နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ ပြင်ဆင်နေ

မတ် ၃၀-၂၀၂၃ KT(VOM) နေပြည်တော်မှာ အခု ၂၀၂၃ခုနှစ် သင်္ကြန်ကာလအတွင်း ပျဥ်းမနား၊ တောင်ညိုလမ်းမကြီး၊ နေပြည်တော်စည်ပင်မီးပွိုင့်ကနေ မြို့တော်ဝန်မဏ္ဍပ်အထိ လမ်းလျှောက်သင်္ကြန်ပြုလုပ်ဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။ လမ်းလျှောက်သကြ်န်မှာ ဝန်ကြီးဌာနမဏ္ဍပ်များ၊အလှ၊အက၊ဖျော်ဖြေရေးမဏ္ဍပ်များ ပါဝင်မယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #လမ်းလျှောက်သင်္ကြန်

Read More

ပုပ်ရဟန်းမင်းကြီးဖရန့်စစ် အသက်ရှူလမ်းကြောင်းရောဂါကြောင့် ဆေးရုံတက်နေရ

ဗာတီကန်၊ မတ်-၃၀-၂၀၂၃ မျိုးဆက်(VOM) ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ရောမမြို့ရှိဆေးရုံမှာ ရက်အနည်းငယ်ကြာ ကုသမှုခံယူရမှာဖြစ်ကြောင်း ဗာတီကန်က မတ် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာ မကြာသေးမီရက်တွေအတွင်း အသက်ရှူရခက်ခဲမှုတွေရှိခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်းမရှိကြောင်း ဗာတီကန်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပုပ်ရဟန်းမင်းကြီးအတွက် ချစ်ခင်ဆုတောင်းပေးကြတဲ့ သတင်းစကားတွေကြောင့် ကျေးဇူးတင်ကြောင်း ဗာတီကန်က ထုတ်ပြန်ထားပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာ ဧပြီလကုန်မှာ ဟန်ဂေရီနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ မကြာသေးမီလများအတွင်း ဒူးနဲ့ပတ်သက်တဲ့ ဝေဒနာကြောင့် ဘီးတပ်ကုလားထိုင်ကို အသုံးပြုခဲ့ရပြီး ၂၀၂၁ ခုနှစ်ကလည်း အူမကြီးကို ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။ အဲဒီလို ဝေဒနာတေနွခံစားကြုံတွေရပေမယ့် သူဟာ ပြည်ပနိုင်ငံတွေကို သွားရောက်မှုတွေကို တက်ကြွစွာလုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ တောင်ဆူဒန်နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။ Ref: Reuters Photo:AFP #voiceofmyanmar…

Read More

အာရှလမ်းမကြီးကို ပြန်လည်ဖြတ်သန်းခွင့်ပြုပေမယ့် ကုန်ကားကြီးတွေကတော့ အခြေအနေစောင့်ကြည့်နေရ

မတ် ၃၀ -၂၀၂၃ GG(VOM) ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးကို မနေ့ မတ်လ ၂၈ ရက်နေ့ကစပြီး ကားတွေဖြတ်သန်းသွားလာခွင့် ​ပြန်လည်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ် ။ ကားတွေဖြတ်သန်းသွားလာခွင့်ပြုတဲ့နေရာမှာ ကားအသေးတွေကိုသာ အဓိကသွားလာခွင့်ပြုနေပြီး တွဲကား၊ကုန်ကားကြီးတွေကတော့ အခြေအနေစောင့်ကြည့်နေရဆဲဖြစ်တယ်လို့ သိရပါတယ် ။ ” ကားကြီးအားလုံးမရ​သေးပါဘူး၊ ကုန်သွယ်​ရေးဇုံ(တံတားကျိုး)နဲ့နီး​တဲ့ကားတွေ ဂျွိင်းတံတား​ပေါ်ကသွားလာနိုင်တဲ့ကားအ​သေးတွေသာ လွတ်​ပေးပါတယ်။ အကန့်သတ်ရှိပါတယ်၊ ဇုံအလွန်ကားနဲ့ ကော့ကရိတ်ကနေ တောင်ပေါ်မြဝတီတက်မယ့် ကားတွေသာရပါတယ်။” ဒေသခံတဦးကပြောပါတယ်။ ဒါ့ကြောင့်လက်ရှိမှာ မြဝတီနယ်စပ် ကုန်သွယ်ရေးက ဇုံထဲကိုရောက်ရှိနေပြီးသား ကုန်ပစ္စည်းတွေသာ ထိုင်းဘက်ကို တင်ပို့နိုင်ပြီး နောက်ထပ် ကုန်ပစ္စည်းအသစ်တွေတင်ပို့နိုင်ခြင်းမရှိလို့ ကုန်သွယ်မှုရပ်တဲ့အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။ ” မနေ့က ညနေကဖြတ်သန်းခွင့်ပေးလိုက်တာဟုတ်တယ်၊ဒါပေမယ့် ကားလေးတွေပဲသွားလို့ရတယ်၊ကျနော်တို့ ကုန်ကားကြီးတွေသွားလို့ မရသေးဘူး။တံတားက ခံနိုင်ရည်တန်ချိန်ကားလေးလောက်ပဲသွားလို့ရတယ်။ အခုက ဇုန်ထဲရောက်နေပြီးသား ကားတွေကတော့ ကုန်သွယ်မှုလုပ်နိုင်တယ်။နောက်အသစ်တွေကတော့ ကားတွေဖြတ်သန်းမရတော့ ဝင်မလာနိုင်ဘူး။ဒီတော့ ကုန်သွယ်မှုက ရှိပြီးသားပဲ လုပ်နိုင်တဲ့အ​ခြေအနေဖြစ်ပါတယ်…

Read More

ဖိလစ်ပိုင် ကူးတို့သင်္ဘောမီးလောင်မှု ၁၂ ဦးသေဆုံးပြီး ခုနှစ်ဦးပျောက်ဆုံးနေ

မနီလာ၊ မတ်-၃၀-၂၀၂၃ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံမှာ ခရီးသည်နဲ့အမှုထမ်း ၂၅၀ လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစင်း ဖိလစ်ပိုင်ကျွန်းစုတွေအကြားမှာ မီးလောင်မှုကြောင့် ၁၂ ဦးသေဆုံးပြီး ခုနှစ်ဦးပျောက်ဆုံးနေပါတယ်။ သင်္ဘောမီးလောင်မှုကြောင့် ရေထဲကိုခုန်ချခဲ့သူတွေကို ဖိလစ်ပိုင်ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ အခြားသင်္ဘောတွေ ငါးဖမ်းလှေတွေက ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ ကူးတို့သင်္ဘောဟာ တောင်ပိုင်ဆိပ်ကမ်းမြို့ ဇမ်ဘိုအန်ဂါကနေ ဆူလူပြည်နယ် ဂျိုလိုမြို့ကိုသွားရောက်စဉ် မတ် ၂၉ ရက်ညသန်းခေါင်းမှာ ဘာဆီလန်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ မိဘတွေနဲ့ကွဲသွားတဲ့ ကလေးသုံးဦးထက်မနည်းပါ၀င်ပြီး ဒဏ်ရာရတဲ့ခရီးသည်အများအပြားကို ဆေးရုံတင်ထားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ မီးလောင်ချိန်မှာ ခရီးသည်တွေအိပ်ပျော်နေကြပြီး အများစုဟာ သင်္ဘောပေါ်ကနေခုန်ချပြီးနောက် ရေနစ်သေဆုံးခဲ့ကြတာဖြစ်ကြောင်း ဖိလစ်ပိုင်တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref:CNA Photo:AP #voiceofmyanmar #VOM #မနီလာ

Read More

နှမ်းဈေးကောင်းချိန် နှမ်းမစိုက်ရတဲ့ ရွှေဘို၊ ဝက်လက်နယ်က နှမ်းစိုက်တောင်သူတွေ

မတ် ၃၀-၂၀၂၃ HT(VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်နဲ့ ဝက်လက်မြို့နယ်တွေမှာ နှမ်းကိုအများအပြားစိုက်ပျိုးကြပြီး စိုက်ပျိုးရာမှာလည်း နှမ်းနက်ကို အဓိကထားစိုက်ပျိုးကြသလို အထွက်နှုန်းလည်းကောင်းမွန်တဲ့ဒေသတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲ့ဒီဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး နှမ်းမစိုက်ရတာ (၂) နှစ်ရှိပြီဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ်။ အခုနှစ်မှာဆိုရင် နှမ်းနက်တတင်းကို (၁) သိန်းကျော်အထိ ပေါက်ဈေးရှိနေတာကြောင့် မစိုက်ပျိုးနိုင်တဲ့တောင်သူတွေမှာ ဆုံးရှုံးနစ်နာမှုတွေ အရမ်းများတယ်လို့လည်း ပြောကြပါတယ်။ အခုဆိုရင် နှမ်းစိုက်တဲ့ယာတွေလည်း တောတွေထူပြီး ခေတ်ကောင်းလို့ပြန်စိုက်မယ်ဆိုရင်တောင် မြေတွေကို ပြန်လည်ပြုပြင်ရမယ့် အခြေအနေလည်းကြုံတွေ့နေကြပါတယ်။ #voiceofmyanmar #VOM #စစ်ကိုင်း #နှမ်းစိုက်တောင်သူ

Read More

အိန္ဒိယ နယ်စပ်မှာ မြန်မာလူငယ် ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံရ

မတ် ၊ ၃၀ ၊ ၂၀၂၃ SP (VOM) အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုဘယ်ခရိုင် ၊ Jangnoi ကျေးရွာနားမှာ နေထိုင်တဲ့ မြန်မာလူငယ် ၂ ဦးကို မနေ့ မတ် ၂၉ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ အိန္ဒိယ အထူးကွန်မန်ဒိုတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မဏိပူရ်ပြည်နယ်မှာရှိတဲ့ ဒေသဆိုင်ရာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ” အဖမ်းခံရသူ မြန်မာ ၂ ယောက်က Jangnoi ကျေးရွာမှာနေတာ လအတော်ကြာနေပြီ ၊ အထောက်အထားမဲ့ နေထိုင်တာဖြစ်တယ် ၊ သူတို့ကို ဖမ်းမိစဥ်က ပစ္စတိုသေနတ် ၁ လက် ၊ ကျည်ဆံတွေနဲ့ ပိုက်ဆံတွေ( မြန်မာငွေ)ပါတယ် ၊ အသက်တွေကတော့ ၃၅နှစ် တယောက်နဲ့ ၃၈ နှစ်အရွယ် တယောက်ဖြစ်တယ်”လို့…

Read More

ရှစ်ဌာနသာလာယံ နှင့် တုံးကျော်မ

ဆူးငှက် မြန်မာ့ဆိုင်းလောကတွင် နေတစ်ဆူ လတစ်ဆူအဖြစ် ထင်ရှားခဲ့သော ဆိုင်းပညာရှင် စိန်ဗေဒါကို မြန်မာသက္ကရာဇ် ၁၂၄၄ နတ်တော်လဆန်း ၁ ရက် သောကြာနေ့တွင် အဖဘုရင့် လက်ထက်တော် အတွင်းစိန်ဆိုင်းတော်တီး လက်ျာစိန်ဆိုင်းအမှုထမ်း ဆီဆုံဆယ်ရွာစား နေမျိုးကျော်ခေါင် ဘွဲ့ရ ဆရာဖေကြီး၊ အမိအပျိုတော် ဒေါ်မမလေးတို့မှ မန္တလေး ရွာသစ်အရပ်၌မွေးဖွားခဲ့သည်။ စိန်ဗေဒါ၏ ဇာတာတွင် မောင်သာလှိုင်ဟု ဖော်ပြပါရှိ၍ ငယ်အမည်မှာ မောင်ကလေးဖြစ်သည်။ နာမည်က မောင်ကလေးဖြစ်သော်လည်း “ဗေဒါဗေဒါ နင့်ဘူးကို ဘယ်သူချဲ့ ပြောဟဲ့ဗေဒါ”ဆိုသော သီချင်းကြောင့် မောင်ဗေဒါဟု တွင်သည်။ ဆိုင်းဆရာကြီး စိန်ဗေဒါသည် ၁၆ နှစ်သားအရွယ်မှစ၍ ဆိုင်းပညာကို လေ့လာဆည်းပူးခဲ့သည် ။ စိန်ဗေဒါသည် ဆိုင်းတခုတည်းသာမက တခြားသော မြန်မာတူရိယာများဖြစ်သည့် စောင်း ၊ မိကျောင်း ၊ ပတ္တလား ၊ နှဲတို့အပြင် အနောက်တိုင်း တူရိယာများဖြစ်သော…

Read More
VOM News

FREE
VIEW