ်ကဲ့သို့ ကျွမ်းဝင်လိမ္မာရမည်နည်း။ ထိုမေးခွန်းနှင့် ပတ်သက်၍ ပျို့တွင် ဆက်လက် ရှင်းလင်း ဖွင့်ဆိုထားသည်။ “ နံ့သာထုံအေး၊ ဆီးမွှေး ပန်းသတ်” တဲ့။ မိန်းကလေးများ နံ့သာလိမ်းကျံမှု ၊ ဆံသေသာတွင် ဆီမွှေး လိမ်းကျံမှု
ပြုကြသောအခါ ကျွမ်းဝင် လိမ္မာစေ၊ ထို့ပြင် ထိုနံ့သာ ထိုဆီမွှေးတို့ကိုလည်း ကိုယ်တိုင် ကျွမ်းကျင်လိမ္မာစွာ ပြုလုပ်ဖန်တီးနိုင်စေ။ ဤသို့ဆိုသည်။ ရှေးက နံ့သာ ဆီမွှေးဟူသည် အဆင်သင့်ပြုလုပ်ရောင်းချမှု မရှိပေ။ ထို့ကြောင့် ကိုယ်တိုင်ပြုလုပ်မှုတွင် ကနဦးနှမ်းချွတ်ရမည်။ အစမ်းချွတ်သည်ဆိုရာတွင် အမှော်အဖျင်းကင်း၍ သန့်စင်သော နှမ်းကို နေပြင်းငြင်းတွင် လှန်းရ၏။ နေပြင်းပြင်းလှန်းလိုက်သောအခါ နှမ်း၏ အပေါ်လွှာလေးကျွတ်ကာ ဖြု၍သန့်သော နှမ်းစေ့ကိုချည်းရသည်။ ထိုနေလှန်း၍ အပေါ်ခွံကျွတ်သော နှမ်းစေးသုတ်ထား နှမ်းစေ့ အပူမကုန်မီ သစ်စေးသုတ်ထားသော တောင်းအတွင်း အောက်ခြေတွင် လတ်လတ်ဆတ်ဆတ် စပယ်ပန်းများ ချွေထည့်ထားသည့်အပေါ်၌ ထိုနှမ်းကို ထည့်ပါလေ။ ထို့နောက် စပယ်တစ်ထပ် နှမ်းတစ်ထပ် စသည်ဖြင့် ခင်းကာ တောင်းကို အလုံပိတ်စေ၏။ ထိုပန်းများနွမ်းလျှင် ဆန်ခါနှင့်ချကာ နှမ်းကို တစ်ခါပြန်လှန်း၊ ပြီးလျှင်နောက်ထပ် စပယ်ပန်းအသစ်တစ်ထပ် စောစောက နေပြန်လှမ်းထားသော နှမ်းတစ်ထပ် စသည်ဖြင့် ၇ကြီမ် ၇လီ ပြုလုပ်ပြီးသောအခါ နှမ်းချည်းယူ၍ လက်ထဲထည့် နမ်းကြည့်ရုံမျှပင် စပယ်ရနံ့ ထုံသင်းနေပေမည်။ ထိုအခါ
မင်္ဂလာဆုံတော်တွင် နှမ်းကို ဆီကြိတ်သောအခါ စပယ်ရနံ့သင်းသော စပယ်ဆီရလေသည်။ ထိုနည်းအတိုင်း မြလေးပန်းနှင့် မြလေးဆီ၊ဒေါနပန်းနှင့်ဒေါနဆီတို့ ကိုယ်တိုင်ပြုလုပ်တတ်ရမည်။ ထိုဆီမွှေးနှင့် မျက်နှာ ကိုယ်ခန္ဓာ ဆံကေသာတို့ လိမ်းကျံပြင်ဆင် ထုံးဖွဲ့ အမြင်တင့်တယ်ပါစေ။ ထိုအရာသည် “နံ့သာထုံအေး၊ ဆီမျွှေးပန်းသတ်၊ လတ်ရရတ်တည့်” ဟု ဆိုလေသောကြောင့် ရွှေနန်းတော်တွင်း အပျိုတော်တို့ အခြေခံအနေနှင့်ပင် တတ်မြောက်အပ်သည်။

