ကိုလံဘီယာဆန္ဒပြသူတွေ ဓါးစာခံအဖြစ်ဖမ်းဆီးတဲ့ ရဲ ၇၉ ဦး ပြန်လည်လွတ်မြောက်လာ

ဘိုဂိုတာ၊ မတ်-၄-၂၀၂၃
မျိုးဆက်(VOM)

ကိုလံဘီယာနိုင်ငံတောင်ပိုင်း ကာကွီတာပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုအတွင်း ဆန္ဒပြသူတွေက ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့၀င် ၇၉ ဦးနဲ့ ရေနံအလုပ်သမားတွေ ပြန်လွတ်လာပြီဖြစ်ကြောင်း ကိုလံဘီယာသမ္မတက ပြောပါတယ်။

ရေနံကုမ္ပဏီတခုကို ဒေသခံတွေက ပိတ်ဆို့ဆန္ဒပြမှုတွေပြုလုပ်ပြီးနောက် အဲဒီဒေသက လမ်းတွေဖောက်လုပ်ရေးကူညီပေးဖို့ တောင်းဆိုမှုတွေနဲ့အတူ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့၀င်တဦးနဲ့ အရပ်သားတဦးတို့သေဆုံးခဲ့ပြီး ဒီသေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ ကိုလံဘီယာသမ္မတ ပက်ထရိုက ညွှန်ကြားထားပါတယ်။ ရေနံကုမ္ပဏီဘက်ကတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရား၀င်မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။

ကိုလံဘီယာရှိ စွမ်းအင်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေအနီးဒေသများတွင် လမ်းများ၊ စာသင်ကျောင်းများအပါအ၀င် အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ပေးဖို့ ဒေသခံတွေရဲ့ ဆန္ဒပြမှုတွေက ဖြစ်လေ့ရှိပါတယ်။

အဲဒီဒေသမှာ ၂၀၁၆ ခုနှစ်ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်ထားတဲ့ ဖက်သူပုန်အဖွဲ့ရှိနေတဲ့အတွက် ဆူပူအုံကြွမှုတွေဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဘိုဂိုတာ

Related posts

Leave a Comment

VOM News

FREE
VIEW