မိုးညှင်းမြို့မှာ အချိန်အခါမဟုတ် လေပြင်းတိုက်၊မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီး

မတ် ၂၀-၂၀၂၃
Voice Of Myanmar(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ မတ် ၁၈ ရက် ညနေပိုင်းက အချိန်အခါမဟုတ် လေပြင်းတွေတိုက်ခတ်လာပြီး မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ လေပြင်းတိုက်ခတ်မှုကြောင့် မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာအုပ်စုမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တဲ့ ပျဉ်ထောင်အိမ် (၉)လုံးနဲ့ မြေစိုက်အိမ် (၄)လုံး စုစုပေါင်း လူနေအိမ် (၁၃)လုံး ထရံကာ၊ သက်ကယ်နဲ့ သွပ်မိုးတွေလန်ကာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုးညှင်း #လေပြင်းတိုက် #ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW