ကိုလံဘီယာဆန္ဒပြသူတွေ ဓါးစာခံအဖြစ်ဖမ်းဆီးတဲ့ ရဲ ၇၉ ဦး ပြန်လည်လွတ်မြောက်လာ

ဘိုဂိုတာ၊ မတ်-၄-၂၀၂၃ မျိုးဆက်(VOM) ကိုလံဘီယာနိုင်ငံတောင်ပိုင်း ကာကွီတာပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုအတွင်း ဆန္ဒပြသူတွေက ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့၀င် ၇၉ ဦးနဲ့ ရေနံအလုပ်သမားတွေ ပြန်လွတ်လာပြီဖြစ်ကြောင်း ကိုလံဘီယာသမ္မတက ပြောပါတယ်။ ရေနံကုမ္ပဏီတခုကို ဒေသခံတွေက ပိတ်ဆို့ဆန္ဒပြမှုတွေပြုလုပ်ပြီးနောက် အဲဒီဒေသက လမ်းတွေဖောက်လုပ်ရေးကူညီပေးဖို့ တောင်းဆိုမှုတွေနဲ့အတူ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့၀င်တဦးနဲ့ အရပ်သားတဦးတို့သေဆုံးခဲ့ပြီး ဒီသေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ ကိုလံဘီယာသမ္မတ ပက်ထရိုက ညွှန်ကြားထားပါတယ်။ ရေနံကုမ္ပဏီဘက်ကတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရား၀င်မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ ကိုလံဘီယာရှိ စွမ်းအင်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေအနီးဒေသများတွင် လမ်းများ၊ စာသင်ကျောင်းများအပါအ၀င် အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ပေးဖို့ ဒေသခံတွေရဲ့ ဆန္ဒပြမှုတွေက ဖြစ်လေ့ရှိပါတယ်။ အဲဒီဒေသမှာ ၂၀၁၆ ခုနှစ်ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်ထားတဲ့ ဖက်သူပုန်အဖွဲ့ရှိနေတဲ့အတွက် ဆူပူအုံကြွမှုတွေဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ Ref:BBC #voiceofmyanmar #VOM #ဘိုဂိုတာ

Read More

စစ်တွေ ဆီဆိုင်တန်းမှာ မီးလောင်မှုဖြစ်ပြီး လူ တဦးဒဏ်ရာရကာ ဆီသိုလှောင်ရုံ တခု မီးလောင်ဆုံးရှုံး

မတ် ၄- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ဆီဆိုင်တန်းမှာ ဒီကနေ့ မနက် ၁၁ နာရီ မိနစ် ၄ဝ ကျော်လောက်က မီးလောင်မှုဖြစ်ပြီး မီးဝိုင်းဝန်းငြိမ်းတဲ့ ပြည်သူတဦး ဒဏ်ရာရရှိကာ စက်သုံးဆီသိုလှောင်ရုံတခု ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း စစ်တွေမြို့နယ် မီးသတ်ဌာနက ပြောပါတယ်။ ” မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ဆေးနေတုန်းပဲရှိပါသေးတယ်။ ကျနော်တို့ နောက်ပိုင်းမှာ ထုတ်ပြန်ပေးသွားဖို့ရှိပါတယ်။” လို့ မီးသတ်ဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။ မီးလောင်မှုဖြစ်စဥ်မှာ ဦးအေးကျော် စက်သုံးဆီအရောင်းဆိုင်က ဆီသိုလှောင်ရုံပါသွားတာလို့ ​မျက်မြင်မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းတို့က ပြောပါတယ်။ ” မီးလောင်တာဟုတ်ပါတယ်။ ပထမဆုံး မီးခိုးလိတ်တွေ တက်လာတာမြင်ရပြီး ပေါက်ကွဲသံတချို့လည်းကြားရပါတယ်။ ကျမတို့ အဲဒီကိုသွားကြည့်တော့ ဆီတန်းမှာ မီးလောင်တာလို့သိလိုက်ရပါတယ်။ လူတွေကအတော်ထိတ်လန့်သွားကြတယ်။” လို့ စစ်တွေမြို့ခံ အမျိုးသမီး တဦးက ပြောပါတယ်။…

