မူဆယ် သိန်းသန်းချီ ကားကွင်းအဝင်မှာ ပစ်ခတ်မှု ဖြစ်ပြီး ပြည်သူ့စစ် ၂ ဦး သေဆုံး၊ လူ၂ ဦးထိခိုက် ဒဏ်ရာရ

မတ် ၃၁၊ ၂၀၂၃
Shy V

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့ရှိ သိန်းသန်းချီ ကားကွင်း အဝင်ဂိတ်နားမှာ ဒီနေ့ မတ်လ ၃၁ ရက် ၁၁ နာရီခွဲခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး ဂိတ်စောင့် ပြည်သူ့စစ် ၂ ဦး သေဆုံးပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပြည်သူ ၂ ယောက် ဒဏ်ရာရတယ်။ အမျိုးသား ၁ ယောက် လားရှိုး ဆေးရုံပို့ရတယ်။ လားရှိုးပို့ရတဲ့ တယောက်က လည်ပင်းထဲမှာ ကျည်ဆံရှိနေတာပေါ့။” လို့ နှလုံးလှ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ က ပြောပါတယ်။

ဒဏ်ရာရတဲ့ပြည်သူ ၂ ဦးက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ဖြစ်ပြီး အဝင်ဂိတ်နားမှာ အစောင့်တာဝန်ကျတဲ့ လုံထန် ပြည်သူ့စစ်ဝန်ထမ်း ၂ ဦးကတော့ သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဒေသခံ ၁ ဦး ကတော့ “ခုနကပဲ ဖြစ်သွားတာ။ အဲ့ဒီမှာစောင့်တဲ့ ပြည်သူ့စစ် ၂ ယောက်ကို ပစ်သတ်သွားပြီး သေနတ်လည်း မ သွားတယ်၊ လက်နက်အသေးတွေနဲ့ ပစ်ခတ်သွားတာ၊ ဘယ်သူတွေ လာပစ်သွားတယ်ဆိုတာတော့ အတိအကျ မသိရဘူး။”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ ကလည်း မူဆယ် သိန်းသန်းချီ ကားကွင်းက ကမ္ဘောဇဘဏ်ခွဲ ၃ မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ် ၂ ဦးနဲ့ ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိတာ ဖြစ်ခဲ့ဖူးပါတယ်။

Photo Crd-ဒေသခံ
#voiceofmyanmar #VOM #မူဆယ် #သိန်းသန်းချီကားကွင်းပစ်ခတ်မှု #ပြည်သူ့စစ်နှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW