ဖိလစ်ပိုင် ကူးတို့သင်္ဘောမီးလောင်မှု ၁၂ ဦးသေဆုံးပြီး ခုနှစ်ဦးပျောက်ဆုံးနေ

မနီလာ၊ မတ်-၃၀-၂၀၂၃
မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံမှာ ခရီးသည်နဲ့အမှုထမ်း ၂၅၀ လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစင်း ဖိလစ်ပိုင်ကျွန်းစုတွေအကြားမှာ မီးလောင်မှုကြောင့် ၁၂ ဦးသေဆုံးပြီး ခုနှစ်ဦးပျောက်ဆုံးနေပါတယ်။

သင်္ဘောမီးလောင်မှုကြောင့် ရေထဲကိုခုန်ချခဲ့သူတွေကို ဖိလစ်ပိုင်ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ အခြားသင်္ဘောတွေ ငါးဖမ်းလှေတွေက ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။

ကူးတို့သင်္ဘောဟာ တောင်ပိုင်ဆိပ်ကမ်းမြို့ ဇမ်ဘိုအန်ဂါကနေ ဆူလူပြည်နယ် ဂျိုလိုမြို့ကိုသွားရောက်စဉ် မတ် ၂၉ ရက်ညသန်းခေါင်းမှာ ဘာဆီလန်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ မိဘတွေနဲ့ကွဲသွားတဲ့ ကလေးသုံးဦးထက်မနည်းပါ၀င်ပြီး ဒဏ်ရာရတဲ့ခရီးသည်အများအပြားကို ဆေးရုံတင်ထားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

မီးလောင်ချိန်မှာ ခရီးသည်တွေအိပ်ပျော်နေကြပြီး အများစုဟာ သင်္ဘောပေါ်ကနေခုန်ချပြီးနောက် ရေနစ်သေဆုံးခဲ့ကြတာဖြစ်ကြောင်း ဖိလစ်ပိုင်တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref:CNA
Photo:AP
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW