နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘီလာရုစ်နိုင်ငံသား ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

 

မင့်စ်၊ မတ်-၄-၂၀၂၃
မျိုးဆက်(VOM)

ဘီလာရုစ်အာဏာပိုင်တွေဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘီလာရုစ်နိုင်ငံသား အဲလက်စ်ဘီယာလီယာစကီးကို ကို မတ် ၃ ရက်မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။

သူဟာအများပြည်သူဆိုင်ရာ အမိန့်တွေကိုချိုးဖောက်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်ခြင်း၊ ကျူးလွန်သူတွေကို ငွေကြေးထောက်ပံ့ခြင်း စတဲ့စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း တရားရုံးကဆုံးဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အလက်ဇန်းဒါလူကာရှန်ကိုရဲ့ ဘီလာရုစ်အစိုးရဟာ အသက် ၆၀ အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာဘီယာလီယာစကီးကို နှုတ်ပိတ်ဖို့ကြိုးစားနေခြင်းဖြစ်ကြောင်း ထောက်ခံသူတွေက ဝေဖန်ပြောဆိုပါတယ်။

မစ္စတာဘီယာလီယာစကီးဟာ ၂၀၂၂ ခုနှစ် နိုင်ဘယ်ငြိမ်းချမ်းရေးဆုရှင်တွေထဲက တဦးဖြစ်ပါတယ်။

သူဟာလွန်ခဲ့တဲ့နှစ်ကအငြင်းပွားဖွယ်ရွေးကောက်ပွဲအပြီးဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံခဲ့ရပြီး အစိုးရဆန့်ကျင်ရေးတွေမှာ ငွေကြေးထောက်ပံ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။

အခုလိုပြစ်ဒဏ်စီရင်ခြင်းဟာ မစ္စတာမစ္စတာဘီယာလီယာစကီးအတွက် ဖြစ်ရပ်ဆိုးကြီးဖြစ်ပြီး စွဲချက်တွေဟာ နိုင်ငံရေးအရ ခြေထိုးမှုတရပ်ဖြစ်ကြောင်း နော်ဝေနိုဘယ်ဆုကော်မတီက ဝေဖန်ပြောဆိုထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #မင့်စ်

Related posts

Leave a Comment

VOM News

FREE
VIEW