Read More

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘီလာရုစ်နိုင်ငံသား ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

  မင့်စ်၊ မတ်-၄-၂၀၂၃ မျိုးဆက်(VOM) ဘီလာရုစ်အာဏာပိုင်တွေဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘီလာရုစ်နိုင်ငံသား အဲလက်စ်ဘီယာလီယာစကီးကို ကို မတ် ၃ ရက်မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ သူဟာအများပြည်သူဆိုင်ရာ အမိန့်တွေကိုချိုးဖောက်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်ခြင်း၊ ကျူးလွန်သူတွေကို ငွေကြေးထောက်ပံ့ခြင်း စတဲ့စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း တရားရုံးကဆုံးဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အလက်ဇန်းဒါလူကာရှန်ကိုရဲ့ ဘီလာရုစ်အစိုးရဟာ အသက် ၆၀ အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာဘီယာလီယာစကီးကို နှုတ်ပိတ်ဖို့ကြိုးစားနေခြင်းဖြစ်ကြောင်း ထောက်ခံသူတွေက ဝေဖန်ပြောဆိုပါတယ်။ မစ္စတာဘီယာလီယာစကီးဟာ ၂၀၂၂ ခုနှစ် နိုင်ဘယ်ငြိမ်းချမ်းရေးဆုရှင်တွေထဲက တဦးဖြစ်ပါတယ်။ သူဟာလွန်ခဲ့တဲ့နှစ်ကအငြင်းပွားဖွယ်ရွေးကောက်ပွဲအပြီးဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံခဲ့ရပြီး အစိုးရဆန့်ကျင်ရေးတွေမှာ ငွေကြေးထောက်ပံ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။ အခုလိုပြစ်ဒဏ်စီရင်ခြင်းဟာ မစ္စတာမစ္စတာဘီယာလီယာစကီးအတွက် ဖြစ်ရပ်ဆိုးကြီးဖြစ်ပြီး စွဲချက်တွေဟာ နိုင်ငံရေးအရ ခြေထိုးမှုတရပ်ဖြစ်ကြောင်း နော်ဝေနိုဘယ်ဆုကော်မတီက ဝေဖန်ပြောဆိုထားပါတယ်။ Ref:BBC #voiceofmyanmar #VOM #မင့်စ်

Read More

အမြန်လမ်း ဒို့ညီနောင် ကားမှောက်မှု သေဆုံး၃ဦးမှာ လက်ဝှေ့ချန်ပီယံ ရွှေဓူဝံ နဲ့စစ်တပ်ကအရာရှိတဦးလည်းပါဝင်

မတ် ၄ – ၂၀၂၃ GG(VOM) ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၇ မှာ ဒီနေ့မတ်လ ၄ ရက်နေ့မနက် ၄ နာရီခွဲလောက်က ဒို့ညီနောင် Express ကားမှောက်မှုမှာ မြန်မာ့လက်ဝှေ့ချန်ပီယံ ရွှေဓူဝံ နဲ့ စစ်တပ်ကအရာရှိတဦးအပါ ၃ ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်သူဆီကသိရပါတယ်။ “ရွှေဓူဝံပါတယ် သူကလက်ပြတ်သွားတယ်၊ နောက်တယောက်က တပ်မတော်အရာရှိတဦးပါတယ်။၊နောက်တယောက်က ကားစပါယ်ယာသေတယ်။ နေပြည်တော်ပို့တဲ့သူတွေက မျက်နှာ၊ခြေထောက်ကျိုးတာ၊လက်ကျိုးတာပေါ့၊အကုန်လုံးဓာတ်မှန်ရိုက်ပြီးပို့တာ။လသားကလေးလည်းပါတယ်။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးကပြောပါတယ်။ သေဆုံးသွားတဲ့ တပ်အရာရှိဆိုသူဟာ ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ကားပေါ်မှာ ၃၁ ယောက်ပါပြီး ထိခိုက်ဒဏ်ရာရရှိသူက အမျိုးသား ၁၅ ယောက်၊အမျိုးသမီး ၁၀ ယောက်နဲ့ သေဆုံးက ၃ ယောက်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေအထဲက စိုးရိမ်ရတဲ့ လသားအရွယ် ကလေးငယ်အပါအဝင် ၁၀ ယောက်ကိုတော့ နေပြည်တော်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဒဏ်ရာရရှိသူတွေထဲက…

