မြောက်ကိုရီးယားရဲ့လက်နက်တွေကို ရိက္ခာနဲ့လဲလှယ်ရယူဖို့ ရုရှားကြိုးပမ်းနေ

ဝါရှင်တန်၊ မတ်-၃၁-၂၀၂၃
မျိုးဆက်(VOM)

ရုရှားဟာ သူ့ရဲ့စားနပ်ရိက္ခာတွေနဲ့ မြောက်ကိုရီးယားရဲ့လက်နက်တွေကိုလဲလှယ်ရယူဖို့ မြောက်ကိုရီးယားကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ထားကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ခရီဘီက ထုတ်ဖော်ပြောဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့အကြား ဘယ်လိုလက်နက်အပေးအယူ သဘောတူညီမှုမဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးက ပြောပါတယ်။

ယူကရိန်းရှိ ရုရှားတပ်တွေနဲ့ရုရှားကြေးစားတပ် ၀က်ဂ်နာအဖွဲ့တို့ကို မြောက်ကိုရီးယားက လက်နက်တွေထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က ယခင်ကတည်းက စွပ်စွဲထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက ငြင်းဆိုထားပါတယ်။

ရုရှားနဲ့မြောက်ကိုရီးယားတို့အကြား ရိက္ခာနဲ့လက်နက်လဲမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်အသစ်တွေရရှိထားတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ခရီဘီက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာပေးမှာအဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး ၁၉၉၀ ခုနှစ်နှစ်လယ်ပိုင်းကနေ နှောင်းပိုင်းထိ ဆိုးရွားတဲ့အငတ်ဘေးအပါအ၀င် ဆယ်စုနှစ်များစွာကြာ အစားအစာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ေနရပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW