ရေဆင်း​ဆော့ရာက ရေနစ်​သေဆုံးသွားတဲ့ မိန်း​ကလေး၂ ဦးရဲ့ ရုပ်အလောင်း ပြန်တွေ့

မတ် ၇-၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာမှာ အကျယ် ပေ ၅၀၀ ပတ်လည်ခန့်ရှိ ကန်အတွင်း ရေနစ်သေဆုံးသွားတဲ့ အမျိုးသမီး နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ မတ် ၇ ရက်၊ မနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီး နှစ်ဦးဟာ မနေ့ မတ် ၆ ရက် ညနေ ၄ နာရီခန့်က ကန်အတွင်း ရေဆင်းဆော့ရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး မှော်ဘီမြို့နယ်၊ မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

“ဒီကန်က သိပ်မကြာခင်အချိန်ကမှ ပြန်ဆယ်ထားတဲ့ ကန်လို့ သိရပါတယ်။ ပျောက်ဆုံးသွားတဲ့ မိန်းကလေးတွေကို ကျွန်တော်တို့ ညနက်တဲ့အထိ ရှာဖွေမှုတွေလုပ်ခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ ဒီနေ့ မနက်ပိုင်းကျမှ ရုပ်အလောင်းတွေကို မိနစ် ၄၀ ခြားပြီး ပြန်တွေခဲ့တာပါ“လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့သူတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ မိန်းကလေးနှစ်ဦးဟာ အသက် ၂၀ ဝန်းကျင်ဖြစ်ကာ သူတို့ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မနက် ၉ နာရီ၊ ၃၅ မိနစ်နဲ့ ၁၀ နာရီ ၁၅ မိနစ်တို့မှာ ပြန်လည် တွေ့ရှိခဲ့တာဖြစ်ပြီး မှော်ဘီမြို့နယ်၊ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo- ပုလဲအရန်မီးသတ်တပ်ဖွဲ့
#voiceofmyanmar #VOM #ရန်ကုန် #ရေနစ်မိန်းကလေးအလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW