စစ်ကိုင်းကို ရေသွားလှူတဲ့ မန္တလေးက ရေသယ်ယာဥ် မတော်တဆမှုဖြစ်ပြီး အမျိုးသားတဦးသေဆုံး

မတ် ၇-၂၀၂၃
Voice Of Myanmar(VOM)

စစ်ကိုင်းမြို့၊ စစ်ကိုင်း-မင်းကွန်းလမ်း၊ အာလောင်ကျေးရွာရှိ ဥတ္တရဘောဓိကျောင်းတိုက်ကို ရေလာလှူတဲ့ မန္တလေးမြို့က နိဗ္ဗာန်သုခပရဟိတအသင်း ရေသယ်ယာဉ်ဟာ အာလောင်၈မျက်နှာ ဘုရားအတက်မှာ မတော်တဆမှုဖြစ်ပြီး အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ရေသယ်ကားက မန္တလေးကနေ စစ်ကိုင်း အာလောင်ကို ရေလာလှူတာ၊ လှူမယ့်ဘုရားကို အတက်မှာ နောက်ပြန်လိမ့်ပြီး ပြုတ်ကျတာ၊ ရေသယ်ကားပေါ်က (၄)ယောက် ပါတယ်လို့ကြားတယ်၊ တဦးကတော့ သေတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင် တဦးကပြောပါတယ်။

ဖြစ်စဥ်ကို စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာန နဲ့ လူမှုကူညီရေးအသင်းတွေက ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ဒဏ်ရာရသူအမျိုးသား(၃)ဦးနဲ့ သေဆုံးသွားသူကို စစ်ကိုင်းကုတင်(၂၀၀) ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

Photo – MFSD
#voiceofmyanmar #VOM #စစ်ကိုင်း #ရေသယ်ယာဥ်မတော်တဆမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW