နေတိုးအဖွဲ့၀င်သစ်အဖြစ် ဖင်လန်နိုင်ငံ ၀င်ရောက်ခွင့် ရတော့မယ်

အန်ကာရာ၊ မတ်-၃၁-၂၀၂၃ မျိုးဆက်(VOM) နေတိုးအဖွဲ့သို့၀င်ရောက်ရေး ဖင်လန်နိုင်ငံရဲ့လျှောက်ထားမှုကို တူရကီပါလီမန်က မဲခွဲအတည်ပြုပြီးနောက် ဖင်လန်ဟာ ၃၁ နိုင်ငံမြောက်နေတိုးအဖွဲ့၀င်ဖြစ်လာတော့မှာဖြစ်ပါတယ်။ တူရကီဟာ နေတိုးအဖွဲ့ထဲ၀င်ရောက်ဖို့ ဖင်လန်နိုင်ငံရဲ့လျှောက်ထားမှုကို သဘောတူဖို့ လအတန်ကြာနှောင့်နှေးနေခဲ့ပြီး ဖင်လန်ဟာ အကြမ်းဖက်သမားတွေကို ထောက်ပံ့နေကြောင်း ပြောဆိုခဲ့ပါတယ်။ ယမန်နှစ်ကတည်းက နေတိုးအဖွဲ့ထဲပါ၀င်ဖို့လျှောက်ထားခဲ့တဲ့ ဆွီဒင်နိုင်ငံကိုလည်း အလားတူစွပ်စွဲချက်တွေကြောင့် နေတိုးအဖွဲ့၀င်ဖြစ်လာရေးကို တူရကီကပိတ်ဆို့ထားဆဲဖြစ်ပါတယ်။ နေတိုးအဖွဲ့ကို အဖွဲ့၀င်သစ်တွေ၀င်ရောက်ရေးမှာ ရှိပြီးသားအဖွဲ့၀င်နိုင်ငံအားလုံးက သဘောတူရန်လိုအပ်ပါတယ်။ ဖင်လန်ဟာ လစ်သူယေးနီးယားမှာ ဇူလိုင်လအတွင်ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ နေတိုးအဖွဲ့ထဲ တရား၀င် ၀င်ရောက်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။ တူရကီသမ္မတအာဒိုဂန်ဟာ ဖင်လန်ရဲ့လျှောက်ထားမှုကို သဘောတူကြောင်း မတ်လအစောပိုင်းကတည်းက ထုတ်ဖော်ပြောဆိုခဲ့ပြီး တူရကီရဲ့ လုံခြုံရေးအတွက် စစ်မှန်တဲ့ခြေလှမ်းတွေအတွက် ချီးကျူးပြောဆိုခဲ့ပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #အန်ကာရာ

Read More

မိုးညှင်းက ပြည်နယ်လွှတ်တော်အမတ် ၂ ဦး ထောင်ဒဏ်အသီးသီးချမှတ်ခံရ

မတ် ၃၁ – ၂၀၂၃ GG (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် NLD ပါတီက ပြည်နယ်လွှတ်တော်အမတ် ၂ ဦးဖြစ်တဲ့ ဒေါ်သက်ထားနှောင်းနဲ့ ဦးမျိုးကျော်ကို မနေ့ မတ်လ ၃၀ ရက်က ထောင်ဒဏ်အသီးသီးချမှတ်လိုက်တယ်လို့သိရပါတယ်။ ပြည်နယ်လွှတ်တော်အမတ် ဒေါ်သက်ထားနှောင်းကို အကြမ်းတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ထောင် ၁၁ နှစ်ထပ်မံချမှတ်လိုက်တာဖြစ်ပြီး ပြည်နယ်လွှတ်တော်အမတ် ဦးမျိုးကျော်ကိုတော့ ပုဒ်မ ၅၂ (က) နဲ့ထောင် ၇ နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” ဒေါ်သက်ထားနှင်းက အရင်၁နှစ်ချခံထားရတာရှိတယ်၊မနေ့က မြစ်ကြီးနားအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်၁၁ နှစ်ထပ်ချလိုက်တာပါ။ ဦးမျိုးကျော်လည်း မနေ့ကပဲ ထောင်၇နှစ်ချခံရတာဟုတ်ပါတယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ မေလ ၂၆ ရက်နေ့က ဒေါ်သက်ထားနှောင်းကို မြစ်ကြီးနားမြို့နယ် တရားရုံးက ရာဇသတ်ကြီး ပုဒ်မ…

Read More

အပြာမယ်ကို နှုတ်ပိတ်ခပေးခဲ့တဲ့ ကန်သမ္မတဟောင်းဒေါ်နယ်ထရန့် စွဲချက်တင်ခံရပြီ

ဝါရှင်တန်၊ မတ်-၃၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ဟာ ၂၀၁၆ ခုနှစ်သမ္မတရွေးကောက်ပွဲမတိုင်မီ အပြာမယ်တဦးကို လျှို့ဝှက်ငွေပေးမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ခံလိုက်ရပါတယ်။ အပြာမယ် စတိုမီဒယ်နီရယ်နဲ့ပတ်သက်ခဲ့မှုကို နှုတ်ပိတ်တဲ့အနေနဲ့ ဒေါ်နယ်ထရန့်ဟာ ဒေါ်လာ ၁၃၀၀၀၀ ကိုလျှို့ဝှက်ပေးခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် တရားရုံးက ဂျူရီလူကြီးတွေက ထရန့်ကို တရားစွဲဖို့ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အသက် ၇၆ နှစ်အရွယ် သမ္မတဟောင်းထရန့်ကတော့ ဘာအမှားအယွင်းမှမလုပ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ သူဟာ ရာဇ၀တ်မှုနဲ့စွဲချက်တင်ခံခဲ့ရတဲ့ ပထမဆုံးသော အမေရိကန်သမ္မတအဖြစ် မှတ်တမ်း၀င်သွားပါတယ်။ ဖလော်ရီဒါမှာနေထိုင်တဲ့ သမ္မတဟောင်းထရန့်ဟာ တနင်္လာနေ့မှာ နယူးယောက်ခ်ကို လေယာဉ်နဲ့သွားပြီး အင်္ဂါနေ့မှာတရားရုံးကိုသွားရောက်ဖွယ်ရှိကြောင်း ဒီကိစ္စနဲ့နီးစပ်တဲ့သတင်းရင်းမြစ်နှစ်ဦးက ဘီဘီစီကိုပြောပါတယ်။ အခုလိုစွဲချက်တင်တာဟာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေစတင်ခါနီးအချိန်မှာ နိုင်ငံရေးခြေထိုးတဲ့လုပ်ရပ်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ပြောဆိုထားပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ဝါရှင်တန်

Read More

အင်းလေးမှာ ရေပေါ်သင်္ကြန် ပြန်လည်ကျင်းပမယ်

မတ်လ၊ ၃၁-၂၀၂၃ MM[VOM) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊အင်းလေးဒေသ နန်းပန်ကျေးရွာအနီးရှိ အင်းလေးကန်မှာရိုးရာ ရေပေါ်သင်္ကြန်ကို အခု ၂၀၂၃ခုနှစ်မှာ ပြန်လည်ကျင်းပသွားမယ်လို့ ခရီးသွားလုပ်ငန်းအသင်းကနေ သိရပါတယ်။ ”အင်းလေး ရေပေါ်သင်္ကြန်က ရိုးရာကိုထိန်းသိမ်းတဲ့ပွဲလည်း ဖြစ်သလို ခရီးသွားတွေကိုလည်း ဆွဲဆောင်စေတဲ့ ပွဲပါ၊ ပြည်တွင်းခရီးသွားတွေအပြင် ပြည်ပခရီးသွား ဧည့်သည်တွေပါ အများဆုံးလာရောက်လေ့ရှိတဲ့ပွဲပါ၊အခုနှစ် ပြန်လုပ်မှာပါ၊ အထူးစည်ကားမယ်လို့ ခန့်မှန်းထားပါတယ်၊ သင်္ကြန်ပွဲတွေရှိပေမယ့် ဒီလိုလှေပေါ်မှာ သင်္ကြန်ပွဲကို ဆင်နွဲတယ်ဆိုတာ အမြင်ဆန်းပြီး ထူးခြားပါတယ်။” လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တဦးကပြောပါတယ်။ ရေပေါ်သင်္ကြန်ပွဲတော်ကို အင်းလေးကန် ရေပြင်ပေါ်မှာ လှေသမ္ဗန်တွေ၊ ဖောင်တွေနဲ့ အတာရေစင် ပက်ဖျန်းကြမယ့် ရေပေါ်သင်္ကြန်ပွဲ၊ မြန်မာ့ရိုးရာအတာသင်္ကြန် ယိမ်းအကအလှတွေနဲ့ တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲ အစီအစဉ်တွေ စတဲ့အစီအစဉ်တွေပါဝင်ပြီး မဟာသင်္ကြန် အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ် ကျင်းပမယ့် အင်းလေး ရိုးရာ…

Read More

မူဆယ် သိန်းသန်းချီ ကားကွင်းအဝင်မှာ ပစ်ခတ်မှု ဖြစ်ပြီး ပြည်သူ့စစ် ၂ ဦး သေဆုံး၊ လူ၂ ဦးထိခိုက် ဒဏ်ရာရ

မတ် ၃၁၊ ၂၀၂၃ Shy V ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့ရှိ သိန်းသန်းချီ ကားကွင်း အဝင်ဂိတ်နားမှာ ဒီနေ့ မတ်လ ၃၁ ရက် ၁၁ နာရီခွဲခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး ဂိတ်စောင့် ပြည်သူ့စစ် ၂ ဦး သေဆုံးပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ပြည်သူ ၂ ယောက် ဒဏ်ရာရတယ်။ အမျိုးသား ၁ ယောက် လားရှိုး ဆေးရုံပို့ရတယ်။ လားရှိုးပို့ရတဲ့ တယောက်က လည်ပင်းထဲမှာ ကျည်ဆံရှိနေတာပေါ့။” လို့ နှလုံးလှ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ က ပြောပါတယ်။ ဒဏ်ရာရတဲ့ပြည်သူ ၂ ဦးက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ဖြစ်ပြီး အဝင်ဂိတ်နားမှာ အစောင့်တာဝန်ကျတဲ့ လုံထန် ပြည်သူ့စစ်ဝန်ထမ်း…

Read More

မြောက်ကိုရီးယားရဲ့လက်နက်တွေကို ရိက္ခာနဲ့လဲလှယ်ရယူဖို့ ရုရှားကြိုးပမ်းနေ

ဝါရှင်တန်၊ မတ်-၃၁-၂၀၂၃ မျိုးဆက်(VOM) ရုရှားဟာ သူ့ရဲ့စားနပ်ရိက္ခာတွေနဲ့ မြောက်ကိုရီးယားရဲ့လက်နက်တွေကိုလဲလှယ်ရယူဖို့ မြောက်ကိုရီးယားကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ထားကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ခရီဘီက ထုတ်ဖော်ပြောဆိုပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့အကြား ဘယ်လိုလက်နက်အပေးအယူ သဘောတူညီမှုမဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးက ပြောပါတယ်။ ယူကရိန်းရှိ ရုရှားတပ်တွေနဲ့ရုရှားကြေးစားတပ် ၀က်ဂ်နာအဖွဲ့တို့ကို မြောက်ကိုရီးယားက လက်နက်တွေထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က ယခင်ကတည်းက စွပ်စွဲထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက ငြင်းဆိုထားပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယားတို့အကြား ရိက္ခာနဲ့လက်နက်လဲမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်အသစ်တွေရရှိထားတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ခရီဘီက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ မြောက်ကိုရီးယားဟာ ကမ္ဘာပေးမှာအဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး ၁၉၉၀ ခုနှစ်နှစ်လယ်ပိုင်းကနေ နှောင်းပိုင်းထိ ဆိုးရွားတဲ့အငတ်ဘေးအပါအ၀င် ဆယ်စုနှစ်များစွာကြာ အစားအစာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ေနရပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ထိုင်းနိုင်ငံမှာ အခမဲ့ဗီဇာနဲ့ ၁၄ ရက်သာ နေခွင့်ပြုတော့မယ်

မတ် ၃၁ – ၂၀၂၃ GG(VOM) ထိုင်းနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံအပါအဝင် Visa free နဲ့ဝင်ရောက်ခွင့်ပြုထားတဲ့ နိုင်ငံအားလုံးကို အခမဲ့ဗီဇာနေထိုင်ခွင့် ၄၅ရက် ပေးထားရာကနေ မနက်ဖန် ဧပြီလ ၁ ရက်နေ့ကစပြီး ၁၄ ရက်သာခွင့်ပြုတော့မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မတ်လ၃၀ရက်နေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံကို ထိုင်းက visa free နဲ့ ၄၅ရက် နေထိုင်ခွင့်ကိုတော့ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကမှ စတင်ခွင့်ပြုခဲ့တာဖြစ်ပြီး ၆လအကြာမှာ အခုလိုပြန်လည်ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ ” ၄၅ ရက်နေလို့ မရတော့ ဗီဇာလျှောက်ရတော့မှာပေါ့။ အရင်က ၁၄ ရက်ပဲပြန်ဖြစ်သွားပြီ၊ မြန်မာနိုင်ငံနဲ့သူတို့တခြားနိုင်ငံတွေလည်းပါတယ်။ဗီဇာအခမဲ့နဲ့ ၁၄ ရက်နေခွင့်ပြုတာက တော်တော်တော့ကြာပြီ ” လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတဦးကပြောပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံမှာ ရက်ရှည်နေထိုင်လိုသူတွေအနေနဲ့ ရန်ကုန်က ထိုင်းသံရုံးမှာ…