Read More

လားရှိုးမြို့ရှိ ရွှေတောင်တန်း သောက်ရေသန့်စက်ရုံ မီးလောင်

မတ် ၄၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁၀၊ နယ်မြေ ၁၊ ဂေါက်ကွင်းလမ်းရှိ ရွှေတောင်တန်း သောက်ရေသန့်စက်ရုံမှာ ဒီနေ့ မတ်လ ၄ ရက် မနက် အစောပိုင်း၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လားရှိုးမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ဟောင်းနွှမ်းနေတဲ့ ဝါယာကြိုးတွေ ဝန်အားမမျှ သုံးစွဲလို့ အဲ့ဒီကနေပြီးတော့ စဖြစ်တာပါဗျ။” လို့ မီးသတ်ဦးစီး အရာရှိ ဦးမင်းမင်းသစ်က VOM ကို ပြောပါတယ်။ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့ ရပ်ကွက် ၁၀၊ ရပ်ကွက် ၅၊ ရပ်ကွက် ၃ နဲ့ လားရှိုး စည်ပင် တို့မှ မီးသတ်ယာဉ် နဲ့ ရေသယ်ယာဉ် စုစုပေါင်း ၁၃ စီးနဲ့ ၂ နာရီခွဲခန့်ကစ မီးငြှိမ်းသတ်ရာ…

Read More

တောင်ကြီး-မြဝတီ ခရီးသည်တင်ကား အမြန်လမ်းမှာမှောက်လို့ လူသေဆုံးမှုတွေရှိ

မတ် ၄ – ၂၀၂၃ GG(VOM) ရန်ကုန် မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၇ မှာ တောင်ကြီး မြဝတီ ပြေးဆွဲတဲ့ ဒို့ညီနောင် Express ကားတိမ်းမှောက်လို့ ၃ ယောက်သေပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီကသိရပါတယ်။ ဒီနေ့ မတ်လ ၄ ရက်နေ့မနက်အစော ၄ နာရီခွဲလောက်မှာ ကားကအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ခုလူနာတွေကိုစောင့်နေတာ ဆေးရုံမှာပါ။နေပြည်တော်ကိုလွှဲရမယ်သူတွေရှိတယ်။ကားကအကွေ့မှာအရှိန်များပြီးမှောက်တဲ့သဘောပါသေတာ ၃ယောက်၊ ဒဏ်ရာရတာ၃၀ ပါ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကေတုလူမှူကူညီရေးအသင်းကသိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ယောကျ်ားလေးက ၂၁ ယောက်၊မိန်းကလေးက ၉ ယောက်ဖြစ်ပြီး သေဆုံးက ကျား၂ ယောက်နဲ့နောက်ထပ်တယောက်လို့ကနဦးသိရပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူတွေအားလုံးကို ဆွာဆေးရုံကိုပို့ဆောင်ထားပြီးအဲ့ဒီထဲကမှာ ကလေး၁ယောက်၊အမျိုးသမီး၁ယောက်နဲ့အမျိုးသား၁ယောက်ကို နေပြည်တော်ဆေးရုံကိုပို့ဆောင်ဖို့လုပ်နေတယ်လို့သိရပါတယ်။ ” ကျနော့်ညီကားပေါ်ပါတယ်၊သူဿားမှောက်တာလှမ်းဆက်လိ့ုအသိတွေအကူညီတောင်းတော့အသိတွေက ကူညီရေးအသင်းတွေဆက်ပေးတာ။မှောက်တာက ၄နာရိခွဲလောက်၊ကူညီရေးတွေက၅နာရိကျော်လောက်မှာရောက်တယ်လို့သိရတယ် ” လို့ကားပေါ်ပါခရီးသည်တဦးရဲ့ အကိုဖြစ်သူကပြောပြပါတယ်။…

