နှမ်းဈေးကောင်းချိန် နှမ်းမစိုက်ရတဲ့ ရွှေဘို၊ ဝက်လက်နယ်က နှမ်းစိုက်တောင်သူတွေ

မတ် ၃၀-၂၀၂၃
HT(VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်နဲ့ ဝက်လက်မြို့နယ်တွေမှာ နှမ်းကိုအများအပြားစိုက်ပျိုးကြပြီး စိုက်ပျိုးရာမှာလည်း နှမ်းနက်ကို အဓိကထားစိုက်ပျိုးကြသလို အထွက်နှုန်းလည်းကောင်းမွန်တဲ့ဒေသတွေဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး နှမ်းမစိုက်ရတာ (၂) နှစ်ရှိပြီဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ်။

အခုနှစ်မှာဆိုရင် နှမ်းနက်တတင်းကို (၁) သိန်းကျော်အထိ ပေါက်ဈေးရှိနေတာကြောင့် မစိုက်ပျိုးနိုင်တဲ့တောင်သူတွေမှာ ဆုံးရှုံးနစ်နာမှုတွေ အရမ်းများတယ်လို့လည်း ပြောကြပါတယ်။

အခုဆိုရင် နှမ်းစိုက်တဲ့ယာတွေလည်း တောတွေထူပြီး ခေတ်ကောင်းလို့ပြန်စိုက်မယ်ဆိုရင်တောင် မြေတွေကို ပြန်လည်ပြုပြင်ရမယ့် အခြေအနေလည်းကြုံတွေ့နေကြပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #နှမ်းစိုက်တောင်သူ

Related posts

Leave a Comment

VOM News

FREE
VIEW