ထိုင်းမှာ ၁၂ နှစ်အရွယ် မြန်မာမိန်းကလေး အဓမ္မပြုကျင့်ခံရ၊ ကျူးလွန်သူအမျိုးသားက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွား

မတ်လ၊၇-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန့်စောင်ထုံးဒေသမှာ အသက် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးငယ်တယောက် အဓမ္မပြုကျင့်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ”ကလေးရဲ့မိသားစုတွေက ထိုင်းမှာရွှေ့ပြောင်းအလုပ် လုပ်နေသူတွေပါ၊ အခု ထိုင်းရောက်မြန်မာတွေနဲ့ အခြားအဖွဲ့အစည်းတွေက ကူညီပေးနေပါတယ်၊ ထိုင်းရဲတွေကလည်း ဖြစ်စဉ်ဖြစ်တဲ့နေရာကို လာစစ်ဆေးသွားတယ်၊ မိမိကိုယ် သတ်သေသွားသူက ဇနီးဟောင်းဖြစ်သူနဲ့ အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့မှုတွေအတွက် ဖမ်းဆီးခံရမှာကို ကြောက်လို့ လွတ်မြောက်ဖို့ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားတာတွေ့ရတယ်။”လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးသူ ဦးသက်ပိုင်ကပြောပါတယ်။ ကျူးလွန်သူ အမျိုးသားဟာ လာအိုနိုင်ငံသားတ ယောက်ဖြစ်ပြီး မတ်လ ၆ ရက်က ကျူးလွန်ခဲ့တာ ဖြစ်ပြီး ညနေပိုင်းအချိန်မှာ သူနေထိုင်တဲ့ အခန်းအတွင်း ဆွဲကြိုးချ သတ်သေသွားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ…

Read More

ရေဆင်း​ဆော့ရာက ရေနစ်​သေဆုံးသွားတဲ့ မိန်း​ကလေး၂ ဦးရဲ့ ရုပ်အလောင်း ပြန်တွေ့

မတ် ၇-၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာမှာ အကျယ် ပေ ၅၀၀ ပတ်လည်ခန့်ရှိ ကန်အတွင်း ရေနစ်သေဆုံးသွားတဲ့ အမျိုးသမီး နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ မတ် ၇ ရက်၊ မနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီး နှစ်ဦးဟာ မနေ့ မတ် ၆ ရက် ညနေ ၄ နာရီခန့်က ကန်အတွင်း ရေဆင်းဆော့ရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး မှော်ဘီမြို့နယ်၊ မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ “ဒီကန်က သိပ်မကြာခင်အချိန်ကမှ ပြန်ဆယ်ထားတဲ့ ကန်လို့ သိရပါတယ်။ ပျောက်ဆုံးသွားတဲ့ မိန်းကလေးတွေကို ကျွန်တော်တို့ ညနက်တဲ့အထိ ရှာဖွေမှုတွေလုပ်ခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ ဒီနေ့ မနက်ပိုင်းကျမှ ရုပ်အလောင်းတွေကို မိနစ် ၄၀…

Read More

ဖိလစ်ပိုင်ကမ်းရိုးတန်းမှာ ရေနံယိုဖိတ်မှု ဒေသခံအများအပြား နာမကျန်းဖြစ်ပွားနေ

မနီလာ၊ မတ်-၇-၂၀၂၃ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံကမ်းရိုးတန်းမှာ ရေနံတင်သင်္ဘောနစ်မြုပ်မှုကနေ ရေနံယိုဖိတ်မှုကြောင့် အနီးအနားက ကျေးရွာတွေက ဒေသခံအများအပြား နာမကျန်းဖြစ်နေတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ လောင်စာဆီ လီတာရှစ်သိန်းသယ်ဆောင်လာတဲ့ MT Princess Empress သင်္ဘောဟာ မင်ဒိုရိုပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက နစ်မြုပ်သွားပြီးနောက် ရေနံယိုဖိတ်မှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ အဲဒီလောင်စာဆီတွေဟာ အနီးအနားက တံငါရွာတွေရဲ့ ကမ်းခြေတွေကိုရောက်ရှိပျံ့နှံ့နေပြီး ဒေသခံတွေဟာ ကြွက်တက်ခြင်း၊ မူးဝေခင်းနဲ့ အော့အန်တာတွေ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လောင်စာဆီအငွေ့တွေကို ရှူရှိုက်မိရင် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းလိုမျိုး လက္ခဏာတွေဖြစ်စေနိုင်ပြီး အရေပြားနဲ့ထိတွေ့မိရင် ယားယံတာနဲ့ အရည်ကြည်ဖုထတာမျိုးတွေ ကြုံတွေရတတ်ပါတယ်။ အဲဒီဒေသမှာ ဘေးအန္တရာယ်ရှိကြောင်း ကြေညာထားပြီး ရေနံယိုဖိတ်မှုတွေကို ရှင်းလင်းမှုမပြီးမချင်း ငါးဖမ်းတာတွေကို တားမြစ်ထားပါတယ်။ ဒီလိုတားမြစ်မှုကြောင့် ကျေးရွာ ၆၀ ကျော်က ရေလုပ်သား ၁၈၀၀၀ ရဲ့ အသက်မွေး၀မ်းကြောင်းကို ထိခိုက်စေကြောင်း တာ၀န်ရှိသူတွေက…

Read More

ချင်းရွှေဟော်လမ်းမှာ ကုန်တင်ကား ၂ စီး မီးရှို့ခံထားရ

မတ် ၇၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရာလမ်း တခုဖြစ်တဲ့ ချင်းရွှေဟော်လမ်းမှာ ဒီကနေ့ မတ် ၇ ရက် မနက်ပိုင်းက ကုန်ကား ၂ စီး မီးရှို့ခံထားရတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ဒီမနက်က။ အခွန်မဆောင်လို့ ဖြစ်မယ် ၂ စီး။ နားတီးနားဘက်” လို့ ကုန်သည် တဦးက ပြောပါတယ်။ နောက်ထပ် လုပ်ငန်းရှင် တဦးကလည်း”အခုလို ကားတွေကို မီးရှို့တာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး ပြည်သူတွေရဲ့ဘဝကို ပျက်သွားစေတယ်၊ ရက်စက်လွန်းတယ်။ မီးရှို့လိုက်ရင် သူများက ဘဝ ပျက်သွားတယ်လေ။ ဒဏ်ရိုက်ပေါ့။ ၁၀ သိန်းတန် ဆိုရင် သိန်း ၅၀ ဆောင်ခိုင်းပေါ့။”လို့ သူက ရှင်းပြပါတယ်။ ချင်းရွှေဟော် – မိန်းတိန်…

Read More

အမေရိကန်-တရုတ်ဆက်ဆံရေး ဆိုးရွားစွာပျက်ယွင်းနေကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးသစ် သတိပေး

ပေကျင်း၊ မတ်-၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နဲ့တရုတ်နိုင်ငံအကြား ပဋိပက္ခတွေဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး သတိပေးမှုတွေရှိနေစဉ် နှစ်နိုင်ငံဆက်ဆံရေးဟာ ဆိုးရွားစွာပျက်ယွင်းနေကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးသစ် ချင်ဂန်က သတိပေးပြောဆိုလိုက်ပါတယ်။ ကန့်သတ်ချုပ်ချုပ်မှုတွေနဲ့ဖိနှိပ်မှုတွေက အမေရိကန်ကို ကြီးကျယ်ခန်းနားစေမှာမဟုတ်သလို တရုတ်နိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကိုလည်း ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးက သတိပေးပြောဆိုပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရန်ကြိုးပမ်းခဲ့သော်လည်း သူလျှိုမီးပျံတွေ အမေရိကန်အပေါ် ဖြတ်ကျော်ပျံသန်းမှုတွေကြောင့် တင်းမာမှုတွေ တိုးပွားလာခဲ့ပါတယ်။ အမေရိကန်ဟာ တရုတ်ကို အဓိကပြိုင်ဘက်အဖြစ် ရှုမြင်ထားသလို အကျိးဆက်အများဆုံး ပထဝီနိုင်ငံရေး စိန်ခေါ်မှုအဖြစ်လည်း သတ်မှတ်ထားတာက လွဲမှားနေကြောင်း နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နိုင်မလား သတင်းထောက်တွေရဲ့ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်က ပြန်လည်ဖြေကြားပါတယ်။ အမေရိကန်အနေနဲ့ မရပ်တန့်ဘဲ လမ်းမှာကိုဆက်လျှောက်နေမယ်ဆိုရင် လမ်းချော်သွားမှာဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ပဋိပက္ခတွေထဲ ကျရောက်သွားနိုင်တယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးက သတိပေးပြောဆိုထားပါတယ်။ Ref: BBC Photo:Kyodo #voiceofmyanmar #VOM #ပေကျင်း