Read More

ပင်လောင်းက စစ်ရှောင်(၅)ထောင်ဝန်းကျင် စားနပ်ရိက္ခာ နဲ့ဆေးဝါးတွေ အရေးပေါ် အကူအညီလိုအပ်နေ

မတ် ၄-၂၀၂၃ MM [VOM] ရှမ်းပြည်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်က ဒေသခံ စစ်ရှောင်အယောက် ၅၀၀၀ ဝန်းကျင်အတွက် စားနပ် ရိက္ခာနဲ့ အသုံးအဆောင်တွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ ”ဆန်အပါအဝင် စားနပ်ရိက္ခာတွေနဲ့ အနွေးထည်၊ စောင်၊ ဆေးဝါးတွေ အဓိက လိုအပ်နေတယ်၊ အခုသောက်သုံးရေတွေကလည်း ခမ်းခြောက်လာတယ်၊ ရေက စတင် ရှားပါလာပြီး အရေးပေါ်လိုအပ်နေတယ်၊ ဘာမှကို မရှိတာ ၊ စစ်ရှောင်က ၅၀၀၀ ကျော်မှာပဲရှိတယ် ၊ ဒီအတိုင်းဆို အကုန် ဒုက္ခရောက်တော့မှာ။”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တခုမှ တာဝန်ခံတယောက်က ပြောပါတယ်။ အခုလို အယောက် ၅၀၀၀ ကျော်အထိရှိလာတဲ့ စစ်ရှောင်တွေဟာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)နဲ့ တပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေဖြစ်တယ်လို့သိရပြီး တိုက်ပွဲတွေဟာ ဒီကနေ့အထိ…

Read More

ကယုကယင် လျောက်ပတ်တင့်တယ် မင်္ဂလာမောင်မယ်

ဆူးငှက် မြန်မာစကားတွင် “ကယုကယင်” ဟူသော စကားလုံးရှိသည်။ တကယ်တော့ ထိုစကားလုံးက ပါရာဏ စကားလုံးဖြစ်သည်။ အဓိပ္ပာယ်က “သင့်လျော်ကောင်းမွန်၊ ကျွမ်းကျင် လိမ္မာ၊လျောက်ပတ် တင့်တယ်” ဟူ၍ဖြစ်သည်။ တွင်းသင်းမင်းကြီး၏ ဘလ္လာတိယ ပျို့တွင် “စ်သက်ဖွယ်မှု၊ မင်းရတု၌ ၊ကယုကယင် ကျွမ်းဝင်လိမ္မာ”ဟု ပါရှိသည်။ ထိုအပိုဒ်သည် ကယုကယင် ၏ အနက်ဖြစ်သည်။ “ကျွမ်းဝင်လိမ္မာ” တဲ့။ အဘယ်အရာကို ကျွမ်းဝင်လိမ္မာ ရမည်နည်း။ အဘယ်ကဲ့သို့ ကျွမ်းဝင်လိမ္မာရမည်နည်း။ ထိုမေးခွန်းနှင့် ပတ်သက်၍ ပျို့တွင် ဆက်လက် ရှင်းလင်း ဖွင့်ဆိုထားသည်။ “ နံ့သာထုံအေး၊ ဆီးမွှေး ပန်းသတ်” တဲ့။ မိန်းကလေးများ နံ့သာလိမ်းကျံမှု ၊ ဆံသေသာတွင် ဆီမွှေး လိမ်းကျံမှု ပြုကြသောအခါ ကျွမ်းဝင် လိမ္မာစေ၊ ထို့ပြင် ထိုနံ့သာ ထိုဆီမွှေးတို့ကိုလည်း ကိုယ်တိုင် ကျွမ်းကျင်လိမ္မာစွာ ပြုလုပ်ဖန်တီးနိုင်စေ။…

Read More
VOM News

FREE
VIEW