Read More

ကျောက်ကြီးမှာ အုတ်တင်လာတဲ့ကား မိုင်းနင်းမိလို့ ၁ ယောက်သေဆုံး၊ ၄ယောက်ဒဏ်ရာရ

မတ်လ ၃၁ – ၂၀၂၃ GG (VOM) ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်မှာ ကားတစီး မိုင်းနင်းမိလို့ ၁ ယောက်သေ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ မနေ့ မတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားဟာ နတ်သံကွင်းရွာဘက်ကနေ ကျောက်ကြီးဘက်ကို မောင်းလာစဥ် ရန်မျိုးအောင်တံတားအနီးအရောက်မှာ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “ကားက အုတ်တွေတင်လာတဲ့ကားပါ။မောင်းသူက ပဲနွယ်ကုန်းကလူလို့ သိရတယ်။သေတာ ၁ ယောက်၊မိုင်းထိတာ၄ယောက်ပဲသိရတယ်။သေတာက ကားသမားလား ၊ကားပေါ်ပါသူလားတော့ မသိရသေးဘူး ၊ကားက ချင်းလုံ ဖောကားပုံပါ “လို့ ကျောက်ကြီး ဒေသခံတဦးကပြောပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးတဲ့အမျိုးသားနဲ့ မိုင်းထိမှန်ဒဏ်ရာရရှိခဲ့သူတွေကိုတော့ ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ မတ်လ၂၈ ရက် ညပိုင်းကလည်း ကျောက်ကြီးမြို့နယ်မှာ ၃၃kva လိုင်းကို စစ်ဆေးဖို့အတွက် လာရောက်တဲ့ နတ်သံကွင်းမြို့လျှပ်စစ်မှူး ဦးသက်ဆွေ…

Read More

ဗကသအဖွဲ့ဝင် အထက်တန်းကျောင်းသူ မဆုသွန်းပိုင် ပုဒ်မ ၅၀၅ ကနဲ့ ထောင် ၃ နှစ် ချခံရ

မတ် ၃၁ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊ အထက (၂) မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင်၊အထက်တန်းကျောင်းသူ မဆုသွန်းပိုင်ကို မနေ့ မတ်လ ၃၀ ရက်နေ့မှာ ထောင်၃ နှစ်အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ မဆုသွန်းပိုင်ကို နိုင်ငံတော်ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုပြီး မရမ်းကုန်းမြို့နယ်တရားရုံးက အမိန့်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” အမိန့်ချလိုက်တာပါ၊၅၀၅ ကနဲ့ပါ ။ထောင်၃နှစ်ပါ ၊လောလောဆယ် ဒီလောက်ပဲသိရသေးတယ်၊ သူက အခြေခံပညာအထက်တန်းကျောင်းသူပဲရှိပါသေးတယ်”လို့ ဗကသအဖွဲ့ဝင် တဦးကပြောပါတယ်။ မဆုသွန်းပိုင်ဟာ အသက် ၁၈ နှစ်သာရှိသေးကြောင်း၊ သူ့ကို ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အောက်တိုဘာ၂၆ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ မတ်လ ၂၂ ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို ၅၀၅(က)၊ ၅၀(ည) ပုဒ်မတွေနဲ့ ထောင်ဒဏ် တသက်တကျွန်း…

Read More

လက်ရှိကာလနဲ့ မြန်မာ့ခရီးသွားကဏ္ဍ

မတ် ၃၁ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှုတွေကြောင့် ခရီးသွားကဏ္ဍအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ မြန်မာနိုင်ငံရဲ့အခု ၂၀၂၃ ခုနှစ် ခရီးသွားရာသီဖြစ်တဲ့ ဇန်နဝါရီကနေ မတ်လကုန်အထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား အရေအတွက် သိသိသာသာလျော့နည်းလာနေတာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာတော့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် သန်းနဲ့ချီ ဝင်ရောက်နေတဲ့ ကျိုက်ထီးရိုးစေတီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ အခုနှစ်၊ ဇန်နဝါရီလကုန်အထိ ခရီးသွားရောက်မှု ၆၀,၀၀၀ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ပြည်တွင်းက နေရာအနှံအပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို အထူးသဖြင့် ထိုင်းလူမျိုးတွေ လာရောက်မှု အများဆုံးဖြစ်တဲ့ ကျိုက်ထီးရိုးနဲ့ အင်းလေးဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အလာများကြတဲ့…

Read More
VOM News

FREE
VIEW