Read More

စစ်ကိုင်းကို ရေသွားလှူတဲ့ မန္တလေးက ရေသယ်ယာဥ် မတော်တဆမှုဖြစ်ပြီး အမျိုးသားတဦးသေဆုံး

မတ် ၇-၂၀၂၃ Voice Of Myanmar(VOM) စစ်ကိုင်းမြို့၊ စစ်ကိုင်း-မင်းကွန်းလမ်း၊ အာလောင်ကျေးရွာရှိ ဥတ္တရဘောဓိကျောင်းတိုက်ကို ရေလာလှူတဲ့ မန္တလေးမြို့က နိဗ္ဗာန်သုခပရဟိတအသင်း ရေသယ်ယာဉ်ဟာ အာလောင်၈မျက်နှာ ဘုရားအတက်မှာ မတော်တဆမှုဖြစ်ပြီး အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ရေသယ်ကားက မန္တလေးကနေ စစ်ကိုင်း အာလောင်ကို ရေလာလှူတာ၊ လှူမယ့်ဘုရားကို အတက်မှာ နောက်ပြန်လိမ့်ပြီး ပြုတ်ကျတာ၊ ရေသယ်ကားပေါ်က (၄)ယောက် ပါတယ်လို့ကြားတယ်၊ တဦးကတော့ သေတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင် တဦးကပြောပါတယ်။ ဖြစ်စဥ်ကို စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာန နဲ့ လူမှုကူညီရေးအသင်းတွေက ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ဒဏ်ရာရသူအမျိုးသား(၃)ဦးနဲ့ သေဆုံးသွားသူကို စစ်ကိုင်းကုတင်(၂၀၀) ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ Photo – MFSD #voiceofmyanmar #VOM #စစ်ကိုင်း #ရေသယ်ယာဥ်မတော်တဆမှု #လူသေဆုံး

Read More

မဟာမုနိ ဘုရားဖူးအပြန် အဖိုးတန် လက်ဆောင်ကောင်းများ

ဆူးငှက် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးခိုင်မင်း က စာအုပ် ၃အုပ်နဲ့ အော်ရီယို စီဒီခွေ တစ်ခွေ လက်ဆောင်ပေးပါတယ်။ စာအုပ်တွေကတော့ (၁) မန္တလေးမဟာမုနိ ရုပ်ရှင်တော် ဘုရားကြီးသမိုင်း၊ (၂) ၂၀၁၆ – ၂၀၂၁ ခုနှစ်အတွင်း တာဝန်ယူခဲ့သော မဟာမုနိဂေါပကအဖွဲ့၏ဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊ (၃) မန္တလေး မဟာမုနိဘုရားကြီး မြန်မာမှုအနုပညာ လက်ရာများနှင့် ရှေးဟောင်းပစ္စည်းများ၊ (၄) သတင်းစာများက ပုံဖော်ခဲ့သော မဟာမုနိ (ကိုလိုနီခေတ်) အမည်ရှိ စာအုပ်တွေပါ။ အော်ရီယို စီဒီခွေက မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ဗုဒ္ဓပူဇာ တေးအလင်္ကာ အမည်နဲ့ပါပဲ။ တကယ်တော့ မြန်မာပြည်တွင်းက တန်ခိုးကြီး ဘုရားစေတီ အဆူဆူမှာ ပတ်သက်ရာ ဘုရားသမိုင်းစာအုပ်တွေ ရှိပါတယ်။ ဘုရားဖူးဧည့်သည်က ဘုရားဖူးပြီး ဘုရားသမိုင်း စာအုပ်ကို ဝယ်ယူပူဇော်ကြပါတယ်။ အချို့သော ဘုရားစေတီတွေမှာ ပတ်သက်ရာ ဓမ္မပူဇာ…

Read More
VOM News

FREE
VIEW