အပျိုတော်ဟူသည် အငြိမ့်အပျိုတော်မှအစ မှန်နန်းအပျိုတော်အထိ နေပုံထိုင်ပုံ ပြောပုံဆိုပုံ သွားပုံလာပုံ ဖီးပုံလိမ်းပုံ ဝတ်ပုံစားပုံ ပြင်ပုံဆင်ပုံ ကျက်သရေရှိအောင် နေထိုင်တတ်ရသည်။ ထိုမှတဆင့် “နံ့သာထုံအေး၊ ဆီမျွှေးပန်းသတ်၊ လတ်ရေရတ်တည့်၊ ရစ်ပတ်ထုံးသင်၊ အသွင်နတ်နှုန်း၊ ချစ်ခင်တုန်းသာ၊သွေးစုံညက်ဖြူ၊ ရွှေနန်းသူတို့၊ ချစ်မှု ချစ်ရာ၊ ချစ်ပျူငှာနှင့်၊ သံသာညှင်းညှင်း၊ တရွှင်းရွှင်းလျှင်၊စောင်းညှင်းနှဲပြွေ၊ ကချေသဘင်၊ ပဉ္စင်ပျံ့ဖြည်း၊ အနည်းနည်းဖြင့်၊ဖျော်လည်းထေ့ထေ့၊ မပျော်မွေ့ခဲ့” ဟူသည် အားလုံး “ကယုကယင်”အောက်က ကိစ္စချည်းဖြစ်သည်။

အပျိုတော်တို့သည် မိန်းမမြတ်တို့ သိအပ် တတ်အပ် ကျွမ်းကျင်အပ်သော ဆီမွှေးတို့ပြုလုပ်ကာ တင့်တယ်အောင် လိမ်းကျံခြင်းမှသည် ချစ်မှု ချစ်ရာ အချစ်ပျူငှာနှင့် သျှတ္တရအမှုမှာလည်း သိတတ် လိမ္မာရမတဲ့။ ထိုမျှမက တူရိယာတီးခတ်ခြင်း သီချင်းသံသာ တီးခတ် သီဆို ကခုန်ခြင်းလည်း တတ်ရမတဲ့။ ဤသို့ဆိုသည်။ ထို့ကြောင့် နန်းတွင်းအပျိုတော်တို့အတွက်
လိုက်နာကျင့်ကျံဖွယ် ပရပိုက်တို့ ရှိခဲ့ခြင်းဖြစ်သည်။

ချုပ်၍ ဆိုရသော် မိန်းမတို့၏ အပြင်အဆင် အနေအထိုင်သာမက အိမ်ထောင့်ရှင်တာဝန်အထိ သိ တတ် ကျွမ်းဝင်ခင်းသည် “ကယုကယင် (ဝါ)
သင့်လျော်ကောင်းမွန်၊ ကျွမ်းကျင် လိမ္မာ၊လျာက်ပတ် တင့်တယ်”ခင်းပင်ဖြစ်ပါ၏။

ထို့ကြောင့် မန္တလေးတွင် ပါတော်မူပြီးနောက်ပိုင်းအထိ သမီးမိန်မပျိုတို့ မင်္ဂလာဆောင်နှင်း အိမ်ထောင်ပြုမည်ဆိုပါက အိမ်ထောင်မပြုမီ ၇ရက်တစ်ပတ်ခန့် အရပ်ထဲရှိ အပျိုခေါင်းကြီးများထံ ညအိပ်ညနေသွားရောက်ကာ “ကယုကယင်” ကိစ္စတို့ တိုးတိုးတိတ်တိတ် သင်ကြရသည့် အစဉ်အလာရှိခဲ့သည်။ ထို
အပျိုခေါင်းကြီးများက ရွှေနန်းတော်တွင်းက အပျိုတော် လက်ဟောင်း လက်ကျကြီးများ ဖြစ်ကြသတဲ့။

