နေတိုးအဖွဲ့၀င်သစ်အဖြစ် ဖင်လန်နိုင်ငံ ၀င်ရောက်ခွင့် ရတော့မယ်

အန်ကာရာ၊ မတ်-၃၁-၂၀၂၃
မျိုးဆက်(VOM)

နေတိုးအဖွဲ့သို့၀င်ရောက်ရေး ဖင်လန်နိုင်ငံရဲ့လျှောက်ထားမှုကို တူရကီပါလီမန်က မဲခွဲအတည်ပြုပြီးနောက် ဖင်လန်ဟာ ၃၁ နိုင်ငံမြောက်နေတိုးအဖွဲ့၀င်ဖြစ်လာတော့မှာဖြစ်ပါတယ်။

တူရကီဟာ နေတိုးအဖွဲ့ထဲ၀င်ရောက်ဖို့ ဖင်လန်နိုင်ငံရဲ့လျှောက်ထားမှုကို သဘောတူဖို့ လအတန်ကြာနှောင့်နှေးနေခဲ့ပြီး ဖင်လန်ဟာ အကြမ်းဖက်သမားတွေကို ထောက်ပံ့နေကြောင်း ပြောဆိုခဲ့ပါတယ်။

ယမန်နှစ်ကတည်းက နေတိုးအဖွဲ့ထဲပါ၀င်ဖို့လျှောက်ထားခဲ့တဲ့ ဆွီဒင်နိုင်ငံကိုလည်း အလားတူစွပ်စွဲချက်တွေကြောင့် နေတိုးအဖွဲ့၀င်ဖြစ်လာရေးကို တူရကီကပိတ်ဆို့ထားဆဲဖြစ်ပါတယ်။

နေတိုးအဖွဲ့ကို အဖွဲ့၀င်သစ်တွေ၀င်ရောက်ရေးမှာ ရှိပြီးသားအဖွဲ့၀င်နိုင်ငံအားလုံးက သဘောတူရန်လိုအပ်ပါတယ်။

ဖင်လန်ဟာ လစ်သူယေးနီးယားမှာ ဇူလိုင်လအတွင်ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ နေတိုးအဖွဲ့ထဲ တရား၀င် ၀င်ရောက်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။

တူရကီသမ္မတအာဒိုဂန်ဟာ ဖင်လန်ရဲ့လျှောက်ထားမှုကို သဘောတူကြောင်း မတ်လအစောပိုင်းကတည်းက ထုတ်ဖော်ပြောဆိုခဲ့ပြီး တူရကီရဲ့ လုံခြုံရေးအတွက် စစ်မှန်တဲ့ခြေလှမ်းတွေအတွက် ချီးကျူးပြောဆိုခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW