ပုပ်ရဟန်းမင်းကြီးဖရန့်စစ် အသက်ရှူလမ်းကြောင်းရောဂါကြောင့် ဆေးရုံတက်နေရ

ဗာတီကန်၊ မတ်-၃၀-၂၀၂၃
မျိုးဆက်(VOM)

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ရောမမြို့ရှိဆေးရုံမှာ ရက်အနည်းငယ်ကြာ ကုသမှုခံယူရမှာဖြစ်ကြောင်း ဗာတီကန်က မတ် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာ မကြာသေးမီရက်တွေအတွင်း အသက်ရှူရခက်ခဲမှုတွေရှိခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်းမရှိကြောင်း ဗာတီကန်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီးအတွက် ချစ်ခင်ဆုတောင်းပေးကြတဲ့ သတင်းစကားတွေကြောင့် ကျေးဇူးတင်ကြောင်း ဗာတီကန်က ထုတ်ပြန်ထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာ ဧပြီလကုန်မှာ ဟန်ဂေရီနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မကြာသေးမီလများအတွင်း ဒူးနဲ့ပတ်သက်တဲ့ ဝေဒနာကြောင့် ဘီးတပ်ကုလားထိုင်ကို အသုံးပြုခဲ့ရပြီး ၂၀၂၁ ခုနှစ်ကလည်း အူမကြီးကို ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။

အဲဒီလို ဝေဒနာတေနွခံစားကြုံတွေရပေမယ့် သူဟာ ပြည်ပနိုင်ငံတွေကို သွားရောက်မှုတွေကို တက်ကြွစွာလုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ တောင်ဆူဒန်နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

Ref: Reuters
Photo:AFP
#voiceofmyanmar #VOM #ဗာတီကန်

Related posts

✕
VOM News

FREE
VIEW