ထို့ကြောင့် မန္တလေးသားကြီး ဆရာမြို့မငြိမ်းက သူ့အရင်းနှီးဆုံး မိတ်ဆွေလည်းဟုတ် ဆရာလည်းဟုတ်သော ဓားတန်းဦးသန့်၏ သမီးကြီး မမညွန့် က သတို့သား မောင်ခင်မောင်နှင့် ၁၉၅၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မင်္ဂလာဆောင်သောအခါ မင်္ဂလာလက်ဖွဲ့အဖြစ် သီချင်းတစ်ပုဒ်ရးစပ်ခဲ့သည်။ သီချင်း အမည်က “မင်္ဂလာမောင်မယ်”ဖြစ်ပါ၏။ မြို့မတူရိယာအသင်းက သီဆိုတီးမှုတ်ခဲ့သော “မင်္ဂလာမောင်မယ်” သီချင်းတွင် “မိဘဝတ္တရား၊ ချီးမြှင့်အပ်သော အရွယ်ပေ…လျောက်ပတ်တင့်တယ်၊ရွေးချယ် မျိုးနွယ်တူဆွေ၊ သုဘဒြအခါ မင်္ဂလာရက်၌လေ.. စုလျားရစ်ခွေဇာတိရသ်၊ ပတ္တမြား နိတုံရွှေ၊ မင်္ဂလာစုပေါင်းကျက်သရေ၊ ရှိကြောင်း ဆုချွေ
လိုရာ အဖြာဖြာ၊အောင်ပါစေ မောင်မယ်တွေ၊ မြို့မအေးငြိမ့်မြူးနွဲ့ ဝမ်းမြောက်တဲ့ အောင်သံပေ အေးမြမြသာပေါ့၊ သာပေါ့ဆွေ..” ဟု သတို့သမီးက ‘လျောက်ပတ်တင့်တယ် (ဝါ) ကယုကယင်’တတ်ကျွမ်းကျင်သည် ဟု ထီးဆန် နန်းဆန် ထီးဟန် နန်းဟန် ထီးဓလေ့ နန်းဓလေ့ ပါအောင် ရေးစပ်ခဲ့ခြင်းဖြစ်ပါသည်။

မင်္ဂလာမောင်မယ် (မြို့မငြိမ်း)
– သံသာကမ်းတိုင်၊ တူပြိုင်ကူးမယ်လ၊ ဆုထူးကို၊မောင်မယ်စုံချွေ၊ ဟို….ရှေးရေစက် ခိုင်မြဲ လွဲမသွေ… ဖူးစာဖက်နှင့် ချစ်သက်ဝေ….ချစ်တဲ့ သက်ဝေ၊ မောင့်အသည်းဆိုင် မယ်ပါပဲလေ…မယ့်အသည်းဆိုင်
မောင်ပါပဲလေ…စွဲမြဲတည်နေ…ကမ္ဘာတိုင်အောင်လေ၊ သူနိုင်ငါနိုင် သစ္စာမဏ္ဍိုင် ချစ်ခြင်းပြိုင်မယ်လေ၊
– မိဘဝတ္တရား၊ ချီးမြှင့်အပ်သော အရွယ်ပေ…လျောက်ပတ်တင့်တယ်၊ ရွေးချယ် မျိုးနွယ်တူဆွေ၊ သုဘဒြအခါ မင်္ဂလာရက်၌လေ..စုလျားရစ်ခွေ ဇာတိရသ်၊ ပတ္တမြား နိတုံရွှေ၊ မင်္ဂလာစုပေါင်းကျက်သရေ ရှိကြောင်း ဆုချွေ၊ လိုရာ အဖြာဖြာအောင်ပါစေ မောင်မယ်တွေ၊ မြို့မ အေးငြိမ့်မြူးနွဲ့ ဝမ်းမြောက်တဲ့ အောင်သံပေ အေးမြမြသာပေါ့၊ သာပေါ့ဆွေ..
– မောင်ရှေ့ကို တည့်တည့်လျှောက်မယ်လေ၊ မယ်လည်း တည့်တည့်လိုက်ကာ လျှောက်တယ်မောင်ရေ…
ဟောဟိုအရာ အဖြူပါပေ မြင်သလားမေ၊ဘော်သာခွာကြူ၊ ပုလဲဖြူ၊မြင်သားပေါ့သက်ဝေ၊ ဘုရားသွားကျာင်းတက်၊ စိတ်တူ ကိုယ်တူ၊ကြည်ဖြူမောင်မယ်ဆွေ၊ မယ်ကား လယ်မြေ၊ မောင်ကား မိုးကောင်းရေ၊ လာကီအမြုတေ၊ သီးပွင့်ဖြိုးဝေ၊ ရာသက်တိုင်လုံး၊ ရွှင်ပျော်နေ…….”

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW