တောင်ကြီး-မြဝတီ ခရီးသည်တင်ကား အမြန်လမ်းမှာမှောက်လို့ လူသေဆုံးမှုတွေရှိ

မတ် ၄ – ၂၀၂၃
GG(VOM)

ရန်ကုန် မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၇ မှာ တောင်ကြီး မြဝတီ ပြေးဆွဲတဲ့ ဒို့ညီနောင် Express ကားတိမ်းမှောက်လို့ ၃ ယောက်သေပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီကသိရပါတယ်။

ဒီနေ့ မတ်လ ၄ ရက်နေ့မနက်အစော ၄ နာရီခွဲလောက်မှာ ကားကအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ခုလူနာတွေကိုစောင့်နေတာ ဆေးရုံမှာပါ။နေပြည်တော်ကိုလွှဲရမယ်သူတွေရှိတယ်။ကားကအကွေ့မှာအရှိန်များပြီးမှောက်တဲ့သဘောပါသေတာ ၃ယောက်၊ ဒဏ်ရာရတာ၃၀ ပါ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကေတုလူမှူကူညီရေးအသင်းကသိရပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ယောကျ်ားလေးက ၂၁ ယောက်၊မိန်းကလေးက ၉ ယောက်ဖြစ်ပြီး သေဆုံးက ကျား၂ ယောက်နဲ့နောက်ထပ်တယောက်လို့ကနဦးသိရပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူတွေအားလုံးကို ဆွာဆေးရုံကိုပို့ဆောင်ထားပြီးအဲ့ဒီထဲကမှာ ကလေး၁ယောက်၊အမျိုးသမီး၁ယောက်နဲ့အမျိုးသား၁ယောက်ကို နေပြည်တော်ဆေးရုံကိုပို့ဆောင်ဖို့လုပ်နေတယ်လို့သိရပါတယ်။

” ကျနော့်ညီကားပေါ်ပါတယ်၊သူဿားမှောက်တာလှမ်းဆက်လိ့ုအသိတွေအကူညီတောင်းတော့အသိတွေက ကူညီရေးအသင်းတွေဆက်ပေးတာ။မှောက်တာက ၄နာရိခွဲလောက်၊ကူညီရေးတွေက၅နာရိကျော်လောက်မှာရောက်တယ်လို့သိရတယ် ” လို့ကားပေါ်ပါခရီးသည်တဦးရဲ့ အကိုဖြစ်သူကပြောပြပါတယ်။

အဆိုပါ တိမ်းမှောက်တဲ့ ဒို့ညီနောင်ကားဟာ မနေ့ကမတ်လ ၃ရက်နေ့ ညနေ၃နာရီကမှ တောင်ကြီးအေးသာယာကနေ မြဝတီကိုထွက်လာတဲ့ကားဖြစ်တယ်လို့သိရပါတယ်။

ယခုကားတိမ်းမှောက်တဲ့နေရာမှာအရင်ကလည်း ခရီးသည်တင်ကားတိမ်းမှောက်တာတွေရှိပြီး လူသေဆုံးတာဒဏ်ရာရတာတွေရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဒို့ညီနောင်ကားမှောက်

Related posts

Leave a Comment

VOM News

FREE
VIEW